နယ္စပ္ အျငင္းပြားေနတဲ့ ကိစၥ တာဝန္ခံဖို႔ နဲ႔ ဒီထက္ ပို ေရွ႕မဆက္ ဖို႔ အိႏၵိယ ကို တ႐ုတ္ သတိေပးၿပီ

တ႐ုတ္နဲ႔ အိႏၵိယတို႔ဟာ ၿပီးခဲ့တဲ့ တနလၤာေန႔က ျဖစ္ခဲ့တဲ့ ႏွစ္ဘက္စစ္တပ္ ထိပ္တိုက္ေတြ႕မႈကို တစ္ဘက္နဲ႔တစ္ဘက္နဲ႔ အျပန္အလွန္ စြပ္စြဲေနၾကၿပီး ယခုအခ်ိန္မွာေတာ့ ထိပ္တိုက္ေတြ႕ေနတဲ့ နယ္စပ္ တင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔ ႏွစ္ဖက္လုံးက မူအားျဖင့္ သေဘာတူခဲ့ၾက တယ္လို႔ သိရပါတယ္။

နယ္စပ္အျငင္းပြားမႈေၾကာင့္ျဖစ္ခဲ့တဲ့ ႏွစ္ဘက္စစ္တပ္ထိပ္တိုက္ေတြ႕မႈအတြင္း အိႏၵိယစစ္သား အနည္းဆုံး ၂၀ ခန႔္ေသဆုံးခဲ့ၿပီး တ႐ုတ္ စစ္သား ၄၃ ဦး ေသဆုံးခဲ့တယ္လို႔ သတင္းေတြမွာ အျပန္အလွန္ ေရးသားေနၾကပါတယ္။တ ႐ုတ္နဲ႔ အိႏၵိယတို႔ဟာ (၂) ႏိုင္ငံနယ္စပ္အျငင္း ပြားမႈကေန ႏိုင္ငံ့စစ္တပ္ႏွစ္ခုၾကား စစ္သားေတြ ေသဆုံးဒဏ္ရာရတဲ့အထိ တိုက္ပြဲျဖစ္ပြားခဲ့တာပါ။

ႏွစ္ဘက္ စစ္ေရးတင္းမာမႈျဖစ္ေနတာကို ေလွ်ာ့ခ်ၿပီး ယခုထက္ ပိုအေျခအေန မဆိုးေစဖို႔ ကနဦး သေဘာတူညီမႈ ရခဲ့တယ္လို႔ တ႐ုတ္ ႏိုင္ငံ ျခားေရး ဝန္ႀကီးဌာနက ေျပာၾကားလိုက္ပါတယ္။တ ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထိပ္ပိုင္းသံတမန္တစ္ဦးျဖစ္သူ ယခင္ ဒုတိယႏိုင္ငံ ျခားေရးဝန္ႀကီးေဟာင္း ဝမ္ရိနဲ႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး ေဂ်းရွန္ကာ တို႔ဟာ တယ္လီဖုန္းက တစ္ဆင့္ေဆြးေႏြးေျပာၾကားခဲ့ၾကပါတယ္။

တ႐ုတ္သံတမန္ ဝမ္ရိက အိႏၵိယႏိုင္ငံအေနနဲ႔ ၎ရဲ႕ နယ္စပ္ေဒသက ေရွ႕တန္းစစ္တပ္ေတြကို ထိန္းခ်ဳပ္ဖို႔ အႀကိမ္ႀကိမ္ပ်က္ကြက္ခဲ့တယ္ လို႔ ေျပာၾကားခဲ့ၿပီး ဒီကိစၥအတြက္ အိႏၵိယဖက္ကေန အလုံးစုံတာဝန္ယူေျဖရွင္းေပးဖို႔ ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

UNICODE

နယ်စပ် အငြင်းပွားနေတဲ့ ကိစ္စ တာဝန်ခံဖို့ နဲ့ ဒီထက် ပို ရှေ့မဆက် ဖို့ အိန္ဒိယ ကို တရုတ် သတိပေးပြီ

တရုတ်နဲ့ အိန္ဒိယတို့ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဖြစ်ခဲ့တဲ့ နှစ်ဘက်စစ်တပ် ထိပ်တိုက်တွေ့မှုကို တစ်ဘက်နဲ့တစ်ဘက်နဲ့ အပြန်အလှန် စွပ်စွဲနေကြပြီး ယခုအချိန်မှာတော့ ထိပ်တိုက်တွေ့နေတဲ့ နယ်စပ် တင်းမာမှုတွေကို လျှော့ချဖို့ နှစ်ဖက်လုံးက မူအားဖြင့် သဘောတူခဲ့ကြ တယ်လို့ သိရပါတယ်။

နယ်စပ်အငြင်းပွားမှုကြောင့်ဖြစ်ခဲ့တဲ့ နှစ်ဘက်စစ်တပ်ထိပ်တိုက်တွေ့မှုအတွင်း အိန္ဒိယစစ်သား အနည်းဆုံး ၂၀ ခန့်သေဆုံးခဲ့ပြီး တရုတ် စစ်သား ၄၃ ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေမှာ အပြန်အလှန် ရေးသားနေကြပါတယ်။တ ရုတ်နဲ့ အိန္ဒိယတို့ဟာ (၂) နိုင်ငံနယ်စပ်အငြင်း ပွားမှုကနေ နိုင်ငံ့စစ်တပ်နှစ်ခုကြား စစ်သားတွေ သေဆုံးဒဏ်ရာရတဲ့အထိ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

နှစ်ဘက် စစ်ရေးတင်းမာမှုဖြစ်နေတာကို လျှော့ချပြီး ယခုထက် ပိုအခြေအနေ မဆိုးစေဖို့ ကနဦး သဘောတူညီမှု ရခဲ့တယ်လို့ တရုတ် နိုင်ငံ ခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။တ ရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိပ်ပိုင်းသံတမန်တစ်ဦးဖြစ်သူ ယခင် ဒုတိယနိုင်ငံ ခြားရေးဝန်ကြီးဟောင်း ဝမ်ရိနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ကာ တို့ဟာ တယ်လီဖုန်းက တစ်ဆင့်ဆွေးနွေးပြောကြားခဲ့ကြပါတယ်။

တရုတ်သံတမန် ဝမ်ရိက အိန္ဒိယနိုင်ငံအနေနဲ့ ၎င်းရဲ့ နယ်စပ်ဒေသက ရှေ့တန်းစစ်တပ်တွေကို ထိန်းချုပ်ဖို့ အကြိမ်ကြိမ်ပျက်ကွက်ခဲ့တယ် လို့ ပြောကြားခဲ့ပြီး ဒီကိစ္စအတွက် အိန္ဒိယဖက်ကနေ အလုံးစုံတာဝန်ယူဖြေရှင်းပေးဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *