တရားေဟာဆရာေဒးဗစ္လား႐ုံးထုတ္တြင္ ၎အားဝန္းရံသူ အမ်ိဳးသမီးငယ္(၁)ဦး ဆႏၵထုတ္ေဖာ္မႈ ျဖစ္ပြား

အသက္ရႉလမ္းေၾကာင္း ဆိုင္ရာ COVID-19 ေဘးအႏၲ ရာယ္ျဖစ္သည့္ လူစုလူေဝးမ်ား ျပားေသာေနရာမ်ားတြင္ လ်င္ျမန္ စြာကူးစက္ႏိုင္ သျဖင့္ လူစုလူေဝး ႏွင့္က်င္းပေသာ အခမ္းအနား မ်ား၊ ပြဲလမ္းသဘင္မ်ား မျပဳလုပ္ ရန္ ဧၿပီ ၃၀ ရက္အထိ က်င္းပခြင့္ မျပဳဘဲ ရပ္ဆိုင္းထား ရန္ ႏိုင္ငံ ေတာ္သမၼတ႐ုံးမွ မတ္လ ၁၃ ရက္တြင္ ထုတ္ျပန္ခဲ့သည္။

ယင္းထုတ္ျပန္ခ်က္ကိုမရမ္း ကုန္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ ေရးမႉး႐ုံးက မတ္လ ၂၆ ရက္တြင္ ထပ္ဆင့္ၫႊန္ၾကား၍ အမိန႔္ထုတ္ ျပန္ခဲ့ ေသာ္လည္း ေစာေဒးဗစ္ (ခ) ေဒးဗစ္လားႏွင့္ ဦးေဝထြန္းတို႔ ႏွစ္ဦးက ဧၿပီ ၇ရက္တြင္ လူစုလူ ေဝးႏွင့္ ဝတ္ျပဳျခင္း၊ ဓမၼေတးသီ ဆို ဆု ေတာင္းျခင္းႏွင့္ DMI အ ေကာင့္ျဖင့္ လူမႈကြန္ရက္တြင္ ထုတ္လႊင့္ခဲ့သည့္ အေပၚ အမွတ္ (၇) ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးရဲဝင္းေအာင္က အမႈဖြင့္တိုင္ တန္းခဲ့ျခင္းျဖစ္ သည္။

ကပ္ေရာဂါကာလအ တြင္း လူစုလူေဝးျပဳလုပ္ေသာ ေၾကာင့္ သဘာဝေဘးအႏၲရာယ္ ဆိုင္ရာဥပေဒပုဒ္မျဖင့္ တရားစြဲဆို ခံထားရသည့္ နာမည္ေက်ာ္ တရားေဟာဆရာ ေဒးဗစ္လား၏ ယမန္ေန႔႐ုံးခ်ိန္း၌ အမ်ိဳးသမီးငယ္ တစ္ဦးက ဆိုင္းဘုတ္ကိုင္ေဆာင္ ၍ ဆႏၵထုတ္ေဖာ္ခဲ့ သည္။သူတို႔သည္ ေကာလာဟလ ၏ သားေကာင္မ်ားျဖစ္သည္’ဟု ေရးသားထားေသာ ကတ္ထူျပား ဆိုင္းဘုတ္ကို ကိုင္ေဆာင္၍ ဆႏၵ ထုတ္ေဖာ္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ အမ်ိဳးသမီးသည္ လႈိင္ၿမိဳ႕နယ္၌ ေနထိုင္သူျဖစ္ၿပီး ေဒးဗစ္လားဘက္မွ ဝန္းရံျဖစ္ သည့္အေၾကာင္းကို မီဒီယာမ်ား အား ေအာက္ပါ အတိုင္းေျဖၾကား သည္။ေကာလာဟလကို မယုံၾက ဖို႔ အမ်ားကိုသိေစခ်င္တယ္။ အင္းစိန္က လူ ၁၀၀ေက်ာ္ကူးစက္ မႈေတြနဲ႔ဆရာေဒးဗစ္ လားနဲ႔ မ သက္ဆိုင္ဘူး ဆိုတာေျပာခ်င္ပါ တယ္။ အကယ္၍သာ အင္းစိန္မွာ ပြဲလုပ္လို႔ သူ႔ေၾကာင့္လူ ၁၀၀ ေက်ာ္ကူးစက္ခဲ့တယ္ဆိုရင္ အင္း စိန္ၿမိဳ႕နယ္မွာပဲ အမႈဖြင့္ခံရမွာ။

ဒါက မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံး၊ အမႈဖြင့္တယ္ဆိုတာက အမႈျဖစ္ တဲ့ေနရာမွာပဲဖြင့္ရတာ’’ဟု ဆႏၵ ထုတ္ေဖာ္သည့္ မစီစီကေျပာ သည္။ ယင္းအမႈကို မရမ္းကုန္းၿမိဳ႕ နယ္တရား႐ုံး၌ စစ္ေဆးေနျခင္း ျဖစ္ၿပီး ဇြန္လ၁၆ ရက္႐ုံးခ်ိန္းတြင္ ဆရာဝန္ႏွစ္ဦးအပါအဝင္ လိုျပ သက္ေသ သုံးဦး စစ္ေဆးခဲ့ ေၾကာင္း မရမ္းကုန္းၿမိဳ႕နယ္တရား ႐ုံး သတင္းႏွင့္ျပန္ၾကားေရးအရာရွိ ၿမိဳ႕နယ္တရားသူႀကီး ဦးမိုးေဆြက ေျပာသည္။

ယင္းအမႈကို ဇြန္လ၁၈ ရက္ တြင္ ဆက္လက္စစ္ေဆးမည္ျဖစ္ ၿပီး ယင္း႐ုံးခ်ိန္းတြင္ လိုျပသက္ ေသေလးဦးကို စစ္ေဆးမည္ျဖစ္ သည္။ယင္းအမႈအတြက္ တရားလိုျပသက္ေသ ၁၄ ဦးတင္ျပထားၿပီး မႈခင္းစီမံခန႔္ခြဲမႈအစီအစဥ္ အၿပီး သတ္ညႇိႏႈိင္းအစည္းအေဝးဆုံး ျဖတ္ခ်က္အရ တရားလိုျပသက္ ေသမ်ားကို ဇြန္လအတြင္းအၿပီး သတ္စစ္ေဆးရန္ လ်ာထားသည္။

REF: 7DAY DAILY

UNICODE

တရားဟောဆရာဒေးဗစ်လားရုံးထုတ်တွင် ၎င်းအားဝန်းရံသူ အမျိုးသမီးငယ်(၁)ဦး ဆန္ဒထုတ်ဖော်မှု ဖြစ်ပွား

အသက်ရှူလမ်းကြောင်း ဆိုင်ရာ COVID-19 ဘေးအန္တ ရာယ်ဖြစ်သည့် လူစုလူဝေးများ ပြားသောနေရာများတွင် လျင်မြန် စွာကူးစက်နိုင် သဖြင့် လူစုလူဝေး နှင့်ကျင်းပသော အခမ်းအနား များ၊ ပွဲလမ်းသဘင်များ မပြုလုပ် ရန် ဧပြီ ၃၀ ရက်အထိ ကျင်းပခွင့် မပြုဘဲ ရပ်ဆိုင်းထား ရန် နိုင်ငံ တော်သမ္မတရုံးမှ မတ်လ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်ကိုမရမ်း ကုန်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးက မတ်လ ၂၆ ရက်တွင် ထပ်ဆင့်ညွှန်ကြား၍ အမိန့်ထုတ် ပြန်ခဲ့ သော်လည်း စောဒေးဗစ် (ခ) ဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ နှစ်ဦးက ဧပြီ ၇ရက်တွင် လူစုလူ ဝေးနှင့် ဝတ်ပြုခြင်း၊ ဓမ္မတေးသီ ဆို ဆု တောင်းခြင်းနှင့် DMI အ ကောင့်ဖြင့် လူမှုကွန်ရက်တွင် ထုတ်လွှင့်ခဲ့သည့် အပေါ် အမှတ် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင်က အမှုဖွင့်တိုင် တန်းခဲ့ခြင်းဖြစ် သည်။

ကပ်ရောဂါကာလအ တွင်း လူစုလူဝေးပြုလုပ်သော ကြောင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာဥပဒေပုဒ်မဖြင့် တရားစွဲဆို ခံထားရသည့် နာမည်ကျော် တရားဟောဆရာ ဒေးဗစ်လား၏ ယမန်နေ့ရုံးချိန်း၌ အမျိုးသမီးငယ် တစ်ဦးက ဆိုင်းဘုတ်ကိုင်ဆောင် ၍ ဆန္ဒထုတ်ဖော်ခဲ့ သည်။သူတို့သည် ကောလာဟလ ၏ သားကောင်များဖြစ်သည်’ဟု ရေးသားထားသော ကတ်ထူပြား ဆိုင်းဘုတ်ကို ကိုင်ဆောင်၍ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီးသည် လှိုင်မြို့နယ်၌ နေထိုင်သူဖြစ်ပြီး ဒေးဗစ်လားဘက်မှ ဝန်းရံဖြစ် သည့်အကြောင်းကို မီဒီယာများ အား အောက်ပါ အတိုင်းဖြေကြား သည်။ကောလာဟလကို မယုံကြ ဖို့ အများကိုသိစေချင်တယ်။ အင်းစိန်က လူ ၁၀၀ကျော်ကူးစက် မှုတွေနဲ့ဆရာဒေးဗစ် လားနဲ့ မ သက်ဆိုင်ဘူး ဆိုတာပြောချင်ပါ တယ်။ အကယ်၍သာ အင်းစိန်မှာ ပွဲလုပ်လို့ သူ့ကြောင့်လူ ၁၀၀ ကျော်ကူးစက်ခဲ့တယ်ဆိုရင် အင်း စိန်မြို့နယ်မှာပဲ အမှုဖွင့်ခံရမှာ။

ဒါက မရမ်းကုန်းမြို့နယ်တရားရုံး၊ အမှုဖွင့်တယ်ဆိုတာက အမှုဖြစ် တဲ့နေရာမှာပဲဖွင့်ရတာ’’ဟု ဆန္ဒ ထုတ်ဖော်သည့် မစီစီကပြော သည်။ ယင်းအမှုကို မရမ်းကုန်းမြို့ နယ်တရားရုံး၌ စစ်ဆေးနေခြင်း ဖြစ်ပြီး ဇွန်လ၁၆ ရက်ရုံးချိန်းတွင် ဆရာဝန်နှစ်ဦးအပါအဝင် လိုပြ သက်သေ သုံးဦး စစ်ဆေးခဲ့ ကြောင်း မရမ်းကုန်းမြို့နယ်တရား ရုံး သတင်းနှင့်ပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးမိုးဆွေက ပြောသည်။

ယင်းအမှုကို ဇွန်လ၁၈ ရက် တွင် ဆက်လက်စစ်ဆေးမည်ဖြစ် ပြီး ယင်းရုံးချိန်းတွင် လိုပြသက် သေလေးဦးကို စစ်ဆေးမည်ဖြစ် သည်။ယင်းအမှုအတွက် တရားလိုပြသက်သေ ၁၄ ဦးတင်ပြထားပြီး မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အပြီး သတ်ညှိနှိုင်းအစည်းအဝေးဆုံး ဖြတ်ချက်အရ တရားလိုပြသက် သေများကို ဇွန်လအတွင်းအပြီး သတ်စစ်ဆေးရန် လျာထားသည်။

REF:    7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *