



REF: SHWE WIKI

UNICODE

မယ် သီလရှင်ဝတ်ထွက်လာပြီးကတည်း က အရင် လို မကြောက်တော့ ပဲ ရင်ဆိုင်နိုင်ပြီဆို တဲ့ ဇာဇာထက်

ပရိသတ်ကြီးရေ ဆက်စီ မော်ဒယ်လ် ဇာဇာထက်ကတော့ မယ်သီလရှင်ဝတ်ထွက်လာတာ မကြာသေးပေမယ့် တစ်ဖက်သတ် တိုက်ခိုက် တာခံရရင် အရင်လိုကြောက်ပြီးငြိမ်ခံနေမှာမဟုတ်ဘဲ ဘာဖြစ်ဖြစ်ရင်ဆိုင်ဖို့ပြင်ဆင်ထားပြီးသားတဲ့နော်။ဇာဇာ ထက်ဟာ လက်ရှိမှာတော့ မယ်သီလရှင်ဝတ်ထွက်လာပြီးကတည်းက အရင်လို မကြောက်တော့ပဲ ရင်ဆိုင်ဖို့ပြင်ဆင်ထားပြီးသားဖြစ်တဲ့အကြောင်းကို “ခုချိန်ကစပြီး နင်ရှေ့ကလျှောက်ငါနောက်ကလိုက်ပီးသားပဲ။

နင်publicမှာအရင်ချပြလိုက်(မေးချင်တာမေးဖြေချင်တာဖြေနော်)ငါနောက်ကတစ်ခုချင်းစီခင်းပြပေးမယ်။မယုံရင်ဒီတစ်ခါနင်ဘက်ကအရင်စကြည့်လိုက်..လက်သီးပုန်းမထိုးနဲ့ ငါအရင်လို မကြောက်တတ်တော့ဘူး ဆရာလေးထွက်လာပြီးထဲက ဘာဖြစ်ဖြစ် ငါရင်ဆိုင်ဖို့ပြင်ဆင် ထားပြီးသားပါ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ ဇာဇာထက်ကတော့ တစ်ဖက်သတ် တိုက်ခိုက်တာခံရရင် အရင် လိုကြောက်ပြီးငြိမ်ခံနေမှာမဟုတ်ဘဲ ဘာဖြစ်ဖြစ်ရင်ဆိုင်ဖို့ပြင်ဆင်ထားပြီးသားပါတဲ့။

ဇာဇာ ထက်ကတော့ ဝါရင့်မော်ဒယ်တစ်ဦးဖြစ်ပြီး ပရိသတ်တွေ တော်တော်များများရဲ့ သူမကိုဆက်စီကျကျ ခပ်ဟော့ဟော့ ပုံစံလေးတွေ နဲ့ပဲ အားပေးမှုကိုရရှိခဲ့တာဖြစ်ပြီး ဆက်စီ မော်ဒယ်အဖြစ် ပွင့်လင်းစွာ ဘဝကိုရဲရဲဝင့်ဝင့်ရပ်တည်နေသူလည်းဖြစ်ပါတယ်။ သူကတော့ မ ကြာသေးမီကမှ သံသာနာ့ဘောင်အတွင်း ခေတ္တခိုလှုံဝင်ရောက်ခဲ့ပါသေးတယ်။

REF:    SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *