ေဖာင္ႀကီး ငမိုးရိပ္ဆည္ထဲကေန ေပၚလာတဲ့ ႏွစ္ေပါင္း တရာေက်ာ္က တည္ရွိခဲ့တဲ့ ဝါးေခ်ာင္း ႐ြာပ်က္ႀကီး

ငမိုးရိပ္ေရျပည့္ခ်ိန္ တြင္ ႐ြာအမ်ားစုမွာ ႐ြာရွိခဲ့မွန္း မသိရေလာက္ေအာင္ ေရေအာက္နစ္ျမဳပ္လ်က္ရွိ၏။ အ ကြၽႏ္ုပ္တို႔ေရာက္ရွိစဥ္ ဆည္ေရ နည္းေသာေၾကာင့္ ယ ခင္႐ြာေဟာင္းရာမ်ားကို ျမင္ေတြ႕ ခဲ့ရၿပီး ဝါးေခ်ာင္း႐ြာႀကီးဆိုလွ်င္ ႐ြာပ်က္ႀကီးတစ္ခုလို ျဖစ္က်န္ခဲ့သည္။ ထို႐ြာအ နီးစြန႔္ပစ္ ထားသည့္ ေျမေပၚေတြ႕ရွိခ်က္မ်ားက သက္ေသျဖစ္သည္။ ငယ္ငယ္က ေဖာင္ႀကီးေန ဗိုလ္သံဒိုင္(ခ)ဦးေအာင္သန္း ျဖစ္သူေျပာ ျပခဲ့သည့္ ေဖာင္ႀကီးအေၾကာင္းႏွင့္ငမိုးရိပ္ဆည္မတည္မီ ဆည္အတြင္းရွိ ေက်းလက္ေနျပည္သူတို႔၏ အေၾကာင္းမ်ားစြာကို ၾကားဖူးခဲ့သည္။

ဆည္မပိတ္မီ တခ်ိန္က စိုက္ပ်ိဳးေရာင္းခ်၍ အလြန္စည္ပင္သာယာခဲ့ေသာ ႐ြာႀကီးျဖစ္ေၾကာင္း ဇာတ္ပြဲ ဆိုင္းသံ အၿမဲလိုလို ၾကားေနရသည္ အထိ အလႉအတန္း မျပတ္ေသာ႐ြာႀကီးျဖစ္ခဲ့ေၾကာင္း ႐ိုးမႏွင့္တစပ္တည္းျဖစ္သည့္ အားေလ်ာ္စြာ ေခ်ာင္းစပ္မ်ားအနီး ကုန္းျမင့္ဂမူမ်ား ေပၚတြင္ ေျမထည္လုပ္ငန္းမ်ား ေပါႂကြယ္ခဲ့ေၾကာင္း ေရလမ္းခရီးကိုအသုံးျပဳ၍ ေဖာင္ ေလွမ်ားျဖင့္ လွည္းကူးေဒသို႔ စုန္ဆန္၍ ကူးသန္းခဲ့ ေၾကာင္း၊ နယ္ခ်ဲ႕ေတာ္လွန္ေရးကာလတြင္ ဗမာ့လြတ္လပ္ေရး တပ္မေတာ္ (BIA)ကို မ်ိဳးခ်စ္စိတ္အျပည့္ျဖင့္ တ႐ြာလုံး အားေပးကူညီခဲ့ ေၾကာင္း အၾကမ္းအားျဖင့္သိခဲ့ရသည္။

ၿပီးခဲ့သည့္ ၁၅-၆-၂၀၂၀ အတြင္း လွည္းကူးေဒသ ၏ ေျမာက္စူးစူး ေဖာင္ႀကီးငမိုးရိပ္ဆည္ထဲရွိ ဝါးေခ်ာ င္း႐ြာပ်က္ႀကီးသို႔ ေရာက္ရွိခဲ့ရာတြင္ ေျမျပင္အေျခအ ေနမ်ားကို မ်က္ျမင္ကိုယ္ေတြ႕သိရွိခဲ့ရၿပီး ထိုက္သင့္သည့္ သတင္းအခ်က္အလက္မ်ားကိုလည္း ရရွိခဲ့၏။ၿပီးျပည့္စုံသည့္ သတင္း အခ်က္အလက္ရရွိမူ မဟုတ္ေသာ္လည္း ထိုေဒသတြင္ ဘာေတြျဖစ္ခဲ့သည္ စသျဖင့္ေဒသ၏ ပထဝီအေနအထား၊ သဘာဝပတ္ဝန္း က်င္တို႔ကို မ်က္ျမင္ကိုယ္ေတြ႕ျဖစ္ခဲ့သည္။ ထိုကာလမွာ ငမိုးရိပ္ဆည္ မတည္မီႏွင့္ တည္ၿပီးကာလ ေလာက္သာ မဆိုလိုပါ။ အင္းစိန္ ဂဇက္ ဒီးယားဆိုေသာ သတင္းမွာ ထိုေဒသ သို႔ မေရာက္မီ ယုံၾကည္ဖို႔ခက္ခဲခဲ့ေသာ္လည္း ။

