REF: Red News Agency
UNICODE
မကွေးမြို့တွင် ရဲတပ်ဖွဲ့ဝင်များက ထမင်းဆိုင်ထဲဝင်ကာ အကြောင်းမဲ့ ရိုက်နှက်၍ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှု များ ပြုလုပ် (ရုပ်သံ)
ယင်းကိစ္စနှင့် ပတ်သက် ပြီး သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက် မှုများ၊ ရိုက်နှက် မှုများ ပြုလုပ်သွားသူ များကို အရေးယူနိုင်ရေး နိုင်ငံတော် အတိုင်ပင်ခံအပါအဝင် ဝန်ကြီးချုပ်၊ ရဲချုပ် စသည်တို့ကို CCTV မှတ်တမ်းနှင့်တကွ တိုင်စာပေးပို့ထားသည်။
မကွေးမြို့ ရန်ဝေးရပ်ကွက်၊ ပြည်တော်သာလမ်း ရှိ ရွှေလမင်း ထမင်းဆိုင်ထဲ ဝင်ကာ မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ယူနီဖောင်းဝတ် ရဲ ၁ ဦးအပါအဝင် ယူနီဖောင်း မဝတ်သည့် ရဲ ၁၀ ဦးဝန်းကျင်က ဆိုင်ရှင် အပါအဝင် တွေ့ရှိသူများ ကို တုတ်များဖြင့် ရိုက်နှက် ကြောင်း၊ သေနတ်နှင့် ချိန်ကာ သတ်ပစ်လိုက်မည်ဟု ပြောဆိုကြောင်း သိရသည်။
ခြိမ်းခြောက်မှု များ ဇွန်လ ၁၄ ရက်နေ့ ည ၁ နာရီဝန်းကျင်က ပြုလုပ် သွားကြောင်း ထမင်းဆိုင် ပိုင်ရှင် ဒေါ်နွယ်နွယ်ဖြိုးက ဇွန်လ ၁၇ ရက် နေ့တွင် ပြောဆိုကြောင်း သိရသည်။
REF: Red News Agency