UNICODE
သတိလစ် မေ့မျောနေရာက အားလုံးရဲ့ ဆုတောင်းမေတ္တာကြောင့် ပြန်လည်နိုးထလာပြီ ဖြစ်တဲ့ ဟာသ-သရုပ်ဆောင်ဦးမန်းဝင်း(ရုပ်သံ)
ပရိသတ်တွေရဲ့ ဆုတောင်းမေတ္တာလေးတွေနဲ့ အတူ သတိပြန် လည်ကာ နိုးလာတဲ့ ဦးမန်းဝင်းရဲ့ လက်ရှိအခြေအနေလေးကိုတော့ “အဖေ ပြန်နိုးလာပြီလားဟင်..” ဆိုပြီး ဦးမန်းဝင်းရဲ့ ဗီဒီယိုဖိုင်လေးကို ဝေမျှှအသိပေးထားတာ ဖြစ်ပါတယ်နော်..။သတိရပြန်နိုးခဲ့လို့ မိသားစုတွေ နဲ့ ပရိသတ်တွေ အားလုံးက ဝမ်းသာနေကြပါတယ်။
ဦးမန်းဝင်းတစ်ယောက် အရင်လို ကျန်းကျန်းမာမာနဲ့ နေပြန်ကောင်းဖို့ကိုလည်း ပရိသတ်တွေက ဆုတောင်းစကားလေးတွေ ဆိုထားကြ ပါတယ်နော်..။ကဲ.. ပရိသတ်ကြီးရေ.. ဦးမန်းဝင်းရဲ့ ဝမ်းသာစရာ သတင်းကောင်းလေး ကို ပရိသတ်တွေအားလုံး အတွက် ဝေမျှတင်ဆက် ပေးလိုက်တာမို့ သဘောကျ ဝမ်းသာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။
ပရိသတ်တွေကို ဟာသပြက်လုံးတွေနဲ့ ရယ်မောပျော်ရွှင်စေ ခဲ့တဲ့ ဦးမန်းဝင်းကတော့ ဦးနှောက် သွေးယိုစိမ့်မှုကြောင့် ခွဲစိတ်မှုတွေ ပြုလုပ် ခဲ့ပြီး ကျန်းမာရေးအခြေအနေ မတည်ငြိမ်လို့ အားလုံးက စိတ်ပူခဲ့ရပါတယ်နော်..။ပြီးခဲ့တဲ့ ဇွန်လ(၂)ရက်နေ့ကတည်းက ခွဲစိတ်မှု တွေ ပြု လုပ်ပြီး ဆယ်ရက်ကျော်ကြာတဲ့အထိ သတိပြန်မလည်လာလို့ မိသားစုတွေနဲ့ ပရိသတ်တွေအားလုံးက စိတ်ပူခဲ့ကြတာပါ..။
ခွဲစိတ်မှုနှစ်ကြိမ်ပြုလုပ်ကာ ဆေးရုံနှစ်ရုံပြောင်းရွှေ့ ကုသခဲ့ပေမယ့် သတိပြန်မရသေးလို့ နေအိမ်ကိုသာ ပြန်ခေါ်လာခဲ့တဲ့ ဦးမန်းဝင်း ကတော့ အခုဆိုရင် အားလုံးရဲ့ ဆုတောင်းမေတ္တာတွေကြောင့် ပြန်နိုးလာပါပြီနော်..။
Source & Photo Credit – Man Win Fb Page & San San Phyu’s Fb Acc
Add a Comment
Your email address will not be published. Required fields are marked *