ေျမာက္ကိုရီးယားက တမင္ရန္စသည့္ လုပ္ေဆာင္ခ်က္မွန္သမွ်ကို ျပင္းျပင္းထန္ထန္ တုံ႔ျပန္သြားမည္ဟု ေတာင္ကိုရီးယားထုတ္ျပန္

ယခု လက္ရွိ လုံၿခဳံေရး အေျခအေနအရ ေတာင္ကိုရီးယားစစ္တပ္က ေျမာက္ကိုရီးယား စစ္တပ္ရဲ႕ လႈပ္ရွားမႈေတြကို အခ်ိန္ျပည့္ အနီးကပ္ ေစာင့္ၾကည့္ေနပါတယ္၊ လက္ရွိအေျခအေနကို စစ္ေရး အက်ပ္အတည္းတစ္ခုအျဖစ္ အရွိန္ျမင့္မသြားေအာင္ တားဆီးဖို႔ အေကာင္းဆုံး စီမံ လုပ္ေဆာင္ေနပါတယ္” ဟု ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္သည္။ အကယ္၍ ေျမာက္ကိုရီးယားဘက္က တမင္ ဆြတဲ့ စစ္ေရး လုပ္ေဆာင္ခ်က္ေတြ လုပ္လာရင္ ကြၽန္ေတာ္တို႔ စစ္တပ္ကလည္း ျပင္းျပင္းထန္ထန္ တုံ႔ျပန္သြားမွာ ပါ” ဟု ဆိုသည္။

ႏွစ္ဘက္ သေဘာတူညီခ်က္ေအာက္ရွိ စစ္မဲ့ဇုန္မ်ားသို႔ တပ္ဖြဲ႕ဝင္မ်ား ေ႐ႊ႕ေျပာင္းၿပီး ေရွ႕တန္းမ်ဥ္းကို ခံတပ္တစ္ခုအျဖစ္ ေျပာင္းလဲမည့္ အစီအစဥ္တစ္ခုႏွင့္ပတ္သက္၍ သုံးသပ္ေလ့လာေနသည္ဆိုၿပီး အေစာပိုင္းတစ္ရပ္က ေျမာက္ကိုရီးယားစစ္တပ္ စစ္ဦးစီးခ်ဳပ္႐ုံးက ထုတ္ ျပန္ထားခဲ့သည္။ေျမာက္ကိုရီးယားဘက္က တမင္ရန္စသည့္ စစ္ေရးဆိုင္ရာ လုပ္ေဆာင္ခ်က္မွန္သမွ်ကို ျပင္းျပင္းထန္ထန္ တုံ႔ျပန္သြား မည္ျဖစ္ေၾကာင္း ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနက ဇြန္လ ၁၆ ရက္တြင္ ထုတ္ျပန္ခဲ့သည္။

ကိုရီးယားႏွစ္ႏိုင္ငံ ဆက္ဆံေရး႐ုံးကို ေျမာက္ကိုရီးယားတို႔က ေဖာက္ခြဲဖ်က္ဆီးပစ္ခဲ့ၿပီးေနာက္ပိုင္း ကိုရီးယားကြၽန္းဆြယ္တြင္ တင္းမာမႈ မ်ား ျပန္လည္ ျမင့္တက္လာေနခဲ့သည္။နယ္စပ္ကို ျဖတ္၍ ဆန႔္က်င္ေသာ လက္ကမ္း စာေစာင္မ်ား ပို႔လႊတ္ေန သည့္ ေတာင္ကိုရီးယား တက္ႂကြလႈပ္ရွားသူမ်ား၏ လုပ္ရပ္ကို ဆန႔္က်င္ကန႔္ကြက္ေသာအားျဖင့္ ဆက္ဆံေရး႐ုံးကို ၿဖိဳခ်ပစ္မည္ဟု ကင္ဂ်ဳံအြန္း၏ ညီမ ကင္ယိုဂ်ဳံ က ယင္းမတိုင္မီ သုံးရက္ခန႔္က သတိေပးေျပာဆိုခဲ့သည္။

ဆက္ဆံေရး႐ုံး ၿဖိဳခ်ဖ်က္ဆီးျခင္းႏွင့္အတူ ေျမာက္ကိုရီးယားအေနျဖင့္ စစ္ေရးအရ အေရးယူလုပ္ေဆာင္ျခင္း၊ ကိုရီးယားႏွစ္ႏိုင္ငံ သေဘာ တူညီခ်က္မ်ားေအာက္တြင္ လက္နက္ျဖဳတ္သိမ္းထားေသာ နယ္စပ္ေဒသမ်ားသို႔ တပ္ဖြဲ႕ဝင္မ်ား ေ႐ႊ႕ေျပာင္းျခင္း အပါအ၀င္ ေတာင္ကိုရီး ယားအေပၚ အျခားေသာ ၿခိမ္းေျခာက္မႈမ်ား လုပ္လာႏိုင္သည့္ အေျခအေနမ်ားႏွင့္ပတ္သက္၍ စိုးရိမ္ပူပန္မႈမ်ားကို ျမင့္တက္ေစခဲ့သည္။

REF: THE LIFESTYLE MYANMAR

UNICODE

မြောက်ကိုရီးယားက တမင်ရန်စသည့် လုပ်ဆောင်ချက်မှန်သမျှကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု တောင်ကိုရီးယားထုတ်ပြန်

ယခု လက်ရှိ လုံခြုံရေး အခြေအနေအရ တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယား စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို အချိန်ပြည့် အနီးကပ် စောင့်ကြည့်နေပါတယ်၊ လက်ရှိအခြေအနေကို စစ်ရေး အကျပ်အတည်းတစ်ခုအဖြစ် အရှိန်မြင့်မသွားအောင် တားဆီးဖို့ အကောင်းဆုံး စီမံ လုပ်ဆောင်နေပါတယ်” ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အကယ်၍ မြောက်ကိုရီးယားဘက်က တမင် ဆွတဲ့ စစ်ရေး လုပ်ဆောင်ချက်တွေ လုပ်လာရင် ကျွန်တော်တို့ စစ်တပ်ကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမှာ ပါ” ဟု ဆိုသည်။

နှစ်ဘက် သဘောတူညီချက်အောက်ရှိ စစ်မဲ့ဇုန်များသို့ တပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းပြီး ရှေ့တန်းမျဉ်းကို ခံတပ်တစ်ခုအဖြစ် ပြောင်းလဲမည့် အစီအစဉ်တစ်ခုနှင့်ပတ်သက်၍ သုံးသပ်လေ့လာနေသည်ဆိုပြီး အစောပိုင်းတစ်ရပ်က မြောက်ကိုရီးယားစစ်တပ် စစ်ဦးစီးချုပ်ရုံးက ထုတ် ပြန်ထားခဲ့သည်။မြောက်ကိုရီးယားဘက်က တမင်ရန်စသည့် စစ်ရေးဆိုင်ရာ လုပ်ဆောင်ချက်မှန်သမျှကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွား မည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားတို့က ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ပြီးနောက်ပိုင်း ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှု များ ပြန်လည် မြင့်တက်လာနေခဲ့သည်။နယ်စပ်ကို ဖြတ်၍ ဆန့်ကျင်သော လက်ကမ်း စာစောင်များ ပို့လွှတ်နေ သည့် တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများ၏ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်သောအားဖြင့် ဆက်ဆံရေးရုံးကို ဖြိုချပစ်မည်ဟု ကင်ဂျုံအွန်း၏ ညီမ ကင်ယိုဂျုံ က ယင်းမတိုင်မီ သုံးရက်ခန့်က သတိပေးပြောဆိုခဲ့သည်။

ဆက်ဆံရေးရုံး ဖြိုချဖျက်ဆီးခြင်းနှင့်အတူ မြောက်ကိုရီးယားအနေဖြင့် စစ်ရေးအရ အရေးယူလုပ်ဆောင်ခြင်း၊ ကိုရီးယားနှစ်နိုင်ငံ သဘော တူညီချက်များအောက်တွင် လက်နက်ဖြုတ်သိမ်းထားသော နယ်စပ်ဒေသများသို့ တပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းခြင်း အပါအ၀င် တောင်ကိုရီး ယားအပေါ် အခြားသော ခြိမ်းခြောက်မှုများ လုပ်လာနိုင်သည့် အခြေအနေများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့သည်။

REF:    THE  LIFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *