အသိပညာနည္းပါးမႈေၾကာင့္ ဖုတ္ဝင္တယ္ ဆိုၿပီး ျပစ္ထားခံရတဲ့ လူနာကို ဖုတ္ထုတ္ေပးတဲ့ ဆရာဝန္လို႔ေျပာၿပီး အသက္ ကယ္ခဲတဲ့ ဆရာဝန္ေလး

အကယ္၍မ်ား လူနာ သည္ မိဘျဖစ္ခဲ့ေသာ္ သားသၼီးက အစာမေကြၽး ေရမတိုက္ခ်င္းေၾကာင့္ အာဟာရျပတ္ကာ ထိုမိဘေသခဲ့ေသာ္ သား သၼီး မွာ တသက္လုံး မိဘ မျပစ္မွားပဲ ေနခဲ့ပါ လ်က္ မိဘေသကာနီး မွ ပ ၪၥာနႏၲရိယ မိဘသတ္တဲ့ ကံႀကီးထိုက္ၾကပါလိမ့္မယ္ အဇာတသတ္ လို ကံမ်ိဳးေပါ့ ။အလြန္ေၾကာက္ဖို႔ ေကာင္းပါတယ္။ဂုဏ္ျပဳ ၿပီး မွ်ေဝပါသည္….။ ေဝဒနာရွင္ တိုင္း ဒီလိုပုဂၢိဳလ္မ်ိဳး နဲ႔ ေတြ႕ဆုံ ႏိုင္ၾကပါေစ လို႔ ဆုေတာင္းေပးပါ တယ္….။

မေန႔ညေနက စိတ္ေျပ လက္ေပ်ာက္ ကားဦးတည့္ရာ တစ္ေယာက္ထဲစိတ္ညစ္ညစ္နဲ႔ ထြက္ခဲ့တာ။ တစ္နာရီေလာက္ ၾကာ ေတာ့ လမ္းမ ေကာင္းလို႔ ဆက္မေမာင္းပဲ ဘယ္႐ြာလဲ ေမးေတာ့ “ပန္းတေနာ္ပိုင္ တူးေခ်ာင္း႐ြာ” တဲ့။ ကရင္လူမ်ိဳး ႐ြာငယ္ေလးပါတဲ့။ ဆက္သြားလို႔ မရ လို႔ ေနာက္ဆုတ္ဖို႔ ၾကည့္တုန္း တဲအိမ္ေလးေရွ႕ မွာ လူတစ္သိုက္ တိုးတိုး စကားေျပာရင္း အခ်ိဳ႕ အမ်ိဳးသမီးေတြက မ်က္ရည္ သုတ္ေန ၾက တာ ျမင္ေတာ့ မေနႏိုင္ တာနဲ႔ ဝင္စပ္စုတဲ့ အခါ ဦးဝင္းတစ္ေယာက္ ေနမေကာင္း ျဖစ္ၿပီး ဖုတ္ဝင္ေနတာ ေလးလေလာက္ ရွိၿပီ

အခုေတာ့ အသက္ ငင္ ေနလို႔ မိသားစုေတြ စုၿပီး အ သက္ထြက္တာ ေစာင့္ေနၾကတာတဲ့။ ဒါနဲ႔ စိတ္ဝင္စားၿပီး ကြၽန္ေတာ္ ခနၾကည့္ ပါရေစ ဆိုေတာ့ ရွင္က ဘယ္ကတုန္း။ ဘာလုပ္မွာလဲတဲ့။ ေမးမွာေပါ့ေလ။ ဆရာဝန္႐ုပ္မွ မေပါက္ပဲ ။အက်ိဳးအေၾကာင္း ရွင္းျပ ေတာ့ သိပ္လက္မခံ ခ်င္ဘူး။ ဖုတ္ဝင္တယ္လို႔ ယူဆၾကေတာ့ ေၾကာက္ ၿပီး ျမန္ျမန္ ေသေစခ်င္ပုံရတယ္။ ဒါနဲ႔ ဆရာဝန္ဆိုေပမဲ့ ဖုတ္လဲသြင္း တတ္ ပါတယ္ ။ ဖုတ္လဲထုတ္ တတ္ ပါတယ္ ။ ၾသဇာ႐ြက္ ခုႏွစ္႐ြက္ ကို ဖင္ေအာက္မွာထား ။

ကုလားဖဲသုံးခ်ပ္ ကို ေက်ာေအာက္ ခု ။ ခုံဖိနပ္ တစ္စုံကို ေက်ာခ်င္း ကပ္ပီး လူနာေခါင္း ေအာက္မွာ ထားရင္ ဖုတ္ခ်က္ခ်င္း ထြက္တယ္ လို႔ ေျပာေတာ့ နည္းနည္း ယုံသြား ပုံရၿပီး ၾကည့္ခ်င္ ၾကည့္ေလ ဆိုေတာ့ မွ နတ္စင္ သာသာ တဲေလးေပၚ ေလး ဖက္ ေထာက္ၿပီး ၾကည့္လိုက္ ေတာ့ မလွဲႏိုင္လို႔ အိမ္တိုင္ဖက္ကာ အသက္ကို လုရႉ ၿပီး အ သက္ငင္ေနတဲ့ အသက္ ေျခာက္ဆယ္ခန႔္ လူနာကို စိတ္မေကာင္းစြာ ေတြ႕ရ တယ္။ ဒါနဲ႔ ခဏ စမ္းသပ္ခြင့္ ေတာင္းေတာ့ ခြင့္ျပဳတာနဲ႔ ကားဆီေျပးၿပီး အသက္ကယ္အိတ္ နဲ႔ တယ္လီေဗးရွင္း ဓါတ္မွန္စက္ ေျပးယူ။

စမ္ူသပ္ၾကည့္လိုက္ေတာ့ ညာဖက္ရင္ေခါင္း တစ္ခုလုံး ေရေတြ ျပည့္ေနတာ ေတြ႕ေရာ ။ ဒီေတာ့ လူနာရွင္ နဲ႔ အနားမွာ ရွိတဲ့ ႐ြာလူႀကီးေတြ ကို ေခၚၿပီး ဒီလူနာဟာ ဖုတ္ဝင္တာ မဟုတ္ ၊ အဆုပ္ထဲ ေရဝင္တာ။ ေဖာက္ထုတ္ရင္ အသက္ရွင္ႏိုင္ေၾကာင္း။ ဒီအတိုင္းထားရင္ မၾကာခင္ ေသေတာ့မည္ ျဖစ္ေၾကာင္း ရွင္းျပ ေတာ့ အားလုံး သေဘာ တူတာ နဲ႔ လက္မွတ္ထိုး ခိုင္းၿပီး ပါလာတဲ့ ေသြးခံအိတ္ က ပိုက္ကို ျဖတ္ပီး ေဖါက္ထုတ္ လိုက္ တာ တစ္လီတာ ေရသန႔္ဘူး သုံးဘူး ခြဲ ရတယ္။ လူနာလဲ အသက္ျပန္ရႉ လာၿပီး သတိျပန္ရ လာတယ္။

အသက္ကယ္ေဆး ကိုပါ ထိုးလိုက္ေတာ့ နာရီဝက္ေလာက္ အၾကာမွာ စကားျပန္ ေျပာႏိုင္ၿပီ။ ဒီေတာ့မွ ဘာျဖစ္လို႔ ဒီေလာက္ အထိ အျဖစ္ခံ ရလဲလို႔ ေမးေတာ့မွ “ေဆးကုဖို႔ ပိုက္ဆံ မရွိတာက တစ္ေၾကာင္း၊ ေဝဒနာ ၾကာလာေတာ့ ေဆးပညာ အသိနည္း ေတာ့ သူမ်ားျပဳစား တယ္ ။ ဖုတ္ဝင္တယ္ ဆိုၿပီး ေရမတိုက္ ။ အစာမေကြၽး အနားမွာ ဘယ္သူမွ မကပ္ၾက ေတာ့ပဲ ပစ္ထားတယ္” ဆိုၿပီး ရႈိက္ႀကီး တငင္ငိုတာနဲ႔ အားမငယ္ နဲ႔။ အဘရဲ႕ အသက္ ကို ကြၽန္ေတာ္ တာဝန္ ယူတယ္။ ေပ်ာက္ သည္ အထိ အခမဲ့ ကုေပးမယ္” လို႔ ကတိေပးခဲ့တယ္။

ၿပီးေတာ့ အဟာရ အတြက္ ကြၽန္ေတာ့္ဆီ ပါလာတဲ့ ေငြႏွစ္ေသာင္း နဲ႔ PSI ကေပးတဲ့ ကိုကာဥ တို႔ကို ထုတ္ ေပးခဲ့ၿပီး လူနာရွင္ေတြကိုလဲ ေရွး႐ိုးစဥ္လာ အစြဲအလန္းေတြ မထားဖို႔ အေသးစိတ္ ရွင္းျပခဲ့ရင္း ေနာက္ ေန႔ လူနာကို ဓါတ္မွန္ ႐ိုက္ဖို႔ လာေခၚမည္ ျဖစ္ေၾကာင္း မွာၾကား လို႔ လူနာစိတ္ခ်ရမွ ျပန္လာရင္း ဆုံးျဖတ္ ခ်က္ တစ္ခုခိုင္ခိုင္မာမာ ခ်လိုက္ပါတယ္။ ေနာင္ဆိုရင္ အဲယားကြန္းခန္း ထဲ မွာ ထိုင္ၿပီးလြမ္းေဆြး ေနမယ့္ အစား ဆင္းရဲတြင္း နက္ၿပီး ေဝဒနာ ခံစားရင္း ဆရာဝန္ ငံ့လင့္ေနတဲ့ ေရာဂါရွင္ ေတြ ဆီသြား ၿပီး အသက္ ကယ္ေတာ့မယ္လို႔။

REF: LET PAN

UNICODE

အသိပညာနည်းပါးမှုကြောင့် ဖုတ်ဝင်တယ် ဆိုပြီး ပြစ်ထားခံရတဲ့ လူနာကို ဖုတ်ထုတ်ပေးတဲ့ ဆရာဝန်လို့ပြောပြီး အသက် ကယ်ခဲတဲ့ ဆရာဝန်လေး

အကယ်၍များ လူနာ သည် မိဘဖြစ်ခဲ့သော် သားသ္မီးက အစာမကျွေး ရေမတိုက်ချင်းကြောင့် အာဟာရပြတ်ကာ ထိုမိဘသေခဲ့သော် သား သ္မီး မှာ တသက်လုံး မိဘ မပြစ်မှားပဲ နေခဲ့ပါ လျက် မိဘသေကာနီး မှ ပ ဉ္စာနန္တရိယ မိဘသတ်တဲ့ ကံကြီးထိုက်ကြပါလိမ့်မယ် အဇာတသတ် လို ကံမျိုးပေါ့ ။အလွန်ကြောက်ဖို့ ကောင်းပါတယ်။ဂုဏ်ပြု ပြီး မျှဝေပါသည်….။ ဝေဒနာရှင် တိုင်း ဒီလိုပုဂ္ဂိုလ်မျိုး နဲ့ တွေ့ဆုံ နိုင်ကြပါစေ လို့ ဆုတောင်းပေးပါ တယ်….။

မနေ့ညနေက စိတ်ပြေ လက်ပျောက် ကားဦးတည့်ရာ တစ်ယောက်ထဲစိတ်ညစ်ညစ်နဲ့ ထွက်ခဲ့တာ။ တစ်နာရီလောက် ကြာ တော့ လမ်းမ ကောင်းလို့ ဆက်မမောင်းပဲ ဘယ်ရွာလဲ မေးတော့ “ပန်းတနော်ပိုင် တူးချောင်းရွာ” တဲ့။ ကရင်လူမျိုး ရွာငယ်လေးပါတဲ့။ ဆက်သွားလို့ မရ လို့ နောက်ဆုတ်ဖို့ ကြည့်တုန်း တဲအိမ်လေးရှေ့ မှာ လူတစ်သိုက် တိုးတိုး စကားပြောရင်း အချို့ အမျိုးသမီးတွေက မျက်ရည် သုတ်နေ ကြ တာ မြင်တော့ မနေနိုင် တာနဲ့ ဝင်စပ်စုတဲ့ အခါ ဦးဝင်းတစ်ယောက် နေမကောင်း ဖြစ်ပြီး ဖုတ်ဝင်နေတာ လေးလလောက် ရှိပြီ

အခုတော့ အသက် ငင် နေလို့ မိသားစုတွေ စုပြီး အ သက်ထွက်တာ စောင့်နေကြတာတဲ့။ ဒါနဲ့ စိတ်ဝင်စားပြီး ကျွန်တော် ခနကြည့် ပါရစေ ဆိုတော့ ရှင်က ဘယ်ကတုန်း။ ဘာလုပ်မှာလဲတဲ့။ မေးမှာပေါ့လေ။ ဆရာဝန်ရုပ်မှ မပေါက်ပဲ ။အကျိုးအကြောင်း ရှင်းပြ တော့ သိပ်လက်မခံ ချင်ဘူး။ ဖုတ်ဝင်တယ်လို့ ယူဆကြတော့ ကြောက် ပြီး မြန်မြန် သေစေချင်ပုံရတယ်။ ဒါနဲ့ ဆရာဝန်ဆိုပေမဲ့ ဖုတ်လဲသွင်း တတ် ပါတယ် ။ ဖုတ်လဲထုတ် တတ် ပါတယ် ။ သြဇာရွက် ခုနှစ်ရွက် ကို ဖင်အောက်မှာထား ။

