ျမန္မာအလုပ္သမား မိသားစု ထိုင္းထီ ပထမဆု ဘတ္(၆)သန္းကို ဆြတ္ခူး
|ကံထူးရွင္မိသားစုမွာ ထိုင္းထီေပါက္ ခဲ့ျခင္းေၾကာင့္ ထိုင္းႏိုင္ငံတြင္ (၈)ႏွစ္ၾကာ လုပ္ကိုင္ခဲ့ေသာ ပန္းရံအလုပ္ကို စြန႔္လႊတ္ၿပီး ျမန္မာျပည္ သို႔ အၿပီးျပန္လာေတာ့မည္ျဖစ္ပါသည္။ဇြန္လ ၁၆ ရက္ကထြက္ခဲ့သည့္ ထိုင္းထီပထမဆု ဘတ္ေငြ (၆)သန္းအား ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ ပထုန္ဌာနီ စိုင္မိုင္နယ္ေျမရွိ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ တခုမွာ ပန္းရံျမန္မာအလုပ္သမား မိသားတစ္စုက ဆြတ္ခူးရရွိခဲ့ပါတယ္။
ကံထူးရွင္ ေ႐ႊ႕ေျပာင္းလုပ္သာ မိသားစုမွာ ပဲခူးတိုင္း ေဒသႀကီး ေတာင္ငူခ႐ိုင္၊ ထန္းတပင္ၿမိဳ႕နယ္ ဇရပ္ႀကီးအပိုင္ အင္ၾကင္းသာေက်း႐ြာ ဇာတိျဖစ္ေသာ ကိုဖိုးေသာ္+မျဖဴ ျဖဴ ခိုင္ ႏွင့္ သား ထက္ျမက္ဦး တို႔မိသားစုျဖစ္ၿပီး သူတို႔၏ အလုပ္သမား ေခါင္းေဆာင္(ထိုင္းလူမ်ိဳး) ၏ သားျဖစ္သူ ေရာင္းေသာ ထီအား တေယာက္တေစာင္စီကံစမ္းရာမွ သားျဖစ္သူ၏ ထီလက္မွတ္မွ ကံထူးခဲ့ေၾကာင္း သိရပါသည္။
ကံထူးသည့္ ပထမဆု ထီနံပါတ္မွာ ၅၁၆၉၆၇ ျဖစ္ၿပီးAAC အလုပ္သမားကူညီေရး မဟာမိတ္အဖြဲ႕မွ ဆုေငြထုတ္ ယူၿပီး ျမန္မာျပည္အ ေရာက္ ဘဏ္မွတဆင့္ ေငြလႊဲပို႔ျခင္း အိမ္အေရာက္ အႏၲရာယ္ကင္းစြာ ျပန္ႏိုင္ေရး ကိစၥေတြကအစ သံအရာရွိႏွင့္ခ်ိတ္ဆက္၍ ကူညီေပး ေနေၾကာင္းသိရပါသည္။
Credit: ဇင္ မိုး
UNICODE
မြန်မာအလုပ်သမား မိသားစု ထိုင်းထီ ပထမဆု ဘတ်(၆)သန်းကို ဆွတ်ခူး
ကံထူးရှင်မိသားစုမှာ ထိုင်းထီပေါက် ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံတွင် (၈)နှစ်ကြာ လုပ်ကိုင်ခဲ့သော ပန်းရံအလုပ်ကို စွန့်လွှတ်ပြီး မြန်မာပြည် သို့ အပြီးပြန်လာတော့မည်ဖြစ်ပါသည်။ဇွန်လ ၁၆ ရက်ကထွက်ခဲ့သည့် ထိုင်းထီပထမဆု ဘတ်ငွေ (၆)သန်းအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပထုန်ဌာနီ စိုင်မိုင်နယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုမှာ ပန်းရံမြန်မာအလုပ်သမား မိသားတစ်စုက ဆွတ်ခူးရရှိခဲ့ပါတယ်။
ကံထူးရှင် ရွှေ့ပြောင်းလုပ်သာ မိသားစုမှာ ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးအပိုင် အင်ကြင်းသာကျေးရွာ ဇာတိဖြစ်သော ကိုဖိုးသော်+မဖြူ ဖြူ ခိုင် နှင့် သား ထက်မြက်ဦး တို့မိသားစုဖြစ်ပြီး သူတို့၏ အလုပ်သမား ခေါင်းဆောင်(ထိုင်းလူမျိုး) ၏ သားဖြစ်သူ ရောင်းသော ထီအား တယောက်တစောင်စီကံစမ်းရာမှ သားဖြစ်သူ၏ ထီလက်မှတ်မှ ကံထူးခဲ့ကြောင်း သိရပါသည်။
ကံထူးသည့် ပထမဆု ထီနံပါတ်မှာ ၅၁၆၉၆၇ ဖြစ်ပြီးAAC အလုပ်သမားကူညီရေး မဟာမိတ်အဖွဲ့မှ ဆုငွေထုတ် ယူပြီး မြန်မာပြည်အ ရောက် ဘဏ်မှတဆင့် ငွေလွှဲပို့ခြင်း အိမ်အရောက် အန္တရာယ်ကင်းစွာ ပြန်နိုင်ရေး ကိစ္စတွေကအစ သံအရာရှိနှင့်ချိတ်ဆက်၍ ကူညီပေး နေကြောင်းသိရပါသည်။
Credit: ဇင် မိုး