တ႐ုတ္ႏိုင္ငံတြင္ အက်ဥ္းက် ခံရၿပီး ျမန္မာႏိုင္ငံ သို႔ ျပန္လည္လႊဲေျပာင္း ေပးခဲ့သူမ်ား အနက္ အခ်ိဳ႕တြင္ HIVႏွင့္ တီဘီပိုးမ်ား ေတြ႕ရွိရ

တ႐ုတ္ႏိုင္ငံ အက်ဥ္းေထာင္မွ ျပန္လာသူမ်ားတြင္ ကူးစက္ေရာဂါ ေတြ႕ရွိမႈႏွင့္ ပတ္သက္၍ ျပည္ဝင္ျပည္ထြက္ စစ္ေဆးေရး ဂိတ္မ်ားတြင္ က်န္းမာေရး စစ္ေဆးမႈမ်ား အစဥ္တစိုက္ ျပဳလုပ္ေပးရန္ႏွင့္ ႏိုင္ငံေတာ္မွ က်န္းမာေရးဝန္ထမ္းမ်ား လုံေလာက္စြာ ေစလႊတ္ေပးရန္ မူဆယ္ ေဒသခံမ်ားက လိုလားေနၾကသည္။

COVID-19 ကာလအတြင္း ဧၿပီလမွ ဇြန္လအတြင္း တ႐ုတ္ႏိုင္ငံတြင္ အက်ဥ္းက်ခံေနရသူ ၁၀၀၀ ေက်ာ္အား ျမန္မာႏိုင္ငံသို႔ ျပန္လည္လႊဲ ေျပာင္းရာ ၎တို႔ကို မူဆယ္ၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဌာနက COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရး လုပ္ငန္မ်ားႏွင့္ က်န္း မာေရး ေစာင့္ေရွာက္မႈ ျပဳလုပ္ ေပးခဲ့ရာမွ လႊဲေျပာင္းလာသူ တခ်ိဳ႕တြင္ ကူးစက္တတ္ေသာေရာဂါမ်ား ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။

COVID-19 ကပ္ေရာဂါ ျဖစ္ပြားစဥ္ ကာလအတြင္း တ႐ုတ္ႏိုင္ငံ အက်ဥ္းေထာင္ အသီးသီးတြင္ အေၾကာင္းအ မ်ိဳးမ်ိဳးေၾကာင့္ အက်ဥ္းက် ခံေနရသူ ျမန္မာႏိုင္ငံသားမ်ားအား တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္း လာသူမ်ားထဲတြင္ ခုခံအားက်ဆင္းမႈေရာဂါ HIV ေရာဂါပိုးႏွင့္ တီဘီေရာဂါမ်ား ေတြ႕ရွိခဲ့‌ေၾကာင္း မူဆယ္ခ႐ိုင္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွ သိရသည္။

“တ႐ုတ္ႏိုင္ငံ အက်ဥ္းေထာင္ အသီးသီးမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အက်ဥ္းက် ခံေနရသူ ေတြ ျမန္မာႏိုင္ငံ ကို ျပန္လည္ လႊဲေျပာင္း လာရာ မွာ အသုတ္လိုက္ အသုတ္လိုက္ လူဦးေရ ၁၀၀၀ ေက်ာ္ကို က်န္းမာေရး စစ္ေဆးမႈ ေတြ ျပဳလုပ္ခဲ့ပါတယ္။ အဲဒီထဲ က အမ်ိဳးသား ေကာ အမ်ိဳးသမီး ေကာ စုစုေပါင္း ၂၀ ေက်ာ္ မွာ ခုခံအား က်ဆင္းမႈ ေရာဂါ HIV ပိုးေတြ႕ရွိ ထားပါတယ္” ဟု မူဆယ္ ခ႐ိုင္ ျပည္သူ႔က်န္း မာေရး ဦးစီးဌာန မွ ေဒါက္တာဟန္ႏိုင္စိုးက ေျပာၾကားသည္။

တ႐ုတ္ႏိုင္ငံ အက်ဥ္းေထာင္မွ ျပန္လည္လႊဲေျပာင္း လာသူမ်ားႏွင့္ COVID-19 ေရာဂါ သံသယလူနာအျဖစ္ ေတြ႕ရွိ ရသူမ်ားကိုလည္း တို႔ဖတ္နမူနာမ်ားရယူ၍ ရန္ကုန္ရွိ အမ်ိဳးသား က်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာနသို႔ ေပးပို႔စစ္ေဆးရာတြင္ COVID-19 ေရာဂါမေတြ႕ ရွိရေသာ္လည္း တခ်ိဳ႕တြင္ တီဘီေရာဂါမ်ား ေတြ႕ရွိရေၾကာင္း သိရသည္ဟု ေဒါက္တာဟန္ႏိုင္စိုးက ေျပာၾကားသည္။

