အိႏၵိယ-တ႐ုတ္ နယ္စပ္ပိုင္ဆိုင္မႈ ပဋိပကၡစစ္ပြဲတြင္ တ႐ုတ္ စစ္သား (၄၃) ဦး ေသဆုံးေသာ္လည္း တ႐ုတ္ဖက္ မွ ဝန္မခံ

ဟိမဝႏၲာေတာင္တန္းေဒသမ်ားရွိ အိႏၵိယႏွင့္တ႐ုတ္ (၂)ႏိုင္ငံစစ္တပ္မ်ားအၾကား ယခုျဖစ္ပြားေသာ အၾကမ္းဖက္မႈ မွာ အလြန္စိုးရိမ္ဖြယ္ အေျခအေနသို႔ တြန္းပို႔ရာေရာက္ေၾကာင္း၊ အိမ္နီးခ်င္း ညဴကလီယားလက္နက္ပိုင္ အင္အားႀကီး ႏွစ္ႏိုင္ငံတို႔အတြက္ အလုံးစုံပဋိပကၡျဖစ္ ရျခင္းသို႔ သက္ဆင္းမသြားရေအာင္ ခက္ခဲစြာ ထိန္းခ်ဳပ္ရလိမ့္မယ္လို႔ ကြၽမ္းက်င္ပညာရွင္မ်ားက ခန႔္မွန္း ထားပါတယ္။ အိႏၵိယတပ္မေတာ္ ၏ အဂၤါေန႔ေျပာဆိုခ်က္အရ ပဋိပကၡတြင္ ၎တို႔ဖက္မွ အရာရွိ (၁) ဦး အပါအဝင္ တပ္မေတာ္ သား (၃) ဦး ေသဆုံး၌ (၁၇) ဦး ဒါဏ္ရာျပင္း ထန္ေၾကာင္း ပါရွိေသာ္လည္း ယခုေနာက္ဆုံးသတင္းအရ ေသဆုံးသူ ၂၀ ဦးျဖစ္လာပါတယ္။

ဆက္စပ္ရရွိေသာ သတင္းမ်ားအရ တ႐ုတ္ဖက္တြင္လည္း (၄၃) ဦးေသဆုံးေၾကာင္း သိရွိ ရသည္ဟု အိႏၵိယသတင္းစာက ယေန႔ေရးသား လိုက္ပါတယ္။ သို႔ေသာ္ တ႐ုတ္အစိုးရအာေဘာ္ သတင္းစာက ေရးသားရာတြင္မူ ႏွစ္ဖက္ကိုယ္ထိ လက္ေရာက္ ပဋိပကၡျဖစ္ပြားရာ၌ ႏွစ္ ဖက္စလုံးတြင္ ထိခိုက္ေသဆုံးမႈရွိသည္ဟု တ႐ုတ္အာဏာပိုင္တို႔က ေျပာဆိုေသာ္လည္း အေရအတြက္ အတိအက်ေဖာ္ျပျခင္း မရွိေၾကာင္း ၊ပိုင္ဆိုင္မႈအတိအက်မဆုံးျဖတ္ရေသးေသာ နယ္ေျမ ၌ ႏွစ္ႏိုင္ငံ အမွန္တကယ္ထိန္းခ်ဳပ္မ်ဥ္းကို အိႏၵိယတပ္ဖြဲ႕ဝင္မ်ားက ၂-ႀကိမ္တိုင္တိုင္ က်ဴးေက်ာ္ဝင္ေရာက္ကာ တ႐ုတ္တပ္ဖြဲ႕ဝင္မ်ားအား တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အိႏၵိယအေနျဖင့္ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္ကို ေလးစားရန္ လိုအပ္ေၾကာင္း ေရးသားသည္ကို ေတြ႕ရွိရ ပါတယ္။ ပိုင္ဆိုင္မႈအျငင္းပြား လွ်က္ရွိေသာ ဟိမဝႏၲာ နယ္စပ္ေဒသတြင္ တ႐ုတ္တပ္မ်ား ႏွင့္ ပဋိပကၡျဖစ္ပြား ရာ၌ အိႏၵိယစစ္သား အနည္းဆုံး (၂၀) ဦး ေသဆုံးေၾကာင္း နယူးေဒလီအာဏာပိုင္တို႔ ေျပာဆိုလိုက္ပါတယ္။ယခု အျဖစ္အပ်က္သည္ တင္းမာမႈမ်ားျမင့္တက္လွ်က္ရွိေသာ တ႐ုတ္-အိႏၵိယႏွစ္ႏိုင္ငံ အၾကား ၄၅ ႏွစ္ထက္ မနည္းကာလ အတြင္း ပထမဆုံး လူေသဆုံးရသည့္ နယ္စပ္ေဒသ ထိပ္တိုက္ေတြ႕မႈျဖစ္ပါတယ္။ အိႏၵိယတပ္မေတာ္ က ေစာေစာပိုင္းေျပာၾကားရာတြင္ တနလၤာေန႔ ညေနပိုင္းဟိမဝႏၲာ “ လာဒက္ “ ေဒသပဋိပကၡ၌ ၎တို႔ ဘက္မွ ေသဆုံးသူ ၃-ဦးရွိၿပီး ႏွစ္ဖက္စလုံးတြင္ ထိခိုက္ေသဆုံးမႈရွိေၾကာင္း ပါရွိခဲ့ပါတယ္။

သို႔ေသာ္ အဂၤါေန႔ နယူးေဒလီ အရာရွိမ်ားေျပာၾကားရာတြင္မူ အိႏၵိယဖက္မွ ထိခိုက္သူအေတာ္မ်ားမ်ားမွာ ဒါဏ္ရာျပင္းထန္မႈေၾကာင့္ ေသ ဆုံးခဲ့ရေၾကာင္း ေဖာ္ျပ ထားပါတယ္။တ႐ုတ္သည္ ဂယ္လ္ဝမ္ေတာင္ၾကားရွိ အမွန္တကယ္ထိန္းခ်ဳပ္မ်ဥ္းအား ေလးစားၾကရန္ ယခင္ရက္ သတၱပတ္ ႏွစ္ႏိုင္ငံ သေဘာတူညီ ခ်က္ကို ခ်ိဳးေဖာက္ေၾကာင္း အိႏၵိယ ျပည္ပေရးရာဝန္ႀကီး႒ာန က စြပ္စြဲထားပါတယ္။ ပိုင္ဆိုင္မႈအျငင္း ပြားလွ်က္ရွိေသာ ႏွစ္ႏိုင္ငံနယ္စပ္တြင္ ယခု တစ္ႀကိမ္အပါအဝင္ လြန္ခဲ့သည့္ ႏွစ္ေပါင္း ၄၅ ႏွစ္ ေက်ာ္အတြင္း ႏွစ္ဖက္စလုံးက ေသနတ္ လက္နက္ အသုံးျပဳပစ္ခတ္ခဲ့ျခင္း မရွိေၾကာင္း အိႏၵိယက ေျပာဆိုခဲ့ပါတယ္။

လက္နက္အသုံးမျပဳၾကေသာ္လည္း မည္သည့္နည္းႏွင့္ လူေသဆုံးရသည္ကို ရွင္းလင္းမသိရွိရေသာ္လည္း ေက်ာက္တုံး၊ တင္းပုတ္မ်ားျဖင့္ ႏွစ္ဖက္တိုက္ခိုက္ၾကျခင္း ျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚေနပါတယ္။ ေဒသခံ မ်ားကေတာ့ အိႏၵိယ စစ္သားေတြဟာ ႐ိုက္ႏွက္ခံရမႈ ေၾကာင့္ ေသဆုံးခဲ့ရျခင္း ျဖစ္ေၾကာင္း ေျပာဆို ေနၾကပါတယ္။

REF: Oung Marine

UNICODE

အိန္ဒိယ-တရုတ် နယ်စပ်ပိုင်ဆိုင်မှု ပဋိပက္ခစစ်ပွဲတွင် တရုတ် စစ်သား (၄၃) ဦး သေဆုံးသော်လည်း တရုတ်ဖက် မှ ဝန်မခံ

ဟိမဝန္တာတောင်တန်းဒေသများရှိ အိန္ဒိယနှင့်တရုတ် (၂)နိုင်ငံစစ်တပ်များအကြား ယခုဖြစ်ပွားသော အကြမ်းဖက်မှု မှာ အလွန်စိုးရိမ်ဖွယ် အခြေအနေသို့ တွန်းပို့ရာရောက်ကြောင်း၊ အိမ်နီးချင်း ညူကလီယားလက်နက်ပိုင် အင်အားကြီး နှစ်နိုင်ငံတို့အတွက် အလုံးစုံပဋိပက္ခဖြစ် ရခြင်းသို့ သက်ဆင်းမသွားရအောင် ခက်ခဲစွာ ထိန်းချုပ်ရလိမ့်မယ်လို့ ကျွမ်းကျင်ပညာရှင်များက ခန့်မှန်း ထားပါတယ်။ အိန္ဒိယတပ်မတော် ၏ အင်္ဂါနေ့ပြောဆိုချက်အရ ပဋိပက္ခတွင် ၎င်းတို့ဖက်မှ အရာရှိ (၁) ဦး အပါအဝင် တပ်မတော် သား (၃) ဦး သေဆုံး၌ (၁၇) ဦး ဒါဏ်ရာပြင်း ထန်ကြောင်း ပါရှိသော်လည်း ယခုနောက်ဆုံးသတင်းအရ သေဆုံးသူ ၂၀ ဦးဖြစ်လာပါတယ်။

ဆက်စပ်ရရှိသော သတင်းများအရ တရုတ်ဖက်တွင်လည်း (၄၃) ဦးသေဆုံးကြောင်း သိရှိ ရသည်ဟု အိန္ဒိယသတင်းစာက ယနေ့ရေးသား လိုက်ပါတယ်။ သို့သော် တရုတ်အစိုးရအာဘော် သတင်းစာက ရေးသားရာတွင်မူ နှစ်ဖက်ကိုယ်ထိ လက်ရောက် ပဋိပက္ခဖြစ်ပွားရာ၌ နှစ် ဖက်စလုံးတွင် ထိခိုက်သေဆုံးမှုရှိသည်ဟု တရုတ်အာဏာပိုင်တို့က ပြောဆိုသော်လည်း အရေအတွက် အတိအကျဖော်ပြခြင်း မရှိကြောင်း ၊ပိုင်ဆိုင်မှုအတိအကျမဆုံးဖြတ်ရသေးသော နယ်မြေ ၌ နှစ်နိုင်ငံ အမှန်တကယ်ထိန်းချုပ်မျဉ်းကို အိန္ဒိယတပ်ဖွဲ့ဝင်များက ၂-ကြိမ်တိုင်တိုင် ကျူးကျော်ဝင်ရောက်ကာ တရုတ်တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယအနေဖြင့် နှစ်နိုင်ငံသဘောတူညီချက်ကို လေးစားရန် လိုအပ်ကြောင်း ရေးသားသည်ကို တွေ့ရှိရ ပါတယ်။ ပိုင်ဆိုင်မှုအငြင်းပွား လျှက်ရှိသော ဟိမဝန္တာ နယ်စပ်ဒေသတွင် တရုတ်တပ်များ နှင့် ပဋိပက္ခဖြစ်ပွား ရာ၌ အိန္ဒိယစစ်သား အနည်းဆုံး (၂၀) ဦး သေဆုံးကြောင်း နယူးဒေလီအာဏာပိုင်တို့ ပြောဆိုလိုက်ပါတယ်။ယခု အဖြစ်အပျက်သည် တင်းမာမှုများမြင့်တက်လျှက်ရှိသော တရုတ်-အိန္ဒိယနှစ်နိုင်ငံ အကြား ၄၅ နှစ်ထက် မနည်းကာလ အတွင်း ပထမဆုံး လူသေဆုံးရသည့် နယ်စပ်ဒေသ ထိပ်တိုက်တွေ့မှုဖြစ်ပါတယ်။ အိန္ဒိယတပ်မတော် က စောစောပိုင်းပြောကြားရာတွင် တနင်္လာနေ့ ညနေပိုင်းဟိမဝန္တာ “ လာဒက် “ ဒေသပဋိပက္ခ၌ ၎င်းတို့ ဘက်မှ သေဆုံးသူ ၃-ဦးရှိပြီး နှစ်ဖက်စလုံးတွင် ထိခိုက်သေဆုံးမှုရှိကြောင်း ပါရှိခဲ့ပါတယ်။

သို့သော် အင်္ဂါနေ့ နယူးဒေလီ အရာရှိများပြောကြားရာတွင်မူ အိန္ဒိယဖက်မှ ထိခိုက်သူအတော်များများမှာ ဒါဏ်ရာပြင်းထန်မှုကြောင့် သေ ဆုံးခဲ့ရကြောင်း ဖော်ပြ ထားပါတယ်။တရုတ်သည် ဂယ်လ်ဝမ်တောင်ကြားရှိ အမှန်တကယ်ထိန်းချုပ်မျဉ်းအား လေးစားကြရန် ယခင်ရက် သတ္တပတ် နှစ်နိုင်ငံ သဘောတူညီ ချက်ကို ချိုးဖောက်ကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဋ္ဌာန က စွပ်စွဲထားပါတယ်။ ပိုင်ဆိုင်မှုအငြင်း ပွားလျှက်ရှိသော နှစ်နိုင်ငံနယ်စပ်တွင် ယခု တစ်ကြိမ်အပါအဝင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၅ နှစ် ကျော်အတွင်း နှစ်ဖက်စလုံးက သေနတ် လက်နက် အသုံးပြုပစ်ခတ်ခဲ့ခြင်း မရှိကြောင်း အိန္ဒိယက ပြောဆိုခဲ့ပါတယ်။

လက်နက်အသုံးမပြုကြသော်လည်း မည်သည့်နည်းနှင့် လူသေဆုံးရသည်ကို ရှင်းလင်းမသိရှိရသော်လည်း ကျောက်တုံး၊ တင်းပုတ်များဖြင့် နှစ်ဖက်တိုက်ခိုက်ကြခြင်း ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ ဒေသခံ များကတော့ အိန္ဒိယ စစ်သားတွေဟာ ရိုက်နှက်ခံရမှု ကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ပြောဆို နေကြပါတယ်။

REF:    Oung Marine

Add a Comment

Your email address will not be published. Required fields are marked *