မြန္ျပည္နယ္ အတြင္း MASK မတပ္သူေတြ ကို ဒဏ္ေၾကး ေကာက္ခံမႈ (၁၀)ရက္အတြင္း သိန္း (၁၀၀) နီးပါးရရွိဟု ဆို

မြန္ျပည္နယ္ရွိ ၿမိဳ႕နယ္ (၁၀) ၿမိဳ႕နယ္ မွာေတာ့ ဇြန္လ ၈ ရက္ကေန ၁၇ ရက္အေန႔အထိ ဆယ္ရက္အတြင္း Mask မတပ္ဘဲ အျပင္သြား လာ ခဲ့သူ ၃၀၀၀ ေက်ာ္ကို ဒဏ္ေၾကးေငြ ေကာက္ခံခဲ့တယ္လို႔ မြန္ျပည္နယ္အစိုးရအဖြဲ႕႐ုံးကေနသိရပါတယ္။ မြန္ျပည္နယ္အစိုးရအဖြဲ႕ အေန နဲ႔ Mask မတပ္ဘဲ အျပင္သြားလာသူေတြကို ဇြန္လ ၁ ရက္ကေန ၇ ရက္အတြင္း အသိပညာေပးတာေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ ဇြန္လ ၈ ရက္မွာ စတင္အေရးယူမႈေတြ ျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

Mask မတပ္ဘဲ အျပင္ သြားလာသူေတြကို ဇြန္လ ၁ ရက္ ကေန ၇ ရက္အတြင္း အသိပညာေပးတာေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ အေရးယူမႈေတြ စတင္ခဲ့တာပါ။မြန္ျပည္နယ္မွာ ႏွာေခါင္းစည္းမတပ္သူေတြကို ဒဏ္ေငြ႐ိုက္ေနရာ ဇြန္လ ၈ ရက္ကေန ၁၇ ရက္အထိ ဒဏ္ေၾကးေငြ သိန္း ၁၀၀ နီးပါးရရွိခဲ့တယ္လို႔ မြန္ျပည္နယ္ အစိုးရအဖြဲ႕႐ုံးထံကေန သိရပါတယ္။လမ္းဆုံ၊လမ္းခြ လူစည္ကားရာေနရာေတြမွာ သက္ဆိုင္ရာအဖြဲ႕ ေတြ၊ ေစတနာ့ဝန္ထမ္းေတြက ႏွာေခါင္းစည္းစနစ္တက်တပ္ဆင္ျခင္းမရွိဘဲ အျပင္သြားလာတဲ့သူေတြ ေတြ႕ရွိပါက ဒဏ္႐ိုက္တာပါ။

တစ္ဦးလွ်င္ ဒဏ္ေငြ ၃၀၀၀ ေကာက္ခံကာ ျပန္လည္ အသုံးျပဳလို႔ရတဲ့ Mask ႏွစ္ခုစီ ျပန္ေပးခဲ့တယ္လို႔ ဆိုပါတယ္။ကြၽန္ေတာ္တို႔က ဒီဒဏ္ ေၾကးေငြေတြကို အစိုးရဘ႑ာရံ ပုံေငြထဲကို ထည့္သြင္းမယ္။ ၿပီးရင္ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ကုသေရးလုပ္ငန္းေတြမွာ သုံးစြဲသြားမယ္။ “ လို႔မြန္ျပည္နယ္အစိုးရအဖြဲ႕ ၫြန္ၾကားေရးမႉး ဦးျမင့္သန္းဝင္းက ေျပာပါတယ္။ Mask မပါဘဲ အျပင္သြားလာသူေတြကိုေတာ့ ပထမတစ္ ႀကိမ္ နဲ႔ ဒုတိယအႀကိမ္မွာ ဒဏ္ေၾကးေငြ ၃၀၀၀ ေကာက္ခံကာ သတိေပးတာေတြ ျပဳလုပ္ပါတယ္။

တတိယအႀကိမ္အထိ လိုက္နာမႈမရွိခဲ့ရင္ ကူးစက္ေရာဂါကာကြယ္ႏွိမ္နင္းေရးဥပေဒအရ ဆက္လက္ေဆာင္႐ြက္သြားမယ္လို႔ မြန္ျပည္နယ္ အစိုးရအဖြဲ႕ ၫြန္ၾကားေရးမႉး ဦးျမင့္သန္းဝင္းက ဆိုပါတယ္။

Credit : Duwun

UNICODE

မွန်ပြည်နယ် အတွင်း MASK မတပ်သူတွေ ကို ဒဏ်ကြေး ကောက်ခံမှု (၁၀)ရက်အတွင်း သိန်း (၁၀၀) နီးပါးရရှိဟု ဆို

မွန်ပြည်နယ်ရှိ မြို့နယ် (၁၀) မြို့နယ် မှာတော့ ဇွန်လ ၈ ရက်ကနေ ၁၇ ရက်အနေ့အထိ ဆယ်ရက်အတွင်း Mask မတပ်ဘဲ အပြင်သွား လာ ခဲ့သူ ၃၀၀၀ ကျော်ကို ဒဏ်ကြေးငွေ ကောက်ခံခဲ့တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးကနေသိရပါတယ်။ မွန်ပြည်နယ်အစိုးရအဖွဲ့ အနေ နဲ့ Mask မတပ်ဘဲ အပြင်သွားလာသူတွေကို ဇွန်လ ၁ ရက်ကနေ ၇ ရက်အတွင်း အသိပညာပေးတာတွေ ပြုလုပ်ခဲ့ပြီးနောက် ဇွန်လ ၈ ရက်မှာ စတင်အရေးယူမှုတွေ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

Mask မတပ်ဘဲ အပြင် သွားလာသူတွေကို ဇွန်လ ၁ ရက် ကနေ ၇ ရက်အတွင်း အသိပညာပေးတာတွေ ပြုလုပ်ခဲ့ပြီးနောက် အရေးယူမှုတွေ စတင်ခဲ့တာပါ။မွန်ပြည်နယ်မှာ နှာခေါင်းစည်းမတပ်သူတွေကို ဒဏ်ငွေရိုက်နေရာ ဇွန်လ ၈ ရက်ကနေ ၁၇ ရက်အထိ ဒဏ်ကြေးငွေ သိန်း ၁၀၀ နီးပါးရရှိခဲ့တယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးထံကနေ သိရပါတယ်။လမ်းဆုံ၊လမ်းခွ လူစည်ကားရာနေရာတွေမှာ သက်ဆိုင်ရာအဖွဲ့ တွေ၊ စေတနာ့ဝန်ထမ်းတွေက နှာခေါင်းစည်းစနစ်တကျတပ်ဆင်ခြင်းမရှိဘဲ အပြင်သွားလာတဲ့သူတွေ တွေ့ရှိပါက ဒဏ်ရိုက်တာပါ။

တစ်ဦးလျှင် ဒဏ်ငွေ ၃၀၀၀ ကောက်ခံကာ ပြန်လည် အသုံးပြုလို့ရတဲ့ Mask နှစ်ခုစီ ပြန်ပေးခဲ့တယ်လို့ ဆိုပါတယ်။ကျွန်တော်တို့က ဒီဒဏ် ကြေးငွေတွေကို အစိုးရဘဏ္ဍာရံ ပုံငွေထဲကို ထည့်သွင်းမယ်။ ပြီးရင် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ သုံးစွဲသွားမယ်။ “ လို့မွန်ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောပါတယ်။ Mask မပါဘဲ အပြင်သွားလာသူတွေကိုတော့ ပထမတစ် ကြိမ် နဲ့ ဒုတိယအကြိမ်မှာ ဒဏ်ကြေးငွေ ၃၀၀၀ ကောက်ခံကာ သတိပေးတာတွေ ပြုလုပ်ပါတယ်။

တတိယအကြိမ်အထိ လိုက်နာမှုမရှိခဲ့ရင် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ဆိုပါတယ်။

Credit :  Duwun

Add a Comment

Your email address will not be published. Required fields are marked *