ရန္ပြဲေၾကာင့္ က်ဆုံးခဲ့ေသာ အိႏၵိယ စစ္သားမ်ား ၏ ဈာပန အခမ္းအနား ႏွင့္ တ ႐ုတ္-အိႏၵိ ယ နယ္စပ္ တင္းမာမႈမ်ားျမင့္တက္

၁၉၆၇ ခုႏွစ္ေနာက္ပိုင္း လူအေသအေပ်ာက္ အမ်ားဆုံးျဖစ္ခဲ့တဲ့ တ႐ုတ္-အိႏၵိယနယ္စပ္ ျဖစ္ရပ္ မွာ ႏွစ္ဖက္စလုံးက တစ္ဖက္ကို တစ္ဖက္ အျပစ္ပုံခ်ခဲ့ၾကၿပီး ကိုယ့္တပ္ဖြဲ႕ေတြကိုယ္ ထိန္းသိမ္းၾကဖို ့ ေျပာဆိုခဲ့ ပါတယ္ ။ တ႐ုတ္အစိုးရ အေနနဲ႔ ၄င္းတို ့တပ္ဖြဲ႕ေတြရဲ႕ လုပ္ရပ္အေပၚ ျပန္လည္ အကဲျဖတ္ဖို ့နဲ႔ အေရးယူေဆာင္႐ြက္ ဖို ့ လိုအပ္မွာျဖစ္တယ္ လို ့ ေဂ်ရွန္ကာက ဝမ္ယိ ကို ေျပာဆိုခဲ့ေၾကာင္း အိႏၵိယ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေဖာ္ျပ ပါတယ္ ။

တဖန္ အိႏၵိယအေန နဲ႔ ယခု ပဋိပကၡမွာ တာဝန္ရွိတဲ့သူေတြ ကို အျပစ္ေပးရ မွာျဖစ္ၿပီး ၄င္းတို ့ရဲ႕ နယ္စပ္တပ္ဖြဲ႕ေတြ ကို ထိန္းခ်ဳပ္ရမယ္လို ့ ဝမ္ယိက ေျပာဆိုခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာဆို ပါတယ္ ။စီးပြားေရး အရ အိႏၵိယထက္ ငါးဆပိုႀကီးကာ စစ္သုံးဘ ႑ာေငြလည္း ပိုေတာင့္တဲ့ တ႐ုတ္ နဲ႔ တင္းမာမႈ ျမင့္တက္ေနတာ ဟာ ၂၀၁၄ ခုႏွစ္ မွာ စတင္ အာဏာရခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ နာရင္ျဒာမိုဒီ အ တြက္ ႏိုင္ငံျခားေရး ေပၚလစီဆိုင္ရာ စိန္ေခၚမႈမွာ အေလးနက္ဆုံး အေၾကာင္းအရာ ျဖစ္လာပါတယ္ ။

ႏွစ္ႏိုင္ငံ အျငင္းပြား ေတာင္တန္းေဒသနယ္စပ္ မွာ တ႐ုတ္ စစ္သားေတြ နဲ႔ ျဖစ္ခဲ့တဲ့ ရန္ပြဲ အတြင္း က်ဆုံးခဲ့တဲ့ စစ္သား ၂၀ ဦး အတြက္ အိႏၵိ ယက ၾကာသပေတးေန ့မွာ စ်ာပနာ အခမ္းအနား ေတြျပဳလုပ္ေနၿပီး တင္းမာမႈေတြ ေျပေလ်ာ့သြား ဖို ့အတြက္ ႏွစ္ႏိုင္ငံ အစိုးရေတြ ႀကိဳး ပမ္းေနၾက ပါ တယ္။အိႏၵိယ ရဲ႕ အေျပာအရ တ႐ုတ္စစ္သားေတြလည္း ထိခိုက္ေသဆုံးမႈ ရွိခဲ့တယ္ ဆိုတဲ့ ယင္း ရန္ပြဲျဖစ္ အၿပီး သုံးရက္ အ ၾကာအထိ ဟိမဝႏၲာအေနာက္ပိုင္း Galwan Valley ေဒသမွာ တပ္ဖြဲ႕ေတြကို တပ္လွန္ ့ထားၾကဆဲျဖစ္ ပါတယ္ ။

အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီး ဆူဘရာ့ခ်္မန္ယမ္ ေဂ်ရွန္ကာ ဟာ ဗုဒၶဟူးေန ့က တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီး ဝမ္ယိ နဲ႔ စကားေျပာ ဆိုခဲ့ကာ တင္းမာမႈေတြ အရွိန္ပိုျမင့္သြားေစ မယ့္ လုပ္ရပ္ေတြ ထပ္မလုပ္ၾကဖို ့နဲ႔ အျငင္းပြား နယ္စပ္ မွာ ခိုင္မာတဲ့ တည္ၿငိမ္၊ ေအးခ်မ္းမႈေဖာ္ေဆာင္ ဖို ့ ႏွစ္ဖက္ သေဘာတူခဲ့ၾကတယ္ လို ့ ဆို ပါတယ္။

Source း CNA

AKonThi

UNICODE

ရန်ပွဲကြောင့် ကျဆုံးခဲ့သော အိန္ဒိယ စစ်သားများ ၏ ဈာပန အခမ်းအနား နှင့် တ ရုတ်-အိန္ဒိ ယ နယ်စပ် တင်းမာမှုများမြင့်တက်

၁၉၆၇ ခုနှစ်နောက်ပိုင်း လူအသေအပျောက် အများဆုံးဖြစ်ခဲ့တဲ့ တရုတ်-အိန္ဒိယနယ်စပ် ဖြစ်ရပ် မှာ နှစ်ဖက်စလုံးက တစ်ဖက်ကို တစ်ဖက် အပြစ်ပုံချခဲ့ကြပြီး ကိုယ့်တပ်ဖွဲ့တွေကိုယ် ထိန်းသိမ်းကြဖို ့ ပြောဆိုခဲ့ ပါတယ် ။ တရုတ်အစိုးရ အနေနဲ့ ၄င်းတို ့တပ်ဖွဲ့တွေရဲ့ လုပ်ရပ်အပေါ် ပြန်လည် အကဲဖြတ်ဖို ့နဲ့ အရေးယူဆောင်ရွက် ဖို ့ လိုအပ်မှာဖြစ်တယ် လို ့ ဂျေရှန်ကာက ဝမ်ယိ ကို ပြောဆိုခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖော်ပြ ပါတယ် ။

တဖန် အိန္ဒိယအနေ နဲ့ ယခု ပဋိပက္ခမှာ တာဝန်ရှိတဲ့သူတွေ ကို အပြစ်ပေးရ မှာဖြစ်ပြီး ၄င်းတို ့ရဲ့ နယ်စပ်တပ်ဖွဲ့တွေ ကို ထိန်းချုပ်ရမယ်လို ့ ဝမ်ယိက ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆို ပါတယ် ။စီးပွားရေး အရ အိန္ဒိယထက် ငါးဆပိုကြီးကာ စစ်သုံးဘ ဏ္ဍာငွေလည်း ပိုတောင့်တဲ့ တရုတ် နဲ့ တင်းမာမှု မြင့်တက်နေတာ ဟာ ၂၀၁၄ ခုနှစ် မှာ စတင် အာဏာရခဲ့တဲ့ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ အ တွက် နိုင်ငံခြားရေး ပေါ်လစီဆိုင်ရာ စိန်ခေါ်မှုမှာ အလေးနက်ဆုံး အကြောင်းအရာ ဖြစ်လာပါတယ် ။

နှစ်နိုင်ငံ အငြင်းပွား တောင်တန်းဒေသနယ်စပ် မှာ တရုတ် စစ်သားတွေ နဲ့ ဖြစ်ခဲ့တဲ့ ရန်ပွဲ အတွင်း ကျဆုံးခဲ့တဲ့ စစ်သား ၂၀ ဦး အတွက် အိန္ဒိ ယက ကြာသပတေးနေ ့မှာ စျာပနာ အခမ်းအနား တွေပြုလုပ်နေပြီး တင်းမာမှုတွေ ပြေလျော့သွား ဖို ့အတွက် နှစ်နိုင်ငံ အစိုးရတွေ ကြိုး ပမ်းနေကြ ပါ တယ်။အိန္ဒိယ ရဲ့ အပြောအရ တရုတ်စစ်သားတွေလည်း ထိခိုက်သေဆုံးမှု ရှိခဲ့တယ် ဆိုတဲ့ ယင်း ရန်ပွဲဖြစ် အပြီး သုံးရက် အ ကြာအထိ ဟိမဝန္တာအနောက်ပိုင်း Galwan Valley ဒေသမှာ တပ်ဖွဲ့တွေကို တပ်လှန် ့ထားကြဆဲဖြစ် ပါတယ် ။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာ့ချ်မန်ယမ် ဂျေရှန်ကာ ဟာ ဗုဒ္ဓဟူးနေ ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ နဲ့ စကားပြော ဆိုခဲ့ကာ တင်းမာမှုတွေ အရှိန်ပိုမြင့်သွားစေ မယ့် လုပ်ရပ်တွေ ထပ်မလုပ်ကြဖို ့နဲ့ အငြင်းပွား နယ်စပ် မှာ ခိုင်မာတဲ့ တည်ငြိမ်၊ အေးချမ်းမှုဖော်ဆောင် ဖို ့ နှစ်ဖက် သဘောတူခဲ့ကြတယ် လို ့ ဆို ပါတယ်။

Source း CNA

AKonThi

Add a Comment

Your email address will not be published. Required fields are marked *