မိသားစုနာမည္ထုတ္ေျပာလို႔ ရာထူးတိုးရပ္ဆိုင္းတာဟာ တာဝန္ယူမႈ၊တာဝန္ခံမႈဆိုတာလားလို႔ ဗစ္တိုးရီးယား၏ဖခင္ေျပာဆို

ဗစ္တိုးရီးယားအမႈက တႏွစ္ေက်ာ္သြားၿပီျဖစ္လို႔ အမႈကာလ တႏွစ္အတြင္းသာ တိုင္တန္းႏိုင္တဲ့ တရားမအမႈနဲ႔ ကေလးရဲ႕ လူမႈေရး ဆိုင္ရာ နစ္နာမႈေတြကို တရားစြဲဆိုဖို႔ အခြင့္အေရးဆုံးရႈံးခဲ့ေပမယ့္ ရာဇဝတ္ေၾကာင္းအရေတာ့ တရားခံ မေတြ႕မခ်င္း ဆက္လုပ္သြားမယ္လို႔ အမႈကူ ညီေပးသူ သကၠမိုးညိဳ (ခ) ေဒါက္တာ ဝင္းကိုကိုသိန္းက ဆိုပါတယ္။သမီးငယ္ရဲ႕ အမႈအေပၚ ရဲတပ္ဖြဲ႕ရဲ႕ စုံးစမ္းစစ္ေဆးမႈ၊ အစိုးရရဲ႕ တာဝန္ ယူမႈ၊ သက္ဆိုင္ရာေက်ာင္းရဲ႕ ျငင္းဆိုမႈ ေတြနဲ႔ ပတ္သက္ၿပီး စိတ္ဓာတ္ အႀကိမ္ႀကိမ္က်ခဲ့ရေပမယ့္ မိဘေတြကေတာ့ တရားခံ မေပၚေသး သေ႐ြ႕ အမႈမွန္ေပၚေပါက္ဖို႔ မရရတဲ့ နည္းလမ္းကေန ႀကိဳးပမ္းေနမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဘာဆက္လုပ္မယ္ဆိုတာ တိုင္ပင္ေနတယ္။ ေလာေလာဆယ္ ကိုဗစ္လည္း ျဖစ္ေနေတာ့ ကူညီေပး မယ့္သူေတြနဲ႔ မေတြ႕ ရ ေသးဘူး။ ဖုန္းနဲ႔ ပဲ တိုင္ပင္ျဖစ္ေသးတယ္ေပါ့။ တိတိက်က် ေျပာလို႔ မရေသးဘူး” လို႔ ဖခင္ ျဖစ္ သူက ဆိုပါတယ္။သမီးငယ္ ဗစ္တိုးရီးယား အမႈအတြက္ တ ရားဥပေဒလမ္းေၾကာင္းအရ အစြမ္းကုန္ ႀကိဳးစားခဲ့ၿပီး ျဖစ္သလို တရားမွ်တ မႈ ေဖာ္ေဆာင္ေပးဖို႔ သမၼတကို လည္း စာေပးပို႔ အကူအညီ ေတာင္းခံခဲ့ၿပီး ျဖစ္လို႔ အစိုးရကို ထပ္ေတာင္းဆိုဖို႔အတြက္ ေတာ့ လမ္းဆုံးသြားၿပီလို႔ ကာယကံရွင္ မိသားစုက ေျပာပါတယ္။ သမၼတေျပာတဲ့ စကားကို ဘယ္ေလာက္ အေလးအနက္ထားၿပီး ဘယ္လို အေကာင္အထည္ေဖာ္မလဲဆိုတာ ေစာင့္ ၾကည့္႐ုံပဲ ရွိေတာ့မွာေလ။

ႏိုင္ငံမွာလည္း ဒီထက္ႀကီးတဲ့ေနရာ မရွိေတာ့ဘူးေလ” လို႔ ဖခင္ျဖစ္သူက ဆိုပါတယ္။ က်ေနာ္တို႔ တမိသားစုလုံး နာမည္ကို ထုတ္ေျပာလိုက္ တဲ့ အရာရွိႀကီးေတြကို ေပးလိုက္တဲ့အျပစ္က ရာထူး တိုးျမႇင့္တာ ရပ္ဆိုင္းတဲ့ ျပစ္ဒဏ္တဲ့လား။ တာဝန္ယူမႈ၊ တာဝန္ခံမႈဆိုတာ ဒါလားလို႔ ေမးလိုက္ခ်င္တယ္” လို႔ ခံျပင္း စြာ ေျပာလိုက္သူက ဗစ္တိုးရီးယားရဲ႕ ဖခင္ပဲ ျဖစ္ပါတယ္။ဗစ္တိုးရီးယား မိသားစုနာမည္ေတြ ထုတ္ေဖာ္ခဲ့တဲ့ အဆင့္ျမင့္ ရဲအရာရွိႀကီး ၃ ဦးကို ရာထူးတိုး ဆိုင္းငံ့တဲ့ ျပစ္ဒဏ္ ေပးထားတယ္လို႔ ၿပီးခဲ့တဲ့ ေမလ ၃၀ ရက္ သမၼတအိမ္ေတာ္ သတင္းစာ ရွင္းလင္းပြဲမွာ ဦးေဇာ္ေဌးရဲ႕ ေျဖၾကားခ်က္အေပၚ အခုလို တုံ႔ျပန္ေျပာဆိုလိုက္တာပါ။

ဒါဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလမွာ ဗစ္တိုးရီးယားအမႈ တရားမွ်တေရးအတြက္ ေစာင့္ၾကည့္ေနတယ္လို႔ သမၼတ အိမ္ေတာ္ ရွင္းလင္းပြဲမွာ ေျပာ ၾကားအၿပီး အမႈနဲ႔ပတ္သက္လို႔ အေရးယူေဆာင္႐ြက္မႈကို သမၼတ႐ုံးကေန ပထမဆုံး ၾကားခဲ့ရတာ ျဖစ္ပါတယ္။အျပစ္ေပးခံရတဲ့ ရဲအရာရွိ ၃ ဦးဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလအတြင္းက ျပဳလုပ္တဲ့ အမႈနဲ႔ပတ္သက္တဲ့ ရဲတပ္ဖြဲ႕ သတင္းစာရွင္းလင္းပြဲမွာ ဗစ္တိုးရီးယားနဲ႔ မိဘ ေတြရဲ႕ အ မည္ေတြကို ထုတ္ေဖာ္ ေျပာဆိုခဲ့တဲ့အျပင္ ရဲဇာနည္ လူမႈကြန္ရက္မွာလည္း ကိုယ္ေရးအခ်က္အ လက္ေတြကို ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

ဒီလို ကာယကံရွင္မိသားစုအေပၚ ႀကီးမားတဲ့ လူမႈေရးဆိုင္ရာ ဆုံးရႈံးနစ္နာမႈကို က်ဴးလြန္ခဲ့မႈအတြက္ ေပးလိုက္တဲ့ အ ျပစ္ဒဏ္ဟာ သက္ ညႇာလြန္းတယ္ဆိုၿပီး ကာယကံရွင္မိသားစု အပါအဝင္ အမႈကိုေစာင့္ၾကည့္ေနသူေတြအၾကား အစိုးရ ရဲ႕ တုံ႔ျပန္မႈအေပၚ စိတ္ပ်က္ခဲ့ၾကရ ပါတယ္။တာဝန္ယူမႈ တာဝန္ခံမႈက ဒီလို ျဖစ္ေၾကးဆိုရင္ ေနာက္ထပ္ ဗစ္တိုးရီးယားေတြ အမ်ားႀကီး ထပ္ေပၚဦးမယ္။ ဒီလို တာ ဝန္ေပါ့ ေလ်ာ့တဲ့သူေတြ ရွိေနဦးမယ္။ တရားဥပေဒ စိုးမိုးေရးကလည္း ရယ္ခ်င္စရာႀကီး ျဖစ္ေနမွာေပါ့” လို႔ ဗစ္တိုးရီး ယားရဲ႕ ဖခင္က ဆိုပါတယ္။

အခုလို လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ခံရတဲ့ ျဖစ္စဥ္မ်ိဳးေတြမွာ ကေလးငယ္ေတြရဲ႕ နာမည္ေတြကို မီဒီယာကေန တဆင့္ ထုတ္ေဖာ္ေျပာ မယ္ဆိုရင္ ကေလးသူငယ္ အခြင့္အေရးဆိုင္ရာ ဥပေဒနဲ႔ပဲ အေရးယူသင့္တယ္လို႔ ျပည္သူ႔ လႊတ္ေတာ္ က်န္းမာေရးနဲ႔ အားကစားဖြံ႕ၿဖိဳး တိုးတက္ေရး ေကာ္မတီအဖြဲ႕ဝင္ ေဒါက္တာ ခင္စိုးစိုးၾကည္က ေျပာပါတယ္။က်မတို႔ႏိုင္ငံရဲ႕ တရားစီရင္ေရးမ႑ိဳင္အေနနဲ႔ဆိုရင္ အခု မ်က္ ျမင္ပါဘဲ။ ဘာမွ တိတိက်က် ျပတ္ျပတ္သားသား ဆုံး ျဖတ္ေပးလို႔မရတဲ့ ဟာမ်ိဳး ျဖစ္ေနပါတယ္။ တရားေရး မ႑ိဳင္နဲ႔ ၾကည့္မယ္ဆိုရင္ ဆိုးေနပါေသးတယ္”လို႔ သူက မွတ္ ခ်က္ျပဳပါတယ္။

ပ်ဥ္းမနားၿမိဳ႕နယ္ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္ကလည္း အကယ္၍ အဆင့္ျမင့္ ရဲအရာရွိႀကီးေတြအေနနဲ႔ ဥပေဒ ခ်ိဳးေဖာက္ ထားရင္ ဥပေဒေၾကာင္းအရ တရားဝင္ တရား႐ုံးေတြက စြဲတင္အျပစ္ေပးတာ ျဖစ္ရမယ္လို႔ ရွင္းျပပါ တယ္။ဥပေဒ အျမင္နဲ႔ဆိုရင္ ဒါက အ ျပစ္ေပးတာ မဟုတ္ဘူး။ ဌာနဆိုင္ရာ ေဆာင္႐ြက္မႈ ျဖစ္တယ္။ ဒီေဆာင္႐ြက္မႈမွာ သူ႔ကို ဘယ္လို အေရးယူ ေဆာင္႐ြက္သလဲဆိုတာ အနိမ့္ ဆုံး ေဆာင္႐ြက္ခ်က္က သတိေပးတယ္။ ဒုတိယ က ႏွစ္တိုးရပ္တာ တို႔ ဌာနကေန ျပစ္တင္ ရႈတ္ခ်ၿပီး ပယ္တာက အျမင့္ဆုံးပဲ။ သူ႔မွာက ေထာင္ဒဏ္တို႔ ေသဒဏ္တို႔ မရွိဘူး” လို႔ ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

REF: ဧရာ၀တီ

UNICODE

မိသားစုနာမည်ထုတ်ပြောလို့ ရာထူးတိုးရပ်ဆိုင်းတာဟာ တာဝန်ယူမှု၊တာဝန်ခံမှုဆိုတာလားလို့ ဗစ်တိုးရီးယား၏ဖခင်ပြောဆို

ဗစ်တိုးရီးယားအမှုက တနှစ်ကျော်သွားပြီဖြစ်လို့ အမှုကာလ တနှစ်အတွင်းသာ တိုင်တန်းနိုင်တဲ့ တရားမအမှုနဲ့ ကလေးရဲ့ လူမှုရေး ဆိုင်ရာ နစ်နာမှုတွေကို တရားစွဲဆိုဖို့ အခွင့်အရေးဆုံးရှုံးခဲ့ပေမယ့် ရာဇဝတ်ကြောင်းအရတော့ တရားခံ မတွေ့မချင်း ဆက်လုပ်သွားမယ်လို့ အမှုကူ ညီပေးသူ သက္ကမိုးညို (ခ) ဒေါက်တာ ဝင်းကိုကိုသိန်းက ဆိုပါတယ်။သမီးငယ်ရဲ့ အမှုအပေါ် ရဲတပ်ဖွဲ့ရဲ့ စုံးစမ်းစစ်ဆေးမှု၊ အစိုးရရဲ့ တာဝန် ယူမှု၊ သက်ဆိုင်ရာကျောင်းရဲ့ ငြင်းဆိုမှု တွေနဲ့ ပတ်သက်ပြီး စိတ်ဓာတ် အကြိမ်ကြိမ်ကျခဲ့ရပေမယ့် မိဘတွေကတော့ တရားခံ မပေါ်သေး သရွေ့ အမှုမှန်ပေါ်ပေါက်ဖို့ မရရတဲ့ နည်းလမ်းကနေ ကြိုးပမ်းနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘာဆက်လုပ်မယ်ဆိုတာ တိုင်ပင်နေတယ်။ လောလောဆယ် ကိုဗစ်လည်း ဖြစ်နေတော့ ကူညီပေး မယ့်သူတွေနဲ့ မတွေ့ ရ သေးဘူး။ ဖုန်းနဲ့ ပဲ တိုင်ပင်ဖြစ်သေးတယ်ပေါ့။ တိတိကျကျ ပြောလို့ မရသေးဘူး” လို့ ဖခင် ဖြစ် သူက ဆိုပါတယ်။သမီးငယ် ဗစ်တိုးရီးယား အမှုအတွက် တ ရားဥပဒေလမ်းကြောင်းအရ အစွမ်းကုန် ကြိုးစားခဲ့ပြီး ဖြစ်သလို တရားမျှတ မှု ဖော်ဆောင်ပေးဖို့ သမ္မတကို လည်း စာပေးပို့ အကူအညီ တောင်းခံခဲ့ပြီး ဖြစ်လို့ အစိုးရကို ထပ်တောင်းဆိုဖို့အတွက် တော့ လမ်းဆုံးသွားပြီလို့ ကာယကံရှင် မိသားစုက ပြောပါတယ်။ သမ္မတပြောတဲ့ စကားကို ဘယ်လောက် အလေးအနက်ထားပြီး ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာ စောင့် ကြည့်ရုံပဲ ရှိတော့မှာလေ။

နိုင်ငံမှာလည်း ဒီထက်ကြီးတဲ့နေရာ မရှိတော့ဘူးလေ” လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။ ကျနော်တို့ တမိသားစုလုံး နာမည်ကို ထုတ်ပြောလိုက် တဲ့ အရာရှိကြီးတွေကို ပေးလိုက်တဲ့အပြစ်က ရာထူး တိုးမြှင့်တာ ရပ်ဆိုင်းတဲ့ ပြစ်ဒဏ်တဲ့လား။ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ ဒါလားလို့ မေးလိုက်ချင်တယ်” လို့ ခံပြင်း စွာ ပြောလိုက်သူက ဗစ်တိုးရီးယားရဲ့ ဖခင်ပဲ ဖြစ်ပါတယ်။ဗစ်တိုးရီးယား မိသားစုနာမည်တွေ ထုတ်ဖော်ခဲ့တဲ့ အဆင့်မြင့် ရဲအရာရှိကြီး ၃ ဦးကို ရာထူးတိုး ဆိုင်းငံ့တဲ့ ပြစ်ဒဏ် ပေးထားတယ်လို့ ပြီးခဲ့တဲ့ မေလ ၃၀ ရက် သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းပွဲမှာ  ဦးဇော်ဌေးရဲ့ ဖြေကြားချက်အပေါ် အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။

ဒါဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဗစ်တိုးရီးယားအမှု တရားမျှတရေးအတွက် စောင့်ကြည့်နေတယ်လို့ သမ္မတ အိမ်တော် ရှင်းလင်းပွဲမှာ ပြော ကြားအပြီး အမှုနဲ့ပတ်သက်လို့ အရေးယူဆောင်ရွက်မှုကို သမ္မတရုံးကနေ ပထမဆုံး ကြားခဲ့ရတာ ဖြစ်ပါတယ်။အပြစ်ပေးခံရတဲ့ ရဲအရာရှိ ၃ ဦးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ပြုလုပ်တဲ့ အမှုနဲ့ပတ်သက်တဲ့ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗစ်တိုးရီးယားနဲ့ မိဘ တွေရဲ့ အ မည်တွေကို ထုတ်ဖော် ပြောဆိုခဲ့တဲ့အပြင် ရဲဇာနည် လူမှုကွန်ရက်မှာလည်း ကိုယ်ရေးအချက်အ လက်တွေကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကာယကံရှင်မိသားစုအပေါ် ကြီးမားတဲ့ လူမှုရေးဆိုင်ရာ ဆုံးရှုံးနစ်နာမှုကို ကျူးလွန်ခဲ့မှုအတွက် ပေးလိုက်တဲ့ အ ပြစ်ဒဏ်ဟာ သက် ညှာလွန်းတယ်ဆိုပြီး ကာယကံရှင်မိသားစု အပါအဝင် အမှုကိုစောင့်ကြည့်နေသူတွေအကြား အစိုးရ ရဲ့ တုံ့ပြန်မှုအပေါ် စိတ်ပျက်ခဲ့ကြရ ပါတယ်။တာဝန်ယူမှု တာဝန်ခံမှုက ဒီလို ဖြစ်ကြေးဆိုရင် နောက်ထပ် ဗစ်တိုးရီးယားတွေ အများကြီး ထပ်ပေါ်ဦးမယ်။ ဒီလို တာ ဝန်ပေါ့ လျော့တဲ့သူတွေ ရှိနေဦးမယ်။ တရားဥပဒေ စိုးမိုးရေးကလည်း ရယ်ချင်စရာကြီး ဖြစ်နေမှာပေါ့” လို့ ဗစ်တိုးရီး ယားရဲ့ ဖခင်က ဆိုပါတယ်။

အခုလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်မျိုးတွေမှာ ကလေးငယ်တွေရဲ့ နာမည်တွေကို မီဒီယာကနေ တဆင့် ထုတ်ဖော်ပြော မယ်ဆိုရင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ပဲ အရေးယူသင့်တယ်လို့ ပြည်သူ့ လွှတ်တော် ကျန်းမာရေးနဲ့ အားကစားဖွံ့ဖြိုး တိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာ ခင်စိုးစိုးကြည်က ပြောပါတယ်။ကျမတို့နိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်အနေနဲ့ဆိုရင် အခု မျက် မြင်ပါဘဲ။ ဘာမှ တိတိကျကျ ပြတ်ပြတ်သားသား ဆုံး ဖြတ်ပေးလို့မရတဲ့ ဟာမျိုး ဖြစ်နေပါတယ်။ တရားရေး မဏ္ဍိုင်နဲ့ ကြည့်မယ်ဆိုရင် ဆိုးနေပါသေးတယ်”လို့ သူက မှတ် ချက်ပြုပါတယ်။

ပျဉ်းမနားမြို့နယ် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကလည်း အကယ်၍ အဆင့်မြင့် ရဲအရာရှိကြီးတွေအနေနဲ့ ဥပဒေ ချိုးဖောက် ထားရင် ဥပဒေကြောင်းအရ တရားဝင် တရားရုံးတွေက စွဲတင်အပြစ်ပေးတာ ဖြစ်ရမယ်လို့ ရှင်းပြပါ တယ်။ဥပဒေ အမြင်နဲ့ဆိုရင် ဒါက အ ပြစ်ပေးတာ မဟုတ်ဘူး။ ဌာနဆိုင်ရာ ဆောင်ရွက်မှု ဖြစ်တယ်။ ဒီဆောင်ရွက်မှုမှာ သူ့ကို ဘယ်လို အရေးယူ ဆောင်ရွက်သလဲဆိုတာ အနိမ့် ဆုံး ဆောင်ရွက်ချက်က သတိပေးတယ်။ ဒုတိယ က နှစ်တိုးရပ်တာ တို့ ဌာနကနေ ပြစ်တင် ရှုတ်ချပြီး ပယ်တာက အမြင့်ဆုံးပဲ။ သူ့မှာက ထောင်ဒဏ်တို့ သေဒဏ်တို့ မရှိဘူး” လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

REF:    ဧရာ၀တီ

Add a Comment

Your email address will not be published. Required fields are marked *