သံျဖဴဇရပ္ၿမိဳ႕နယ္က ဂ်ပန္ ရတနာသိုက္ တူးထားတဲ့ က်င္းထဲ မွာ အမ်ိဳးသမီး (၄) ဦး ေသဆုံးေနေၾကာင္း ရွာေဖြေတြ႕ရွိ

လတ္တေလာေတာ့ (၄)ဦးလုံး ေရနစ္ေသဆုံးသည္ဟု ေကာက္ခ်က္ခ်ထားၿပီး တဦးေရနစ္လို႔ တစ္ဦးလိုက္ဆယ္ရင္း ျဖစ္သည္လား။ ေရ ဆင္းကူးၾကရင္း ေရတိမ္ရာမွ တြင္း နက္ထဲ ႐ုတ္တရတ္ေခ်ာ္က်ၿပီး နစ္ၾကသည္လားဆိုသည္ကို ေတာ့ မသိရပါ။ယခု အမ်ိဳးသမီး (၄)ဦးလုံး မွာ ညေန(၃)နာရီထဲကေပ်ာက္ဆုံး ေနၿပီး ေရကန္ေဘးတြင္ ဖိနပ္မ်ားေတြ႕ရာမွလိုက္ရွာရာမွ ေရနစ္ေသဆုံးသည္ကိုသိရွိရျခင္းျဖစ္ပါ သည္။

ပထမ(၃)ဦးအား အလြယ္တကူ ရွာေတြ႕ၿပီး ေနာက္ထပ္ကေလး အေလာင္း တေလာင္းအား အခ်ိန္ေတာ္ေတာ္ၾကာမွ ရွာေဖြေတြ႕ရွိခဲ့ရပါ သည္။နာေရးကူညီမႈအသင္း နာကူလူငယ္ ပိုင္ရွင္မဲ့ လူမႈကူညီေရးပရဟ္တညီအစ္ကိုမ်ားတို႔မွ ကူညီရွာေဖြၿပီး ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ကူညီ ေပးခဲ့ၾကပါတယ္။ဘာပဲေျပာေျပာ ရတနာသိုက္ရွိတယ္လို႔ နာမည္ႀကီးၿပီး ကုမၼဏီေတြကို လုပ္ပိုင္ခြင့္ ေပးခဲ့ၿပီ။

တူးေဖာ္ခဲ့ၾကတဲ့မိန္မလာေတာင္ကေတာ့ လူ စၿပီးေတာ့ စားလိုက္ေလၿပီး။တၿပိဳင္နက္ထဲ အမ်ိဳးသမီး (၄)ေလာင္းေတာင္မွ။ စုံစမ္းဆက္ သြယ္ေမးျမန္း ရသေလာက္ကေတာ့ အသက္(၆၆)ႏွစ္အ႐ြယ္ အမ်ိဳးသမီးႀကီး (၁)ဦး ႏွင့္အသက္(၁၂)အ႐ြယ္(၂)ဦးႏွင့္ (၁၁)ႏွစ္အ႐ြယ္
မိန္းကေလး(၁)ဦး စုစုေပါင္း(၄)ဦး ေသဆုံး ခဲ့ပါတယ္။ကေလး မေလး(၃)ေယာက္က ပင ဝယ္ကဝါ ႐ြာမ်ားဘက္မွဟု သိရသည္။

အမ်ိဳးသမီး ႀကီးကေတာ့ ဘုန္းႀကီးေက်ာင္းမွာ ကပၸိယ ပုံစံ ေနသူ ျဖစ္ၿပီး ဘာမွမေတာ္စပ္ဟု သိရပါတယ္။ ကေလးေတြကလဲ ႐ြာဘက္ မွ လာၿပီး မြန္ဘုန္းႀကီးေက်ာင္း တြင္ ဓမၼစကူလ္းပုံစံမ်ိဳး သင္ၾကား ရန္လာေနၾက သူမ်ားဟု စုံစမ္းသိရွိရပါတယ္။ ေရနစ္တဲ့ ေရျပင္ကက်ယ္ ပါတယ္။ သံျဖဴဇရပ္ၿမိဳ႕ မွိန္မလာေတာင္တြင္ ႐ိုးရယ္အီးဂဲ ကုမၼဏီမွ ရတနာသိုက္ တူးေဖာ္ခဲ့ေသာ ေျမက်င္းေတြက ကန္ လိုျဖစ္ေနတာပါ။

ေရျပင္က်ယ္ႀကီး ျဖစ္ေနခဲ့တာပါ။ ေရျပင္က က်ယ္ၿပီး ေရတိမ္သည္ဟု ထင္ရေပမဲ့ တကယ္တမ္း ေရျပင္ေအာက္ဘက္ တူးဆြထား သည့္ ေနရာမ်ားတြင္ တြင္းမ်ားဂူမ်ား ခ်ိဳင့္မ်ားျဖစ္ေနၿပီး ဝါးတျပန္ေက်ာ္ခန႔္ နက္သည့္ေနရာ နက္ပါသည္။ ႐ုတ္တရတ္ တိမ္ေနရာ မွ တြင္းနက္ အတြင္း က်သြားႏိုင္သည့္ အေနအထား ရွိပါသည္။ တူးၿပီး ျပန္မဖို႔ခဲ့ ေတာ့ ဒီတိုင္းက်န္ေနခဲ့တာေပါ့။

