


REF: MYANMAPLATFORM

UNICODE

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ (၅၀၀)ကျပ်တန်ငွေစက္ကူ အာဇာနည်နေ့တွင် ထုတ်ဝေမည်

လက်ရှိသုံးစွဲလျက် ရှိသည့် (၅၀၀)ကျပ်တန် ငွေစက္ကူများကိုလည်း တရားဝင် ငွေအဖြစ် ဆက်လက် တည်ရှိ မည်ဖြစ်တယ်လို့ ဗဟိုဘဏ် ကဆိုပါတယ်။အမျိုးသား ခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံဖြင့် (၅၀၀)ကျပ်တန်ငွေစက္ကူကို ဇူလိုင် ၁၉ ရက် နေ့တွင် ထုတ်ဝေ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

(၅၀၀)ကျပ်တန်ငွေစက္ကူ၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံရိုက် နှိပ်ထားပြီး ငွေစက္ကူ၏ လက် ယာဘက်တွင် ငွေစက္ကူတန်ဖိုးကို မြန်မာစာသားဖြင့် ငါးရာကျပ်ဟု ဖော်ပြ ထားကာ ထောင့် သုံးထောင့်တွင် ငွေစက္ကူတန်ဖိုးကို ဂဏန်း များနှင့် ရိုက်နှိပ်ထား ကြောင်း သိရပါတယ်။

REF:    MYANMAPLATFORM

Add a Comment

Your email address will not be published. Required fields are marked *