“သူေဌး” ေတြ မ်ားလြန္းေန တဲ့ ရန္ကုန္ၿမိဳ႕ႀကီး အေၾကာင္း

ရန္ကုန္မွာ စီးပြားေရးက ဘာျဖစ္တယ္ညာ ျဖစ္တယ္/ ႏိုင္ငံႀကီး က ဘာျဖစ္တယ္ ညာျဖစ္တယ္ဆိုပီး ၾကည့္လိုက္ရင္ ဒီလိုလူေတြ ခ်ည္းပဲ။ လူစီး လူကပ္ လူေပလူေတ ေတြ။ အဲ့ဒါေၾကာင့္ေျပာတာ ရန္ကုန္ မွာ လုပ္မစားခ်င္ တဲ့ သူေဌးေတြအမ်ားႀကီးပဲလို႔။ ရန္ကုန္မွာ သူေဌးေတြ အမ်ားႀကီးပဲ ဟုတ္တယ္။ ေစ်းထဲကပဲျပဳတ္သည္ ကိုၾကည့္ေတာ့ ပဲကတမ်ိဳးပဲ ေရာင္းတယ္။

အဲ့ဒါနဲ႔ ‘ အမရယ္ ပဲျပဳတ္က ၂ မ်ိဳး ၃ မ်ိဳးေရာင္းလို႔ရတာကို ‘ လို႔ေျပာေတာ့ျပန္မေျဖဘူး။ ‘ အမက ပဲတမ်ိဳးကို ဥပမာ ၅၀၀၀ ျမတ္တယ္ ထား ၂ မ်ိဳး ၃ မ်ိဳး တင္ေတာ့ ပိုျမတ္မွာေပါ့ ‘ ဆိုေတာ့ အလုပ္႐ူပ္တယ္ မေရာင္းခ်င္ ဘူးတဲ့။ ဂိတ္မွာအိပ္ေနတဲ့ဆိုက္ကားသမားကို တိုက္ ခန္းေပၚ ပစၥည္းတင္ဖို႔ေခၚမိတယ္။ ‘ က်ေနာ္သြားစရာရွိလို႔ ‘ ဆိုပီး ျပန္အိပ္ေန တယ္။

၁၀မိနစ္ေလာက္ သူပစၥည္းတင္ေပးလိုက္ရင္ ၄ ၅ေထာင္ရမွာ။ မလုပ္ဘူး။ေ႐ႊတိဂုံဘုရားကေန ယုဇနပလာဇာကို ၃၀၀၀ ေပး ငွားတယ္။ မ လိုက္ဘူးတဲ့ ကားပိတ္မွာ ေၾကာက္လို႔။ ကားပိတ္မွာ ေၾကာက္ရင္ ဘာလို႔ ကားေမာင္းေနလဲမသိဘူး။ ကိုယ္က အိမ္ကို ေနာက္က်မွ ျပန္ ေရာက္လို႔ ေရသန႔္ဗူးကို ဖုန္းဆက္တဲ့ အခ်ိန္ လာပို႔ပါ ၅၀၀ ပိုေပးမယ္ဆိုတာကို လာမပို႔ဘူး။

ကိုယ္သြားၾကည့္ေတာ့ ဖုန္းထိုင္ ၾကည့္ေနတယ္။ ပစၥည္းပို႔စရာရွိလို႔ ေအာင္ဆန္းကြင္းကို ၈နာရီသြားပို႔တယ္။ ဂိတ္ကေကာင္ေတြက အထဲ ကေန ၈ နာရီခြဲ မွ ဂိတ္ဖြင့္မယ္ ျပန္ေျပာတယ္။အမွန္က တံခါးဖြင့္ပီး ပစၥည္းယူ လိုက္ရင္ ရပီ။ ထမင္းဆိုင္မွာ ၾကက္သား အာလူးေရာခ်က္ ထားတာကို အာလူးပဲသပ္သပ္ေပးပါ ပိုက္ဆံပိုေပးပါမယ္ ဆိုတာကို ခြဲမေရာင္း ဘူးတဲ့။

မွာထားတာ လာပို႔တဲ့ Delivery သမားကို ဒီအခ်ိန္ေတြ အလုပ္မအားလို႔ ညေနမွလာပို႔ပါ က်တဲ့ deli ခ ထက္ ပိုေပးပါမယ္ လို႔ေျပာတာကို က်ေနာ္တို႔က ဒီအခ်ိန္ပဲ လာပို႔လို႔ရမွာတဲ့။ ေကာက္ညႇင္းေပါင္းသည္က ငခ်ိတ္တရက္ ဆီထမင္းတရက္ ေရာင္းတယ္။ တြဲေရာင္းပါလား ဆိုေတာ့ သူက တရက္ဆီပဲေရာင္းတာတဲ့ တမ်ိဳးကို။ည ၇ နာရီေလာက္ အိမ္ေသာ့ေပ်ာက္လို႔ ေသာ့ျပင္တဲ့ လူကိုသြားေခၚတယ္။

ပုံမွန္ေသာ့ဖ်က္ေပးတာကို ၈၀၀၀ ယူတယ္။ ကိုယ္က ၁၅၀၀၀ ေပးမယ္ေျပာပီးေခၚတာကို မိုးခ်ဳပ္ေနပီ မလိုက္ေတာ့ဘူး လို႔ေျပာတယ္။ ကိုယ့္အိမ္က သူ႔ဆိုင္က လွမ္းၾကည့္ရင္ေတာင္ျမင္ေနရတာ။ အိမ္မွာသစ္သားအေကာင္းေတြပိုေနလို႔ အမႈိက္ပစ္တဲ့လူကို လက္ေဆာင္ ထည့္ေပးမိတယ္။ ‘က်ေနာ္တို႔က မလိုဘူး’ ဆိုပီး သယ္ရမွာပ်င္းတာနဲ႔ယူမသြားဘူး။

Zaw Myo Hlaing

UNICODE

“သူဌေး” တွေ များလွန်းနေ တဲ့ ရန်ကုန်မြို့ကြီး အကြောင်း

ရန်ကုန်မှာ စီးပွားရေးက ဘာဖြစ်တယ်ညာ ဖြစ်တယ်/ နိုင်ငံကြီး က ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပီး ကြည့်လိုက်ရင် ဒီလိုလူတွေ ချည်းပဲ။ လူစီး လူကပ် လူပေလူတေ တွေ။ အဲ့ဒါကြောင့်ပြောတာ ရန်ကုန် မှာ လုပ်မစားချင် တဲ့ သူဌေးတွေအများကြီးပဲလို့။ ရန်ကုန်မှာ သူဌေးတွေ အများကြီးပဲ ဟုတ်တယ်။ စျေးထဲကပဲပြုတ်သည် ကိုကြည့်တော့ ပဲကတမျိုးပဲ ရောင်းတယ်။

အဲ့ဒါနဲ့ ‘ အမရယ် ပဲပြုတ်က ၂ မျိုး ၃ မျိုးရောင်းလို့ရတာကို ‘ လို့ပြောတော့ပြန်မဖြေဘူး။ ‘ အမက ပဲတမျိုးကို ဥပမာ ၅၀၀၀ မြတ်တယ် ထား ၂ မျိုး ၃ မျိုး တင်တော့ ပိုမြတ်မှာပေါ့ ‘ ဆိုတော့ အလုပ်ရူပ်တယ် မရောင်းချင် ဘူးတဲ့။ ဂိတ်မှာအိပ်နေတဲ့ဆိုက်ကားသမားကို တိုက် ခန်းပေါ် ပစ္စည်းတင်ဖို့ခေါ်မိတယ်။ ‘ ကျနော်သွားစရာရှိလို့ ‘ ဆိုပီး ပြန်အိပ်နေ တယ်။

၁၀မိနစ်လောက် သူပစ္စည်းတင်ပေးလိုက်ရင် ၄ ၅ထောင်ရမှာ။ မလုပ်ဘူး။ရွှေတိဂုံဘုရားကနေ ယုဇနပလာဇာကို ၃၀၀၀ ပေး ငှားတယ်။ မ လိုက်ဘူးတဲ့ ကားပိတ်မှာ ကြောက်လို့။ ကားပိတ်မှာ ကြောက်ရင် ဘာလို့ ကားမောင်းနေလဲမသိဘူး။ ကိုယ်က အိမ်ကို နောက်ကျမှ ပြန် ရောက်လို့ ရေသန့်ဗူးကို ဖုန်းဆက်တဲ့ အချိန် လာပို့ပါ ၅၀၀ ပိုပေးမယ်ဆိုတာကို လာမပို့ဘူး။

ကိုယ်သွားကြည့်တော့ ဖုန်းထိုင် ကြည့်နေတယ်။ ပစ္စည်းပို့စရာရှိလို့ အောင်ဆန်းကွင်းကို ၈နာရီသွားပို့တယ်။ ဂိတ်ကကောင်တွေက အထဲ ကနေ ၈ နာရီခွဲ မှ ဂိတ်ဖွင့်မယ် ပြန်ပြောတယ်။အမှန်က တံခါးဖွင့်ပီး ပစ္စည်းယူ လိုက်ရင် ရပီ။ ထမင်းဆိုင်မှာ ကြက်သား အာလူးရောချက် ထားတာကို အာလူးပဲသပ်သပ်ပေးပါ ပိုက်ဆံပိုပေးပါမယ် ဆိုတာကို ခွဲမရောင်း ဘူးတဲ့။

မှာထားတာ လာပို့တဲ့ Delivery သမားကို ဒီအချိန်တွေ အလုပ်မအားလို့ ညနေမှလာပို့ပါ ကျတဲ့ deli ခ ထက် ပိုပေးပါမယ် လို့ပြောတာကို ကျနော်တို့က ဒီအချိန်ပဲ လာပို့လို့ရမှာတဲ့။ ကောက်ညှင်းပေါင်းသည်က ငချိတ်တရက် ဆီထမင်းတရက် ရောင်းတယ်။ တွဲရောင်းပါလား ဆိုတော့ သူက တရက်ဆီပဲရောင်းတာတဲ့ တမျိုးကို။ည ၇ နာရီလောက် အိမ်သော့ပျောက်လို့ သော့ပြင်တဲ့ လူကိုသွားခေါ်တယ်။

ပုံမှန်သော့ဖျက်ပေးတာကို ၈၀၀၀ ယူတယ်။ ကိုယ်က ၁၅၀၀၀ ပေးမယ်ပြောပီးခေါ်တာကို မိုးချုပ်နေပီ မလိုက်တော့ဘူး လို့ပြောတယ်။ ကိုယ့်အိမ်က သူ့ဆိုင်က လှမ်းကြည့်ရင်တောင်မြင်နေရတာ။ အိမ်မှာသစ်သားအကောင်းတွေပိုနေလို့ အမှိုက်ပစ်တဲ့လူကို လက်ဆောင် ထည့်ပေးမိတယ်။ ‘ကျနော်တို့က မလိုဘူး’ ဆိုပီး သယ်ရမှာပျင်းတာနဲ့ယူမသွားဘူး။

Zaw Myo Hlaing

Add a Comment

Your email address will not be published. Required fields are marked *