REF: LET PAN

UNICODE

သံဖြူဇရပ်မြို့နယ်က ဂျပန် ရတနာသိုက် တူးထားတဲ့ ကျင်းထဲ မှာ အမျိုးသမီး (၄) ဦး သေဆုံးနေကြောင်း ရှာဖွေတွေ့ရှိ

လတ်တလောတော့ (၄)ဦးလုံး ရေနစ်သေဆုံးသည်ဟု ကောက်ချက်ချထားပြီး တဦးရေနစ်လို့ တစ်ဦးလိုက်ဆယ်ရင်း ဖြစ်သည်လား။ ရေ ဆင်းကူးကြရင်း ရေတိမ်ရာမှ တွင်း နက်ထဲ ရုတ်တရတ်ချော်ကျပြီး နစ်ကြသည်လားဆိုသည်ကို တော့ မသိရပါ။ယခု အမျိုးသမီး (၄)ဦးလုံး မှာ ညနေ(၃)နာရီထဲကပျောက်ဆုံး နေပြီး ရေကန်ဘေးတွင် ဖိနပ်များတွေ့ရာမှလိုက်ရှာရာမှ ရေနစ်သေဆုံးသည်ကိုသိရှိရခြင်းဖြစ်ပါ သည်။

ပထမ(၃)ဦးအား အလွယ်တကူ ရှာတွေ့ပြီး နောက်ထပ်ကလေး အလောင်း တလောင်းအား အချိန်တော်တော်ကြာမှ ရှာဖွေတွေ့ရှိခဲ့ရပါ သည်။နာရေးကူညီမှုအသင်း နာကူလူငယ် ပိုင်ရှင်မဲ့ လူမှုကူညီရေးပရဟ်တညီအစ်ကိုများတို့မှ ကူညီရှာဖွေပြီး ဆေးရုံကြီးသို့ပို့ဆောင်ကူညီ ပေးခဲ့ကြပါတယ်။ဘာပဲပြောပြော ရတနာသိုက်ရှိတယ်လို့ နာမည်ကြီးပြီး ကုမ္မဏီတွေကို လုပ်ပိုင်ခွင့် ပေးခဲ့ပြီ။

တူးဖော်ခဲ့ကြတဲ့မိန်မလာတောင်ကတော့ လူ စပြီးတော့ စားလိုက်လေပြီး။တပြိုင်နက်ထဲ အမျိုးသမီး (၄)လောင်းတောင်မှ။ စုံစမ်းဆက် သွယ်မေးမြန်း ရသလောက်ကတော့ အသက်(၆၆)နှစ်အရွယ် အမျိုးသမီးကြီး (၁)ဦး နှင့်အသက်(၁၂)အရွယ်(၂)ဦးနှင့် (၁၁)နှစ်အရွယ်
မိန်းကလေး(၁)ဦး စုစုပေါင်း(၄)ဦး သေဆုံး ခဲ့ပါတယ်။ကလေး မလေး(၃)ယောက်က ပင ဝယ်ကဝါ ရွာများဘက်မှဟု သိရသည်။

အမျိုးသမီး ကြီးကတော့ ဘုန်းကြီးကျောင်းမှာ ကပ္ပိယ ပုံစံ နေသူ ဖြစ်ပြီး ဘာမှမတော်စပ်ဟု သိရပါတယ်။ ကလေးတွေကလဲ ရွာဘက် မှ လာပြီး မွန်ဘုန်းကြီးကျောင်း တွင် ဓမ္မစကူလ်းပုံစံမျိုး သင်ကြား ရန်လာနေကြ သူများဟု စုံစမ်းသိရှိရပါတယ်။ ရေနစ်တဲ့ ရေပြင်ကကျယ် ပါတယ်။ သံဖြူဇရပ်မြို့ မှိန်မလာတောင်တွင် ရိုးရယ်အီးဂဲ ကုမ္မဏီမှ ရတနာသိုက် တူးဖော်ခဲ့သော မြေကျင်းတွေက ကန် လိုဖြစ်နေတာပါ။

ရေပြင်ကျယ်ကြီး ဖြစ်နေခဲ့တာပါ။ ရေပြင်က ကျယ်ပြီး ရေတိမ်သည်ဟု ထင်ရပေမဲ့ တကယ်တမ်း ရေပြင်အောက်ဘက် တူးဆွထား သည့် နေရာများတွင် တွင်းများဂူများ ချိုင့်များဖြစ်နေပြီး ဝါးတပြန်ကျော်ခန့် နက်သည့်နေရာ နက်ပါသည်။ ရုတ်တရတ် တိမ်နေရာ မှ တွင်းနက် အတွင်း ကျသွားနိုင်သည့် အနေအထား ရှိပါသည်။ တူးပြီး ပြန်မဖို့ခဲ့ တော့ ဒီတိုင်းကျန်နေခဲ့တာပေါ့။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *