သူရဦးေ႐ႊမန္းရဲ႕ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီက (၂၀၂၀)ေ႐ြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေလာင္း(၁)ေထာင္နီးပါး ဝင္ၿပိဳင္မယ္

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ(UBP) အေနနဲ႔ ၿမိဳ႕နယ္ေပါင္း ၂၅၅ ၿမိဳ႕နယ္မွာ ပါတီ႐ုံးေတြဖြင့္လွစ္ထားၿပီးျဖစ္ကာ ရပ္ကြက္၊ ေက်း ႐ြာေတြမွာ ပါတီ႐ုံေပါင္း ၈,၀၀၀ ေက်ာ္ဖြင့္ လွစ္ထားၿပီး ျဖစ္တယ္လို႔ သိရပါတယ္။ ပါတီတည္ေထာင္တာအပါအဝင္ ေ႐ြးေကာက္ပြဲ ကုန္က် စရိတ္ကေတာ့ က်ပ္ဘီလ်ံနဲ႔ခ်ီကာ ကုန္က်မယ္လို႔ ဦးေ႐ႊမန္းက ​ဆိုပါတယ္။ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ကေတာ့ ၂၀၂၀ ျပည့္ ႏွစ္ အ ေထြေထြ ေ႐ြးေကာက္ပြဲႀကီးကို လာမယ့္ ႏိုဝင္ဘာလထဲမွာ က်င္းပမယ္လို႔ မီဒီယာေတြကေနတဆင့္ အသိေပးထားပါတယ္။

ဒါ့အျပင္ ေ႐ြးေကာက္ပြဲ ႀကီးမွာ ခ်မွတ္ထားတဲ့ စံ (၅) ခ်က္နဲ႔အညီ က်င္းပႏိုင္ ဖို႔လည္း ေကာ္မရွင္အေနနဲ႔ ေဆာင္႐ြက္ေနပါတယ္။၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲႀကီးအတြက္ မဲ႐ုံေပါင္း ေလးေသာင္းေက်ာ္ လ်ာထားၿပီး မဲဆႏၵရွင္ေပါင္း (၃၇) သန္း ေက်ာ္ ရွိတယ္လို႔ သိရပါတယ္။ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ(UBP)အေနနဲ႔ လာမယ့္၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေလာင္းဦး ေရ ၉၀၀ ေက်ာ္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ္လို႔ ပါတီေခါင္းေဆာင္ သူရဦးေ႐ႊမန္းကေျပာပါတယ္။

သည္ကေန႔ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အခုလို ေျပာတာပါ။ဦးေ႐ႊမန္းက“ အနည္းဆုံး လူေပါင္း ၉၀၀ ရွိပါမယ္။ ဒီ့ထက္ပိုမ်ားလာႏိုင္တဲ့အေနအထားရွိပါတယ္´´ လို႔လည္း ေျပာပါတယ္။ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီအေနနဲ႔ေ႐ြးေကာက္ပြဲမွာ ၿမိဳ႕နယ္ေပါင္း ၂၅၅ ၿမိဳ႕နယ္ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ တိုင္းေဒသႀကီး/ျပည္နယ္ လႊတ္ေတာ္ ေနရာေတြအပါအ၀င္ တိုင္းရင္းသားေရးရာ၀န္ႀကီးေနရာမ်ားကိုလည္း ၀င္ေရာက္ယွဥ္ၿပိဳင္သြားမယ္လို႔ သိရပါတယ္။

ဘယ္သူက ဘယ္မဲ ဆႏၵနယ္မွာ ၀င္ေရာက္ယွဥ္ၿပိဳင္ မယ္ဆိုတာေတာ့ မၾကာမီ ေၾကညာသြားမယ္လို႔ ဆိုပါတယ္။ ပါတီရဲ႕ မူ အရ ကိုယ္စား လွယ္ေလာင္းေတြကိုေ႐ြးခ်ယ္ရာမွာ ျပည္သူကလက္ခံယုံၾကည္သူ ၊ စိတ္ေကာင္းေစတနာရွိသူ၊အမ်ားျပည္သူအက်ိဳးကို ေဆာင္ ႐ြက္လိုသူ၊ ပါတီက ခ်မွတ္ထားတဲ့မူဝါဒ၊ရည္မွန္းခ်က္ နဲ႔ ရည္႐ြယ္ခ်က္ ေတြကို လိုက္နာသူ စတဲ့အခ်က္ေတြ နဲ႔ ေ႐ြးခ်ယ္ထားတယ္လို႔ သိရပါတယ္။ ပါတီအေနနဲ႔ ေ႐ြးေကာက္ပြဲမွာ ၄၀ရာခိုင္ႏႈန္းမွ ၅၀ရာခိုင္ႏႈန္းအတြင္းေအာင္ျမင္ႏိုင္မယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။

ဦးေ႐ႊမန္းက“ေအာင္ျမင္လာတဲ့အခါမွာျပည္ေထာင္စုေကာင္း က်ိဳးေဆာင္ပါတီအေနနဲ႔ အစိုးရအဖြဲ႕တစ္ရပ္ ဖြဲ႕စည္းႏိုင္ေအာင္ ဆက္လက္ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္´´ လို႔ ဆိုပါတယ္။ ဖြဲ႕စည္းမယ့္ အစိုးရတစ္ရပ္ဟာလည္း ေစတနာလည္းရွိ၊အရည္အခ်င္းလည္းရွိၿပီး ႏိုင္ငံ ေတာ္နဲ႔ျပည္သူကိုေကာင္းစြာအလုပ္အေကြၽးျပဳသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

REF: KUMUDRA

UNICODE

သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက (၂၀၂၀)ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း(၁)ထောင်နီးပါး ဝင်ပြိုင်မယ်

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) အနေနဲ့ မြို့နယ်ပေါင်း ၂၅၅ မြို့နယ်မှာ ပါတီရုံးတွေဖွင့်လှစ်ထားပြီးဖြစ်ကာ ရပ်ကွက်၊ ကျေး ရွာတွေမှာ ပါတီရုံပေါင်း ၈,၀၀၀ ကျော်ဖွင့် လှစ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ပါတီတည်ထောင်တာအပါအဝင် ရွေးကောက်ပွဲ ကုန်ကျ စရိတ်ကတော့ ကျပ်ဘီလျံနဲ့ချီကာ ကုန်ကျမယ်လို့ ဦးရွှေမန်းက ​ဆိုပါတယ်။ရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့ ၂၀၂၀ ပြည့် နှစ် အ ထွေထွေ ရွေးကောက်ပွဲကြီးကို လာမယ့် နိုဝင်ဘာလထဲမှာ ကျင်းပမယ်လို့ မီဒီယာတွေကနေတဆင့် အသိပေးထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ ကြီးမှာ ချမှတ်ထားတဲ့ စံ (၅) ချက်နဲ့အညီ ကျင်းပနိုင် ဖို့လည်း ကော်မရှင်အနေနဲ့ ဆောင်ရွက်နေပါတယ်။၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲရုံပေါင်း လေးသောင်းကျော် လျာထားပြီး မဲဆန္ဒရှင်ပေါင်း (၃၇) သန်း ကျော် ရှိတယ်လို့ သိရပါတယ်။ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)အနေနဲ့ လာမယ့်၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းဦး ရေ ၉၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီခေါင်းဆောင် သူရဦးရွှေမန်းကပြောပါတယ်။

သည်ကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောတာပါ။ဦးရွှေမန်းက“ အနည်းဆုံး လူပေါင်း ၉၀၀ ရှိပါမယ်။ ဒီ့ထက်ပိုများလာနိုင်တဲ့အနေအထားရှိပါတယ်´´ လို့လည်း ပြောပါတယ်။ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ရွေးကောက်ပွဲမှာ မြို့နယ်ပေါင်း ၂၅၅ မြို့နယ် ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် နေရာတွေအပါအ၀င် တိုင်းရင်းသားရေးရာ၀န်ကြီးနေရာများကိုလည်း ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

ဘယ်သူက ဘယ်မဲ ဆန္ဒနယ်မှာ ၀င်ရောက်ယှဉ်ပြိုင် မယ်ဆိုတာတော့ မကြာမီ ကြေညာသွားမယ်လို့ ဆိုပါတယ်။ ပါတီရဲ့ မူ အရ ကိုယ်စား လှယ်လောင်းတွေကိုရွေးချယ်ရာမှာ ပြည်သူကလက်ခံယုံကြည်သူ ၊ စိတ်ကောင်းစေတနာရှိသူ၊အများပြည်သူအကျိုးကို ဆောင် ရွက်လိုသူ၊ ပါတီက ချမှတ်ထားတဲ့မူဝါဒ၊ရည်မှန်းချက် နဲ့ ရည်ရွယ်ချက် တွေကို လိုက်နာသူ စတဲ့အချက်တွေ နဲ့ ရွေးချယ်ထားတယ်လို့ သိရပါတယ်။ ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ ၄၀ရာခိုင်နှုန်းမှ ၅၀ရာခိုင်နှုန်းအတွင်းအောင်မြင်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

ဦးရွှေမန်းက“အောင်မြင်လာတဲ့အခါမှာပြည်ထောင်စုကောင်း ကျိုးဆောင်ပါတီအနေနဲ့ အစိုးရအဖွဲ့တစ်ရပ် ဖွဲ့စည်းနိုင်အောင် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်´´ လို့ ဆိုပါတယ်။ ဖွဲ့စည်းမယ့် အစိုးရတစ်ရပ်ဟာလည်း စေတနာလည်းရှိ၊အရည်အချင်းလည်းရှိပြီး နိုင်ငံ တော်နဲ့ပြည်သူကိုကောင်းစွာအလုပ်အကျွေးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

REF:    KUMUDRA

Add a Comment

Your email address will not be published. Required fields are marked *