၎ေရာဂါပိုး ေတြ႕ရွိသူမ်ားအား က်န္းမာေရးဆိုင္ရာ အသိပညာေပးျခင္း၊ Counseling လုပ္ငန္းမ်ား ျပဳလုပ္ေပးျခင္းမ်ားကို စနစ္တက်ျပဳ လုပ္ကာ ၎တို႔ေနရပ္တြင္ ဆက္လက္ေဆးဝါးကုသမႈ ခံယူႏိုင္ရန္ ျပဳလုပ္ေပးခဲ့ေၾကာင္း သိရ သည္။

REF: EMG

UNICODE

တရုတ်နိုင်ငံတွင် အကျဉ်းကျ ခံရပြီး မြန်မာနိုင်ငံ သို့ ပြန်လည်လွှဲပြောင်း ပေးခဲ့သူများ အနက် အချို့တွင် HIVနှင့် တီဘီပိုးများ တွေ့ရှိရ

တရုတ်နိုင်ငံ အကျဉ်းထောင်မှ ပြန်လာသူများတွင် ကူးစက်ရောဂါ တွေ့ရှိမှုနှင့် ပတ်သက်၍ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေး ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှုများ အစဉ်တစိုက် ပြုလုပ်ပေးရန်နှင့် နိုင်ငံတော်မှ ကျန်းမာရေးဝန်ထမ်းများ လုံလောက်စွာ စေလွှတ်ပေးရန် မူဆယ် ဒေသခံများက လိုလားနေကြသည်။

COVID-19 ကာလအတွင်း ဧပြီလမှ ဇွန်လအတွင်း တရုတ်နိုင်ငံတွင် အကျဉ်းကျခံနေရသူ ၁၀၀၀ ကျော်အား မြန်မာနိုင်ငံသို့ ပြန်လည်လွှဲ ပြောင်းရာ ၎င်းတို့ကို မူဆယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်များနှင့် ကျန်း မာရေး စောင့်ရှောက်မှု ပြုလုပ် ပေးခဲ့ရာမှ လွှဲပြောင်းလာသူ တချို့တွင် ကူးစက်တတ်သောရောဂါများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

COVID-19 ကပ်ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း တရုတ်နိုင်ငံ အကျဉ်းထောင် အသီးသီးတွင် အကြောင်းအ မျိုးမျိုးကြောင့် အကျဉ်းကျ ခံနေရသူ မြန်မာနိုင်ငံသားများအား တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း လာသူများထဲတွင် ခုခံအားကျဆင်းမှုရောဂါ HIV ရောဂါပိုးနှင့် တီဘီရောဂါများ တွေ့ရှိခဲ့‌ကြောင်း မူဆယ်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

“တရုတ်နိုင်ငံ အကျဉ်းထောင် အသီးသီးမှာ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျ ခံနေရသူ တွေ မြန်မာနိုင်ငံ ကို ပြန်လည် လွှဲပြောင်း လာရာ မှာ အသုတ်လိုက် အသုတ်လိုက် လူဦးရေ ၁၀၀၀ ကျော်ကို ကျန်းမာရေး စစ်ဆေးမှု တွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီထဲ က အမျိုးသား ကော အမျိုးသမီး ကော စုစုပေါင်း ၂၀ ကျော် မှာ ခုခံအား ကျဆင်းမှု ရောဂါ HIV ပိုးတွေ့ရှိ ထားပါတယ်” ဟု မူဆယ် ခရိုင် ပြည်သူ့ကျန်း မာရေး ဦးစီးဌာန မှ ဒေါက်တာဟန်နိုင်စိုးက ပြောကြားသည်။

တရုတ်နိုင်ငံ အကျဉ်းထောင်မှ ပြန်လည်လွှဲပြောင်း လာသူများနှင့် COVID-19 ရောဂါ သံသယလူနာအဖြစ် တွေ့ရှိ ရသူများကိုလည်း တို့ဖတ်နမူနာများရယူ၍ ရန်ကုန်ရှိ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးရာတွင် COVID-19 ရောဂါမတွေ့ ရှိရသော်လည်း တချို့တွင် တီဘီရောဂါများ တွေ့ရှိရကြောင်း သိရသည်ဟု ဒေါက်တာဟန်နိုင်စိုးက ပြောကြားသည်။

၎င်းရောဂါပိုး တွေ့ရှိသူများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ Counseling လုပ်ငန်းများ ပြုလုပ်ပေးခြင်းများကို စနစ်တကျပြု လုပ်ကာ ၎င်းတို့နေရပ်တွင် ဆက်လက်ဆေးဝါးကုသမှု ခံယူနိုင်ရန် ပြုလုပ်ပေးခဲ့ကြောင်း သိရ သည်။

REF:   EMG

Add a Comment

Your email address will not be published. Required fields are marked *