အမွန္တကယ္ ေရာက္သြားေသာအခါတြင္မူ ေျမေပၚ အေထာက္အထားမ်ားက မ်က္ျမင္သက္ေသ ျဖစ္ေနေတာ့သည္။၁၉၄၂ ႏွစ္ဆန္းတြင္ ဖက္ဆစ္ဂ်ပန္ႏွင့္ BIA တို႔ရဲ႕ ပူးေပါင္း ထိုးစစ္ေၾကာင့္ ၿဗိတိသွ်တပ္မ်ား ႐ိုးမေတာတေလွ်ာက္ ဆုတ္ခြာ လာခဲ့ရသည္။ ထိုသို႔ဆုတ္ခြာေနစဥ္ ေဖာင္ႀကီးေက်း႐ြာအုပ္စုတြင္ ပါဝင္ေသာ ဝါးေခ်ာင္း႐ြာအနီးသို႔ အေရာက္တြင္ ေဆးကိုင္း႐ြာကို အေျချပဳေနေသာ ဗမာ့လြတ္လပ္ေရး တပ္ မေတာ္ (BIA)မွ စစ္ေၾကာင္းက ၿဗိတိသွ်တပ္မ်ားကို ခ်ဳံခိုတိုက္ခိုက္ခဲ့ရာ ၿဗိတိသွ်တပ္မ်ား အက်အဆုံးမ်ား၍အထိနာစြာ ဆုတ္ခြာသြားခဲ့ ရသည္။ (၁၉၄၂မွာ ၁၉၄၅ အၾကား ျမန္မာျပည္တိုက္ပြဲစဥ္မ်ား)မည္သို႔ပင္ဆိုၾကပါေစ ။

ေက်း႐ြာသူ/ ေက်း႐ြာသားမ်ား ၏ ေၾကကြဲဖြယ္ ျဖစ္ရပ္ဆိုးမ်ား နယ္ခ်ဲ႕ တို႔ က်ဴးလြန္ခဲ့ေသာ အျခားစစ္ ရာဇဝတ္မႈမ်ား၊ မွတ္တမ္းမွတ္ရာမ ရွိေသာ လူမသိသူမသိ ေဖာင္ႀကီးေဒသျဖစ္စဥ္မ်ားစြာ ရွိေနေသးမည္ဟု မိမိယုံၾကည္ေနမိပါသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ဒုတိယကမာၻ စစ္ႀကီးအတြင္း ၁၉၄၂ မွ ၁၉၄၅ အၾကား ျမန္မာျပည္တိုက္ပြဲစဥ္မ်ားတြင္ မဟာမိတ္တပ္ဖြဲ႕ဝင္ ၂၀၇၂၄၄ ခန႔္ႏွင့္ BIAအပါ အဝင္ ဝင္႐ိုးတန္း ဘက္မွ ၂၁၀၀၀၀ ခန႔္ က်ဆုံးခဲ့ေသာ္ လည္း ျမန္မာလူမ်ိဳးအရပ္သား ေသဆုံးမႈႏႈန္းကိုမူ အနည္းဆုံး၂သိန္းခြဲမွ အမ်ားဆုံ း၁သန္းအထိ ရွိႏိုင္ေၾကာင္း ခန႔္မွန္းထားၾကသည္။

သမိုင္းအမွတ္အသား အားနည္း၍ ယေန႔တိုင္မည္သည့္ မွတ္တမ္းတြင္မွ ငမိုးရိပ္ဆည္မျပဳမီ ေရွး႐ြာႀကီးမ်ားအေၾကာင္းကို တိတိက်က် ေဖာ္ျပထားႏိုင္ျခင္းကို မေတြ႕ဘူေသးေသာ္လည္း လက္လွမ္းမွီေသာ ကိုလိုနီေခတ္ တစိပ္တေဒသကိုသာ ထုတ္ႏႈတ္ေဖာ္ျပလိုက္ရျခင္း ျဖစ္ပါသည္။ သို႔ေသာ္သမိုင္းပညာရွင္ ေဒါက္တာသန္းထြန္းအဆိုအရ ပ်ဴေတြဘယ္ေရာက္သြားသလဲေမးရင္ ေဟာဒီ ငမိုးရိပ္ေခ်ာင္းဖ်ား တီေကြၽ(ခ) တီတြတ္ေခၚ မဟူရာၿမိဳ႕ေဟာင္းတြင္ရွိသတဲ့။ ဤသို႔ဆိုလွ်င္ ငမိုး ရိပ္ဆည္အတြင္း ဝါးေခ်ာင္း႐ြာမွစ၍ ေရျမဳပ္ ဧရိယာတစ္ ေလွ်ာက္လုံးကား မဟူရာၿမိဳ႕ေဟာင္း၏ နယ္နိမိတ္တည္း။

