ဇြန္လ (၁၇)ရက္ ေန႔ မိုးေလဝသ ဌာန၏ သတင္းထုတ္ျပန္ခ်က္

မိုးေလဝသႏွင့္ ဇလေဗဒဌာန၏ ထုတ္ျပန္ခ်က္အရ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ တို႔တြင္ တစ္ခါတစ္ရံ မိုး သက္ ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းအသင့္အတင့္မွလႈိင္းႀကီးႏိုင္ပါသည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ ေျမျပင္ေလသည္ တစ္နာရီ လွ်င္ မိုင္(၃၀)မွ (၃၅)မိုင္အထိ တိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ တို႔တြင္ (၇)ေပမွ (၁၁)ေပခန႔္ ရွိႏိုင္ပါသည္။

ဘဂၤလားပင္လယ္ေအာ္အ‌ေျခအေန။ ကပၸလီပင္လယ္ျပင္ ႏွင့္ ဘဂၤလားပင္လယ္ေအာ္ တို႔တြင္ မုတ္သုံေလ အားေကာင္းေနပါသည္ ။ယေန႔ ညေနအထိခန႔္မွန္းခ်က္။ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္း ေဒသႀကီးႏွင့္ ကယားျပည္နယ္ တို႔ တြင္ ေနရာက်ဲက်ဲႏွင့္က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ တို႔တြင္ ေနရာအႏွံ႔ အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ရခိုင္ျပည္နယ္ႏွင့္ မြန္ ျပည္နယ္တို႔ တြင္ ေဒသအလိုက္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီ တိုင္းေဒသႀကီးႏွင့္ ကရင္ျပည္နယ္တို႔တြင္ ေနရာကြက္ ၍ မိုးႀကီးႏိုင္ပါသည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ေနာက္(၂)ရက္အတြက္ခန႔္မွန္းခ်က္။ မုတ္သုံေလ ဆက္လက္ အားေကာင္းေနမည္။ေနျပည္ေတာ္ႏွင့္ အနီးတစ္ဝိုက္အတြက္ ယေန႔ညေန အထိခန႔္မွန္းခ်က္။မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္ ယေန႔ည ေနအထိ ခန႔္မွန္းခ်က္။မိုးအသင့္အတင့္ ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။ မႏၲေလးၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္အတြက္ ယေန႔ည ေနအထိခန႔္မွန္းခ်က္။ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္ ပါသည္။ ႐ြာရန္ရာႏႈန္း(၆၀) ျဖစ္ပါသည္။

Credit : မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန

UNICODE

ဇွန်လ (၁၇)ရက် နေ့ မိုးလေဝသ ဌာန၏ သတင်းထုတ်ပြန်ချက်

မိုးလေဝသနှင့် ဇလဗေဒဌာန၏ ထုတ်ပြန်ချက်အရ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုး သက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၇)ပေမှ (၁၁)ပေခန့် ရှိနိုင်ပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေ အားကောင်းနေပါသည် ။ယနေ့ ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ကယားပြည်နယ် တို့ တွင် နေရာကျဲကျဲနှင့်ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့ တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက် ၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ ဆက်လက် အားကောင်းနေမည်။နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေ အထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ည နေအထိ ခန့်မှန်းချက်။မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ည နေအထိခန့်မှန်းချက်။နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင် ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

Credit :  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Add a Comment

Your email address will not be published. Required fields are marked *