မိဘႏွင့္စိတ္ဆိုး၍ အင္းဝတံတားေပၚမွ ခုန္ခ်ခဲ့ေသာ အမႊာညီအစ္မအနက္ ေပ်ာက္ဆုံးေနေသာ အမျဖစ္သူအေလာင္း ျပန္ေတြ႕

ယခုႏွစ္အတြင္း ယခုအမႈ အပါအဝင္ စစ္ကိုင္းတံတားေပၚမွ ခုန္ခ်သတ္ေသမႈ (၂)မႈရွိခဲ့ၿပီး (၃)ဦးေသဆုံးခဲ့သည္။ ၂၀၁၉ ခုႏွစ္တြင္ စစ္ကိုင္း (အင္းဝ) တံတားႏွင့္ စစ္ကိုင္း (ရတနာပုံ) တံတားေပၚမွ ကေလးငယ္ကို ခ်ီပိုးၿပီး ခုန္ခ်သတ္ေသမႈ အပါအဝင္ ခုန္ခ်သတ္ေသ မႈ (၇)မႈျဖစ္ ပြားခဲ့ကာ ခုန္ခ်ခဲ့သူ (၈)ဦးတြင္ (၇)ဦးအသက္ဆုံးရႈံးခဲ့ သည္။ ဒီေန႔ ညေနပိုင္းမွာ ျပန္ေတြ႕တာပါ။ တံတားေအာက္ဘက္ ေလးမိုင္ေက်ာ္ ေလာက္ကြာတဲ့ ဧရာဝတီျမစ္အတြင္း ေပါက္လွကြၽန္းအနီးမွာ ေတြ႕ခဲ့တာပါ။ ပထမေတာ့ ဘယ္သူ႔အေလာင္းမွန္းမသိဘူး။

အေလာင္းေတြ႕ၾကလို႔ ကြၽန္ေတာ္တို႔ဆီ လွမ္းအေၾကာင္းၾကားတာနဲ႔ သြားခဲ့ၾကေတာ့ ဝတ္ထားတဲ့ ဂါဝန္ေတြ႕ရေတာ့ ဒီအမႊာညီအစ္မ (၂) ေယာက္ထဲ က တစ္ေယာက္ျဖစ္ ေၾကာင္း အတည္ျပဳႏိုင္တာပါ”ဟု ကိုစိုးမင္းဦး က ေျပာသည္။ေတြ႕ရွိေသာ ႐ုပ္အေလာင္းအား စစ္ကိုင္း ၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕ႏွင့္အတူ သြားေရာက္သယ္ယူခဲ့ကာ စစ္ကိုင္းကမ္းနားလမ္း တာဝါဆိပ္သို႔ သယ္ေဆာင္ၿပီး အိုးဘိုနာေရး ယာဥ္ျဖင့္ စစ္ကိုင္းကုတင္ ၂၀၀ ဆံ့ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း ေျပာသည္။

ၿပီးခဲ့ေသာ ေမလ ၂၄ ရက္က စစ္ကိုင္း (အင္းဝ) တံတားေပၚမွ ခုန္ခ်ခဲ့ေသာ အမႊာညီအစ္မ(၂)ဦး အနက္မွ တစ္ဦး၏ အေလာင္းကို ေမ ၂၆ ရက္က ေတြ႕ရွိၿပီးေနာက္ က်န္ေနသူတစ္ဦး၏ ႐ုပ္အေလာင္းကို ဇြန္ ၁၈ ရက္ေန႔လယ္ပိုင္းက ျပန္ရွာေတြ႕ခဲ့ေၾကာင္း အေရးေပၚကယ္ ဆယ္ ေရးအဖြဲ႕ (စစ္ကိုင္း) အတြင္းေရးမႉး ကိုစိုးမင္းဦးက ေျပာသည္။ခုန္ခ်စဥ္က ေပ်ာက္ဆုံးသြားေသာ ညီအစ္မႏွစ္ဦးအနက္ အငယ္ျဖစ္သူ ၏ ႐ုပ္အေလာင္းကို ၿပီးခဲ့ ေသာေမလ ၂၆ ရက္ နံနက္ပိုင္းက ဧရာဝတီျမစ္ ရိပ္သာကြၽန္းအနီးေတြ႕ရွိခဲ့သည္။

က်န္ရွိေသာ အစ္မျဖစ္သူ၏ ႐ုပ္အေလာင္းကို ေရျပင္ ရွာေဖြေရး ဆက္လက္ေဆာင္႐ြက္ခဲ့ေသာ္ လည္း မေတြ႕ရွိခဲ့ရပဲ ရက္ေပါင္း ၂၅ ရက္အ ၾကာ ယခုလ ၁၈ ရက္တြင္ မွ ျပန္လည္ေတြ႕ရွိ ခဲ့ေၾကာင္း ေျပာသည္။

REF: ျမန္မာတိုင္းစ္

UNICODE

မိဘနှင့်စိတ်ဆိုး၍ အင်းဝတံတားပေါ်မှ ခုန်ချခဲ့သော အမွှာညီအစ်မအနက် ပျောက်ဆုံးနေသော အမဖြစ်သူအလောင်း ပြန်တွေ့

ယခုနှစ်အတွင်း ယခုအမှု အပါအဝင် စစ်ကိုင်းတံတားပေါ်မှ ခုန်ချသတ်သေမှု (၂)မှုရှိခဲ့ပြီး (၃)ဦးသေဆုံးခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် စစ်ကိုင်း (အင်းဝ) တံတားနှင့် စစ်ကိုင်း (ရတနာပုံ) တံတားပေါ်မှ ကလေးငယ်ကို ချီပိုးပြီး ခုန်ချသတ်သေမှု အပါအဝင် ခုန်ချသတ်သေ မှု (၇)မှုဖြစ် ပွားခဲ့ကာ ခုန်ချခဲ့သူ (၈)ဦးတွင် (၇)ဦးအသက်ဆုံးရှုံးခဲ့ သည်။ ဒီနေ့ ညနေပိုင်းမှာ ပြန်တွေ့တာပါ။ တံတားအောက်ဘက် လေးမိုင်ကျော် လောက်ကွာတဲ့ ဧရာဝတီမြစ်အတွင်း ပေါက်လှကျွန်းအနီးမှာ တွေ့ခဲ့တာပါ။ ပထမတော့ ဘယ်သူ့အလောင်းမှန်းမသိဘူး။

အလောင်းတွေ့ကြလို့ ကျွန်တော်တို့ဆီ လှမ်းအကြောင်းကြားတာနဲ့ သွားခဲ့ကြတော့ ဝတ်ထားတဲ့ ဂါဝန်တွေ့ရတော့ ဒီအမွှာညီအစ်မ (၂) ယောက်ထဲ က တစ်ယောက်ဖြစ် ကြောင်း အတည်ပြုနိုင်တာပါ”ဟု ကိုစိုးမင်းဦး က ပြောသည်။တွေ့ရှိသော ရုပ်အလောင်းအား စစ်ကိုင်း မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့်အတူ သွားရောက်သယ်ယူခဲ့ကာ စစ်ကိုင်းကမ်းနားလမ်း တာဝါဆိပ်သို့ သယ်ဆောင်ပြီး အိုးဘိုနာရေး ယာဉ်ဖြင့် စစ်ကိုင်းကုတင် ၂၀၀ ဆံ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပြောသည်။

ပြီးခဲ့သော မေလ ၂၄ ရက်က စစ်ကိုင်း (အင်းဝ) တံတားပေါ်မှ ခုန်ချခဲ့သော အမွှာညီအစ်မ(၂)ဦး အနက်မှ တစ်ဦး၏ အလောင်းကို မေ ၂၆ ရက်က တွေ့ရှိပြီးနောက် ကျန်နေသူတစ်ဦး၏ ရုပ်အလောင်းကို ဇွန် ၁၈ ရက်နေ့လယ်ပိုင်းက ပြန်ရှာတွေ့ခဲ့ကြောင်း အရေးပေါ်ကယ် ဆယ် ရေးအဖွဲ့ (စစ်ကိုင်း) အတွင်းရေးမှူး ကိုစိုးမင်းဦးက ပြောသည်။ခုန်ချစဉ်က ပျောက်ဆုံးသွားသော ညီအစ်မနှစ်ဦးအနက် အငယ်ဖြစ်သူ ၏ ရုပ်အလောင်းကို ပြီးခဲ့ သောမေလ ၂၆ ရက် နံနက်ပိုင်းက ဧရာဝတီမြစ် ရိပ်သာကျွန်းအနီးတွေ့ရှိခဲ့သည်။

ကျန်ရှိသော အစ်မဖြစ်သူ၏ ရုပ်အလောင်းကို ရေပြင် ရှာဖွေရေး ဆက်လက်ဆောင်ရွက်ခဲ့သော် လည်း မတွေ့ရှိခဲ့ရပဲ ရက်ပေါင်း ၂၅ ရက်အ ကြာ ယခုလ ၁၈ ရက်တွင် မှ ပြန်လည်တွေ့ရှိ ခဲ့ကြောင်း ပြောသည်။

REF:    မြန်မာတိုင်းစ်

Add a Comment

Your email address will not be published. Required fields are marked *