ေမတၱာအားျဖင့္ မင္းေသြးအိမ္

REF: LET PAN

UNICODE

ဖောင်ကြီး ငမိုးရိပ်ဆည်ထဲကနေ ပေါ်လာတဲ့ နှစ်ပေါင်း တရာကျော်က တည်ရှိခဲ့တဲ့ ဝါးချောင်း ရွာပျက်ကြီး

ငမိုးရိပ်ရေပြည့်ချိန် တွင် ရွာအများစုမှာ ရွာရှိခဲ့မှန်း မသိရလောက်အောင် ရေအောက်နစ်မြုပ်လျက်ရှိ၏။ အ ကျွန်ုပ်တို့ရောက်ရှိစဉ် ဆည်ရေ နည်းသောကြောင့် ယ ခင်ရွာဟောင်းရာများကို မြင်တွေ့ ခဲ့ရပြီး ဝါးချောင်းရွာကြီးဆိုလျှင် ရွာပျက်ကြီးတစ်ခုလို ဖြစ်ကျန်ခဲ့သည်။ ထိုရွာအ နီးစွန့်ပစ် ထားသည့် မြေပေါ်တွေ့ရှိချက်များက သက်သေဖြစ်သည်။ ငယ်ငယ်က ဖောင်ကြီးနေ ဗိုလ်သံဒိုင်(ခ)ဦးအောင်သန်း ဖြစ်သူပြော ပြခဲ့သည့် ဖောင်ကြီးအကြောင်းနှင့်ငမိုးရိပ်ဆည်မတည်မီ ဆည်အတွင်းရှိ ကျေးလက်နေပြည်သူတို့၏ အကြောင်းများစွာကို ကြားဖူးခဲ့သည်။

ဆည်မပိတ်မီ တချိန်က စိုက်ပျိုးရောင်းချ၍ အလွန်စည်ပင်သာယာခဲ့သော ရွာကြီးဖြစ်ကြောင်း ဇာတ်ပွဲ ဆိုင်းသံ အမြဲလိုလို ကြားနေရသည် အထိ အလှူအတန်း မပြတ်သောရွာကြီးဖြစ်ခဲ့ကြောင်း ရိုးမနှင့်တစပ်တည်းဖြစ်သည့် အားလျော်စွာ ချောင်းစပ်များအနီး ကုန်းမြင့်ဂမူများ ပေါ်တွင် မြေထည်လုပ်ငန်းများ ပေါကြွယ်ခဲ့ကြောင်း ရေလမ်းခရီးကိုအသုံးပြု၍ ဖောင် လှေများဖြင့် လှည်းကူးဒေသို့ စုန်ဆန်၍ ကူးသန်းခဲ့ ကြောင်း၊ နယ်ချဲ့တော်လှန်ရေးကာလတွင် ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA)ကို မျိုးချစ်စိတ်အပြည့်ဖြင့် တရွာလုံး အားပေးကူညီခဲ့ ကြောင်း အကြမ်းအားဖြင့်သိခဲ့ရသည်။

ပြီးခဲ့သည့် ၁၅-၆-၂၀၂၀ အတွင်း လှည်းကူးဒေသ ၏ မြောက်စူးစူး ဖောင်ကြီးငမိုးရိပ်ဆည်ထဲရှိ ဝါးချော င်းရွာပျက်ကြီးသို့ ရောက်ရှိခဲ့ရာတွင် မြေပြင်အခြေအ နေများကို မျက်မြင်ကိုယ်တွေ့သိရှိခဲ့ရပြီး ထိုက်သင့်သည့် သတင်းအချက်အလက်များကိုလည်း ရရှိခဲ့၏။ပြီးပြည့်စုံသည့် သတင်း အချက်အလက်ရရှိမူ မဟုတ်သော်လည်း ထိုဒေသတွင် ဘာတွေဖြစ်ခဲ့သည် စသဖြင့်ဒေသ၏ ပထဝီအနေအထား၊ သဘာဝပတ်ဝန်း ကျင်တို့ကို မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သည်။ ထိုကာလမှာ ငမိုးရိပ်ဆည် မတည်မီနှင့် တည်ပြီးကာလ လောက်သာ မဆိုလိုပါ။ အင်းစိန် ဂဇက် ဒီးယားဆိုသော သတင်းမှာ ထိုဒေသ သို့ မရောက်မီ ယုံကြည်ဖို့ခက်ခဲခဲ့သော်လည်း ။

အမှန်တကယ် ရောက်သွားသောအခါတွင်မူ မြေပေါ် အထောက်အထားများက မျက်မြင်သက်သေ ဖြစ်နေတော့သည်။၁၉၄၂ နှစ်ဆန်းတွင် ဖက်ဆစ်ဂျပန်နှင့် BIA တို့ရဲ့ ပူးပေါင်း ထိုးစစ်ကြောင့် ဗြိတိသျှတပ်များ ရိုးမတောတလျှောက် ဆုတ်ခွာ လာခဲ့ရသည်။ ထိုသို့ဆုတ်ခွာနေစဉ် ဖောင်ကြီးကျေးရွာအုပ်စုတွင် ပါဝင်သော ဝါးချောင်းရွာအနီးသို့ အရောက်တွင် ဆေးကိုင်းရွာကို အခြေပြုနေသော ဗမာ့လွတ်လပ်ရေး တပ် မတော် (BIA)မှ စစ်ကြောင်းက ဗြိတိသျှတပ်များကို ချုံခိုတိုက်ခိုက်ခဲ့ရာ ဗြိတိသျှတပ်များ အကျအဆုံးများ၍အထိနာစွာ ဆုတ်ခွာသွားခဲ့ ရသည်။ (၁၉၄၂မှာ ၁၉၄၅ အကြား မြန်မာပြည်တိုက်ပွဲစဉ်များ)မည်သို့ပင်ဆိုကြပါစေ ။

ကျေးရွာသူ/ ကျေးရွာသားများ ၏ ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများ နယ်ချဲ့ တို့ ကျူးလွန်ခဲ့သော အခြားစစ် ရာဇဝတ်မှုများ၊ မှတ်တမ်းမှတ်ရာမ ရှိသော လူမသိသူမသိ ဖောင်ကြီးဒေသဖြစ်စဉ်များစွာ ရှိနေသေးမည်ဟု မိမိယုံကြည်နေမိပါသည်။ အဘယ့်ကြောင့်ဆိုသော် ဒုတိယကမ္ဘာ စစ်ကြီးအတွင်း ၁၉၄၂ မှ ၁၉၄၅ အကြား မြန်မာပြည်တိုက်ပွဲစဉ်များတွင် မဟာမိတ်တပ်ဖွဲ့ဝင် ၂၀၇၂၄၄ ခန့်နှင့် BIAအပါ အဝင် ဝင်ရိုးတန်း ဘက်မှ ၂၁၀၀၀၀ ခန့် ကျဆုံးခဲ့သော် လည်း မြန်မာလူမျိုးအရပ်သား သေဆုံးမှုနှုန်းကိုမူ အနည်းဆုံး၂သိန်းခွဲမှ အများဆုံ း၁သန်းအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။

သမိုင်းအမှတ်အသား အားနည်း၍ ယနေ့တိုင်မည်သည့် မှတ်တမ်းတွင်မှ ငမိုးရိပ်ဆည်မပြုမီ ရှေးရွာကြီးများအကြောင်းကို တိတိကျကျ ဖော်ပြထားနိုင်ခြင်းကို မတွေ့ဘူသေးသော်လည်း လက်လှမ်းမှီသော ကိုလိုနီခေတ် တစိပ်တဒေသကိုသာ ထုတ်နှုတ်ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။ သို့သော်သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းအဆိုအရ ပျူတွေဘယ်ရောက်သွားသလဲမေးရင် ဟောဒီ ငမိုးရိပ်ချောင်းဖျား တီကျွေ(ခ) တီတွတ်ခေါ် မဟူရာမြို့ဟောင်းတွင်ရှိသတဲ့။ ဤသို့ဆိုလျှင် ငမိုး ရိပ်ဆည်အတွင်း ဝါးချောင်းရွာမှစ၍ ရေမြုပ် ဧရိယာတစ် လျှောက်လုံးကား မဟူရာမြို့ဟောင်း၏ နယ်နိမိတ်တည်း။

မေတ္တာအားဖြင့် မင်းသွေးအိမ်

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *