တေကာင္းေတာင္စီမံကိန္းအနီး ေက်ာက္ရွာေဖြေနသူ(၂)ဦးႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား စကားမ်ားရာမွ ေသနတ္ျဖင့္(၁)ဦး ပစ္သတ္ခံရ

ေသနတ္ျဖင့္ပစ္သတ္ခဲ့သည့္ ရဲတပ္သား မင္းသန႔္ကိုကိုအား အေရးယူမႈတစ္စုံတစ္ရာ မျပဳလုပ္ရေသးေၾကာင္းႏွင့္ အမႈျဖစ္စဥ္ အေသးစိတ္ ကို စစ္ေဆးေနဆဲျဖစ္သည္ဟု တေကာင္းၿမိဳ႕နယ္ရဲစခန္းရွိ တာဝန္က် ဒုတပ္ၾကပ္ သိန္းသန္းေဇာ္က ေျပာသည္။ အဆိုပါ ျဖစ္စဥ္ျဖစ္ပြား သည့္ တေကာင္းနီကယ္ေတာင္သည္ ေက်ာက္ဝါဟုေခၚဆိုသည့္ ေက်ာက္တစ္မ်ိဳးထြက္ရွိၿပီး ေဒသခံမ်ားမွ တူးေဖာ္ေရာင္းခ်ရာ တ႐ုတ္မ်ား က ဝယ္ယူၿပီး ေစ်းကြက္တစ္ခုရွိေၾကာင္း၊ ႏြမ္းပါးသည့္ေဒသခံတို႔မွ ယင္းလုပ္ငန္းျဖင့္ အသက္ေမြးရေၾကာင္း ေဒသခံတို႔ကဆိုသည္။

တေကာင္းေတာင္နီကယ္စီမံကိန္းသည္ ျမန္မာႏိုင္ငံတြင္ အႀကီးမားဆုံးနီကယ္ထုတ္လုပ္ေရးစက္႐ုံတစ္ခုျဖစ္ၿပီး ၂၀၀၈ ခုႏွစ္မွစကာ ႏွစ္ ၂၀ စာခ်ဳပ္ျဖင့္ တ႐ုတ္ႏိုင္ငံသားပိုင္ သတၳဳတူးေဖာ္ေရးကုမၸဏီ Myanmar CNMC Nikel ႏွင့္ အစိုးရ၏ အမွတ္ ၁ သတၳဳတြင္းလုပ္ငန္းတို႔ ပူးေပါင္းလုပ္ကိုင္ေနသည့္ စီမံကိန္းျဖစ္သည္။မႏၲေလးတိုင္းေဒသႀကီး သပိတ္က်င္းၿမိဳ႕နယ္ တေကာင္းၿမိဳ႕အတြင္း ေက်ာက္မ်က္ရွာေဖြေန သည့္ ေဒသခံႏွစ္ဦးႏွင့္ လုံၿခဳံေရးရဲတပ္ဖြဲ႕ဝင္မ်ား ယေန႔မနက္က အခ်င္းမ်ားရာမွ တစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရေၾကာင္း သိရွိရသည္။

တေကာင္းေတာင္နီကယ္စီမံကိန္း ဧရိယာအတြင္း အလွေက်ာက္ ဝင္ေရာက္ရွာေဖြသူႏွစ္ဦးကို လုံၿခဳံေရး ရဲတပ္သားမ်ားက သတိေပးတား ျမစ္ရာ ၎တို႔အထဲမွ တစ္ဦးျဖစ္သူက တူျဖင့္ ျပန္လည္ရန္ျပဳသျဖင့္ သတိေပးပစ္ခတ္ရာမွ တစ္ဦးရင္ဘတ္တြင္ ေသနတ္ထိမွန္ေသဆုံးခဲ့ ေၾကာင္း ရဲတပ္ဖြဲ႕မွတ္တမ္းတစ္ခုအရ သိရွိရသည္။ေသဆုံးသူမွာ အသက္ ၃၈ႏွစ္အ႐ြယ္ တေကာင္းၿမိဳ႕နယ္ ေညာင္သာယာေက်း႐ြာ သား ဦးေသာင္းထြန္းျဖစ္ၿပီး ၄င္း၏ေယာက္ဖျဖစ္သူႏွင့္အတူ ေက်ာက္တူးေဖာ္ေနရာမွ ပစ္သတ္ခံရျခင္း ျဖစ္သည္။

ျဖစ္စဥ္ကို ေညာင္ပင္သာေက်း႐ြာ ရာအိမ္မႉး ဦးေမာင္သန္းကေျပာသည္။ဦးေသာင္းထြန္းႏွင့္ ေက်ာက္တူးေနသူ ၎၏ ေယာက္ဖျဖစ္သူ အသက္၂၅ႏွစ္အ႐ြယ္ ကိုမင္းသူက လက္ထိပ္ျဖင့္ ထြက္ေျပးသြားၿပီးေနာက္ ျပန္လည္ဖမ္းဆီးခံရကာ ယခု ၄င္းကို တေကာင္းၿမိဳ႕နယ္ ရဲ စခန္းတြင္စစ္ေဆးေနေၾကာင္း ေက်း႐ြာတာဝန္ခံလည္းျဖစ္သူ ဦးေမာင္သန္းက ဆက္ေျပာသည္။စားစရာေသာက္စရာမရွိလို႔ ေက်ာက္သြား တူးပါတယ္၊ တူးေတာင္မတူးရေသးဘူး ရဲႏွစ္ေယာက္နဲ႔ေတြ႕တယ္၊ ေတာင္းပန္တာမရဘဲ ေသနတ္နဲ႔႐ိုက္တယ္ႏွက္တယ္၊

ဒါနဲ႔ ႏွိပ္စက္တာမခံႏိုင္လို႔ သတ္လိုက္ပါေျပာေတာ့ ေသနတ္နဲ႔ပစ္လိုက္တယ္”ဟု သားျဖစ္သူ ကိုမင္းသူက ျပန္ေျပာေၾကာင္း ၄င္းကေျပာ သည္။ အခု သမက္အေလာင္းကေဆး႐ုံမွာ၊သားေလးကို ရဲစခန္းေခၚၿပီးစစ္ေဆးေနတယ္”ဟု ေျပာဆိုသည္။

REF: KUMUDRA

UNICODE

တကောင်းတောင်စီမံကိန်းအနီး ကျောက်ရှာဖွေနေသူ(၂)ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ စကားများရာမှ သေနတ်ဖြင့်(၁)ဦး ပစ်သတ်ခံရ

သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ရဲတပ်သား မင်းသန့်ကိုကိုအား အရေးယူမှုတစ်စုံတစ်ရာ မပြုလုပ်ရသေးကြောင်းနှင့် အမှုဖြစ်စဉ် အသေးစိတ် ကို စစ်ဆေးနေဆဲဖြစ်သည်ဟု တကောင်းမြို့နယ်ရဲစခန်းရှိ တာဝန်ကျ ဒုတပ်ကြပ် သိန်းသန်းဇော်က ပြောသည်။ အဆိုပါ ဖြစ်စဉ်ဖြစ်ပွား သည့် တကောင်းနီကယ်တောင်သည် ကျောက်ဝါဟုခေါ်ဆိုသည့် ကျောက်တစ်မျိုးထွက်ရှိပြီး ဒေသခံများမှ တူးဖော်ရောင်းချရာ တရုတ်များ က ဝယ်ယူပြီး စျေးကွက်တစ်ခုရှိကြောင်း၊ နွမ်းပါးသည့်ဒေသခံတို့မှ ယင်းလုပ်ငန်းဖြင့် အသက်မွေးရကြောင်း ဒေသခံတို့ကဆိုသည်။

တကောင်းတောင်နီကယ်စီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးနီကယ်ထုတ်လုပ်ရေးစက်ရုံတစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ်မှစကာ နှစ် ၂၀ စာချုပ်ဖြင့် တရုတ်နိုင်ငံသားပိုင် သတ္ထုတူးဖော်ရေးကုမ္ပဏီ Myanmar CNMC Nikel နှင့် အစိုးရ၏ အမှတ် ၁ သတ္ထုတွင်းလုပ်ငန်းတို့ ပူးပေါင်းလုပ်ကိုင်နေသည့် စီမံကိန်းဖြစ်သည်။မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တကောင်းမြို့အတွင်း ကျောက်မျက်ရှာဖွေနေ သည့် ဒေသခံနှစ်ဦးနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ယနေ့မနက်က အချင်းများရာမှ တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရှိရသည်။

တကောင်းတောင်နီကယ်စီမံကိန်း ဧရိယာအတွင်း အလှကျောက် ဝင်ရောက်ရှာဖွေသူနှစ်ဦးကို လုံခြုံရေး ရဲတပ်သားများက သတိပေးတား မြစ်ရာ ၎င်းတို့အထဲမှ တစ်ဦးဖြစ်သူက တူဖြင့် ပြန်လည်ရန်ပြုသဖြင့် သတိပေးပစ်ခတ်ရာမှ တစ်ဦးရင်ဘတ်တွင် သေနတ်ထိမှန်သေဆုံးခဲ့ ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းတစ်ခုအရ သိရှိရသည်။သေဆုံးသူမှာ အသက် ၃၈နှစ်အရွယ် တကောင်းမြို့နယ် ညောင်သာယာကျေးရွာ သား ဦးသောင်းထွန်းဖြစ်ပြီး ၄င်း၏ယောက်ဖဖြစ်သူနှင့်အတူ ကျောက်တူးဖော်နေရာမှ ပစ်သတ်ခံရခြင်း ဖြစ်သည်။

ဖြစ်စဉ်ကို ညောင်ပင်သာကျေးရွာ ရာအိမ်မှူး ဦးမောင်သန်းကပြောသည်။ဦးသောင်းထွန်းနှင့် ကျောက်တူးနေသူ ၎င်း၏ ယောက်ဖဖြစ်သူ အသက်၂၅နှစ်အရွယ် ကိုမင်းသူက လက်ထိပ်ဖြင့် ထွက်ပြေးသွားပြီးနောက် ပြန်လည်ဖမ်းဆီးခံရကာ ယခု ၄င်းကို တကောင်းမြို့နယ် ရဲ စခန်းတွင်စစ်ဆေးနေကြောင်း ကျေးရွာတာဝန်ခံလည်းဖြစ်သူ ဦးမောင်သန်းက ဆက်ပြောသည်။စားစရာသောက်စရာမရှိလို့ ကျောက်သွား တူးပါတယ်၊ တူးတောင်မတူးရသေးဘူး ရဲနှစ်ယောက်နဲ့တွေ့တယ်၊ တောင်းပန်တာမရဘဲ သေနတ်နဲ့ရိုက်တယ်နှက်တယ်၊

ဒါနဲ့ နှိပ်စက်တာမခံနိုင်လို့ သတ်လိုက်ပါပြောတော့ သေနတ်နဲ့ပစ်လိုက်တယ်”ဟု သားဖြစ်သူ ကိုမင်းသူက ပြန်ပြောကြောင်း ၄င်းကပြော သည်။ အခု သမက်အလောင်းကဆေးရုံမှာ၊သားလေးကို ရဲစခန်းခေါ်ပြီးစစ်ဆေးနေတယ်”ဟု ပြောဆိုသည်။

REF:   KUMUDRA

Add a Comment

Your email address will not be published. Required fields are marked *