ကုလားဖဲသုံးချပ် ကို ကျောအောက် ခု ။ ခုံဖိနပ် တစ်စုံကို ကျောချင်း ကပ်ပီး လူနာခေါင်း အောက်မှာ ထားရင် ဖုတ်ချက်ချင်း ထွက်တယ် လို့ ပြောတော့ နည်းနည်း ယုံသွား ပုံရပြီး ကြည့်ချင် ကြည့်လေ ဆိုတော့ မှ နတ်စင် သာသာ တဲလေးပေါ် လေး ဖက် ထောက်ပြီး ကြည့်လိုက် တော့ မလှဲနိုင်လို့ အိမ်တိုင်ဖက်ကာ အသက်ကို လုရှူ ပြီး အ သက်ငင်နေတဲ့ အသက် ခြောက်ဆယ်ခန့် လူနာကို စိတ်မကောင်းစွာ တွေ့ရ တယ်။ ဒါနဲ့ ခဏ စမ်းသပ်ခွင့် တောင်းတော့ ခွင့်ပြုတာနဲ့ ကားဆီပြေးပြီး အသက်ကယ်အိတ် နဲ့ တယ်လီဗေးရှင်း ဓါတ်မှန်စက် ပြေးယူ။

စမ်ူသပ်ကြည့်လိုက်တော့ ညာဖက်ရင်ခေါင်း တစ်ခုလုံး ရေတွေ ပြည့်နေတာ တွေ့ရော ။ ဒီတော့ လူနာရှင် နဲ့ အနားမှာ ရှိတဲ့ ရွာလူကြီးတွေ ကို ခေါ်ပြီး ဒီလူနာဟာ ဖုတ်ဝင်တာ မဟုတ် ၊ အဆုပ်ထဲ ရေဝင်တာ။ ဖောက်ထုတ်ရင် အသက်ရှင်နိုင်ကြောင်း။ ဒီအတိုင်းထားရင် မကြာခင် သေတော့မည် ဖြစ်ကြောင်း ရှင်းပြ တော့ အားလုံး သဘော တူတာ နဲ့ လက်မှတ်ထိုး ခိုင်းပြီး ပါလာတဲ့ သွေးခံအိတ် က ပိုက်ကို ဖြတ်ပီး ဖေါက်ထုတ် လိုက် တာ တစ်လီတာ ရေသန့်ဘူး သုံးဘူး ခွဲ ရတယ်။ လူနာလဲ အသက်ပြန်ရှူ လာပြီး သတိပြန်ရ လာတယ်။

အသက်ကယ်ဆေး ကိုပါ ထိုးလိုက်တော့ နာရီဝက်လောက် အကြာမှာ စကားပြန် ပြောနိုင်ပြီ။ ဒီတော့မှ ဘာဖြစ်လို့ ဒီလောက် အထိ အဖြစ်ခံ ရလဲလို့ မေးတော့မှ “ဆေးကုဖို့ ပိုက်ဆံ မရှိတာက တစ်ကြောင်း၊ ဝေဒနာ ကြာလာတော့ ဆေးပညာ အသိနည်း တော့ သူများပြုစား တယ် ။ ဖုတ်ဝင်တယ် ဆိုပြီး ရေမတိုက် ။ အစာမကျွေး အနားမှာ ဘယ်သူမှ မကပ်ကြ တော့ပဲ ပစ်ထားတယ်” ဆိုပြီး ရှိုက်ကြီး တငင်ငိုတာနဲ့ အားမငယ် နဲ့။ အဘရဲ့ အသက် ကို ကျွန်တော် တာဝန် ယူတယ်။ ပျောက် သည် အထိ အခမဲ့ ကုပေးမယ်” လို့ ကတိပေးခဲ့တယ်။

ပြီးတော့ အဟာရ အတွက် ကျွန်တော့်ဆီ ပါလာတဲ့ ငွေနှစ်သောင်း နဲ့ PSI ကပေးတဲ့ ကိုကာဥ တို့ကို ထုတ် ပေးခဲ့ပြီး လူနာရှင်တွေကိုလဲ ရှေးရိုးစဉ်လာ အစွဲအလန်းတွေ မထားဖို့ အသေးစိတ် ရှင်းပြခဲ့ရင်း နောက် နေ့ လူနာကို ဓါတ်မှန် ရိုက်ဖို့ လာခေါ်မည် ဖြစ်ကြောင်း မှာကြား လို့ လူနာစိတ်ချရမှ ပြန်လာရင်း ဆုံးဖြတ် ချက် တစ်ခုခိုင်ခိုင်မာမာ ချလိုက်ပါတယ်။ နောင်ဆိုရင် အဲယားကွန်းခန်း ထဲ မှာ ထိုင်ပြီးလွမ်းဆွေး နေမယ့် အစား ဆင်းရဲတွင်း နက်ပြီး ဝေဒနာ ခံစားရင်း ဆရာဝန် ငံ့လင့်နေတဲ့ ရောဂါရှင် တွေ ဆီသွား ပြီး အသက် ကယ်တော့မယ်လို့။

REF:    LET  PAN

Add a Comment

Your email address will not be published. Required fields are marked *