ပုဂံဘုရားမ်ား အေဖာက္ခံရမႈႏွင့္ ပတ္သက္၍ တရားခံဖမ္းမိေရး (CID) က စစ္ေဆးေနၿပီဟု ေညာင္ဦးခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးေျပာ

ျမန္မာႏိုင္ငံတစ္ဝန္း COVID-19ျဖစ္ပြားေန၍ တားျမစ္ခ်က္မ်ားထုတ္ျပန္ထားျခင္း ေၾကာင့္ ျပည္တြင္းျပည္ပခရီးသြားမ်ားမရွိခ်ိန္တြင္ ပုဂံ ေရွးေဟာင္းယဥ္ေက်း မႈနယ္ေျမအတြင္းရွိ ေရွးေဟာင္းပစၥည္းမ်ား ခိုးယူဖ်က္ဆီးျခင္းမခံရေစရန္ ေမလခန္႔မွစတင္၍ ဌာနဆိုင္ရာမ်ား၊ အ ရပ္ဖက္အဖြဲ႕အစည္းမ်ား၊ ဘုရားလုံၿခဳံေရးေန႔စားဝန္ထမ္းမ်ား၊ ပုဂံဧည့္လမ္းၫြန္အသင္းတို႔ပူးေပါင္းကာ ကင္းလွည့္ခဲ့ရာမွ ဘုရားဌာပနာ မ်ား အေဖာက္ခံရသည္ ကို ေတြ႕ရွိခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသာျပတိုက္ဦးစီးဌာနထုတ္ျပန္ခ်က္မ်ားအရ ပုဂံေဒသတြင္ အေဖာက္ခံရသည္ဟု ယူဆရေသာ ဘုရား ၃၃ ဆူ စစ္ေဆးေတြ႕ရွိခဲ့သည့္အနက္ ဘုရား ၁၂ ဆူမွာ အမွန္တကယ္ ဌာပနာေဖာက္ခံရျခင္းျဖစ္ၿပီး က်န္ ၂၁ ဆူမွာ မူလကတည္းက ဌာပနာ ထည့္သြင္းခဲ့ျခင္း မရွိေၾကာင္း သိရသည္။ဌာပနာအေဖာက္ခံရသည့္ျဖစ္စဥ္မ်ားႏွင့္ ေလာကထိပ္ပန္ဘုရား ယင္းလိပ္တံခါး မီးရႈိ႕ခံခဲ့ရ သည္ ျဖစ္စဥ္မ်ားကို မႈခင္းရဲတပ္ဖြဲ႕ CID က စုံစမ္းစစ္ေဆးေနေၾကာင္း ေညာင္ဦးခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေက်ာ္အုန္းက ေျပာၾကားသည္။

ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမအတြင္းရွိ ဘုရား ၁၂ ဆူ ၿပီးခဲ့သည့္ရက္ပိုင္းက ဌာပနာမ်ား ေဖာက္ထြင္းခံခဲ့ရၿပီး နံရံေဆးေရးပန္ခ်ီမ်ား ရွိရာ ေလာကထိပ္ပန္ဘုရား ယင္းလိပ္တံခါးမီးရႈိ႕ခံရသည့္ျဖစ္စဥ္မ်ားမွ က်ဴးလြန္သူမ်ားကို အျမန္ဆုံးေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရးအတြက္ CID က လာေရာက္စုံစမ္းစစ္ေဆးေနျခင္းျဖစ္ေၾကာင္း ၎က ေျပာဆိုသည္။ တရာခံဖမ္းဆီးရမိေရးအတြက္ နယ္ေျမခံရဲတပ္ဖြဲ႕နဲ႔ ေနျပည္ ေတာ္ CID က ရဲမႉးႀကီးေတြကိုယ္တိုင္ စစ္ေဆးတာေတြလုပ္ေနတယ္”ဟု ၎က ရွင္းျပသည္။

လက္ရွိတြင္ ေရွးေဟာင္းနယ္ေျမလုံၿခဳံေရးအတြက္ နယ္ေျမခံတပ္ရင္း ခမရ ၄၁၅ မွ တပ္ခြဲတစ္ခြဲသည္ ခ႐ိုင္ရဲတပ္ဖြဲ႕ဝင္မ်ားသည္ အဖြဲ႕ေလး ဖြဲ႕ခြဲကာ ေန႔၊ ည လုံၿခဳံေရးတိုးျမႇင့္ထားၿပီး ေဂါပကရွိေသာဘုရား ၁၉ ဆူမွ ေဂါပကအဖြဲ႕မ်ားႏွင့္ လုံၿခဳံေရးဝန္ထမ္းမ်ားကိုလည္း မူလတာဝန္ မ်ားအျပင္ ဘုရားပရဝုဏ္၏ ကိုက္ ၁၀ဝ၀ ပတ္လည္အတြင္းရွိ ေရွးေဟာင္းဘုရားမ်ားကိုလည္း လုံၿခဳံေရးတာဝန္ပူးတြဲယူရန္ အုပ္ခ်ဳပ္ေရး အဖြဲ႕က ၫႊန္ၾကားထားေၾကာင္း သိရသည္။

REF: THE VOICE

UNICODE

ပုဂံဘုရားများ အဖောက်ခံရမှုနှင့် ပတ်သက်၍ တရားခံဖမ်းမိရေး (CID) က စစ်ဆေးနေပြီဟု ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးပြော

မြန်မာနိုင်ငံတစ်ဝန်း COVID-19ဖြစ်ပွားနေ၍ တားမြစ်ချက်များထုတ်ပြန်ထားခြင်း ကြောင့် ပြည်တွင်းပြည်ပခရီးသွားများမရှိချိန်တွင် ပုဂံ ရှေးဟောင်းယဉ်ကျေး မှုနယ်မြေအတွင်းရှိ ရှေးဟောင်းပစ္စည်းများ ခိုးယူဖျက်ဆီးခြင်းမခံရစေရန် မေလခန့်မှစတင်၍ ဌာနဆိုင်ရာများ၊ အ ရပ်ဖက်အဖွဲ့အစည်းများ၊ ဘုရားလုံခြုံရေးနေ့စားဝန်ထမ်းများ၊ ပုဂံဧည့်လမ်းညွန်အသင်းတို့ပူးပေါင်းကာ ကင်းလှည့်ခဲ့ရာမှ ဘုရားဌာပနာ များ အဖောက်ခံရသည် ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသာပြတိုက်ဦးစီးဌာနထုတ်ပြန်ချက်များအရ ပုဂံဒေသတွင် အဖောက်ခံရသည်ဟု ယူဆရသော ဘုရား ၃၃ ဆူ စစ်ဆေးတွေ့ရှိခဲ့သည့်အနက် ဘုရား ၁၂ ဆူမှာ အမှန်တကယ် ဌာပနာဖောက်ခံရခြင်းဖြစ်ပြီး ကျန် ၂၁ ဆူမှာ မူလကတည်းက ဌာပနာ ထည့်သွင်းခဲ့ခြင်း မရှိကြောင်း သိရသည်။ဌာပနာအဖောက်ခံရသည့်ဖြစ်စဉ်များနှင့် လောကထိပ်ပန်ဘုရား ယင်းလိပ်တံခါး မီးရှို့ခံခဲ့ရ သည် ဖြစ်စဉ်များကို မှုခင်းရဲတပ်ဖွဲ့ CID က စုံစမ်းစစ်ဆေးနေကြောင်း ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောကြားသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရား ၁၂ ဆူ ပြီးခဲ့သည့်ရက်ပိုင်းက ဌာပနာများ ဖောက်ထွင်းခံခဲ့ရပြီး နံရံဆေးရေးပန်ချီများ ရှိရာ လောကထိပ်ပန်ဘုရား ယင်းလိပ်တံခါးမီးရှို့ခံရသည့်ဖြစ်စဉ်များမှ ကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် CID က လာရောက်စုံစမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ တရာခံဖမ်းဆီးရမိရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့နဲ့ နေပြည် တော် CID က ရဲမှူးကြီးတွေကိုယ်တိုင် စစ်ဆေးတာတွေလုပ်နေတယ်”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ရှေးဟောင်းနယ်မြေလုံခြုံရေးအတွက် နယ်မြေခံတပ်ရင်း ခမရ ၄၁၅ မှ တပ်ခွဲတစ်ခွဲသည် ခရိုင်ရဲတပ်ဖွဲ့ဝင်များသည် အဖွဲ့လေး ဖွဲ့ခွဲကာ နေ့၊ ည လုံခြုံရေးတိုးမြှင့်ထားပြီး ဂေါပကရှိသောဘုရား ၁၉ ဆူမှ ဂေါပကအဖွဲ့များနှင့် လုံခြုံရေးဝန်ထမ်းများကိုလည်း မူလတာဝန် များအပြင် ဘုရားပရဝုဏ်၏ ကိုက် ၁၀ဝ၀ ပတ်လည်အတွင်းရှိ ရှေးဟောင်းဘုရားများကိုလည်း လုံခြုံရေးတာဝန်ပူးတွဲယူရန် အုပ်ချုပ်ရေး အဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။

REF:    THE  VOICE

Add a Comment

Your email address will not be published. Required fields are marked *