(၁၈-၆-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီCOVID-19 အတည္ျပဳလူနာသစ္ မေတြ႕ရွိေၾကာင္း သတင္းထုတ္ျပန္

ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္း (old confirmed case) မ်ား၏ ဓာတ္ခြဲနမူနာစစ္ေဆးမႈတြင္ (၂) ႀကိမ္ဆက္တိုက္ ပိုးမေတြ႕ရွိသူ အသစ္ (၂) ဦး (Case – 133 ႏွင့္ 231) ရွိသျဖင့္ ယေန႔၊ ည (၈:၀၀) နာရီအထိ COVID-19 ေရာဂါပိုးကင္းစင္လာသူ စုစုေပါင္း (၁၈၇) ဦးရွိပါသည္။

၎တို႔အနက္ (၁၇၂) ဦးအား ေဆး႐ုံမွ ဆင္းခြင့္ျပဳ ခဲ့ၿပီး ျဖစ္ကာ သတ္မွတ္ေနရာ မ်ားတြင္ အသြားအလာ ဆက္လက္ ကန႔္သတ္ ၍ ေစာင့္ ၾကပ္ ၾကည့္ရႈ လ်က္ရွိ ပါသည္။ ဓာတ္ခြဲအတည္ျပဳ လူနာမ်ားအနက္ ေသဆုံးသူ (၆)ဦး ရွိပါသည္။ (၁၇-၆-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂: ၀၀) နာရီမွ (၁၈-၆-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၂၃) ဦး ရွိပါသည္။

(၁၈-၆-၂၀၂၀) ရက္ေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ (ပထမအသုတ္) ဓာတ္ခြဲ နမူနာ (၆၅၈)ခု၊ ေဆးသုေတသနဦးစီးဌာန (DMR)မွ ဓာတ္ခြဲနမူနာ (၂၄၀) ခု၊ ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (မႏၲေလး) (PHL-MDY)မွ ဓာတ္ခြဲနမူနာ (၃၇၀) ခု၊

ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ေမာ္လၿမိဳင္) (PHL-MLM) မွ (ပထမအသုတ္) ဓာတ္ခြဲနမူနာ (၁၈၈) ခုႏွင့္ ရန္ကုန္ၿမိဳ႕၊ အမွတ္ (၁)တပ္မေတာ္ေဆး႐ုံႀကီး(ခုတင္ ၁,၀၀၀)မွ ဓာတ္ခြဲနမူနာ (၂၀၃)ခု စုစုေပါင္း (၁,၆၅၉)ခု အား ယေန႔၊ ညေနတြင္ စစ္ေဆးၿပီးစီးခဲ့ရာ –

COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္မေတြ႕ရွိရပါ။ (၁၈-၆-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲ အတည္ျပဳ လူနာ (၂၆၃) ဦး ရွိပါသည္။

REF: MINISTRY OF HEALTH

UNICODE

(၁၈-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီCOVID-19 အတည်ပြုလူနာသစ် မတွေ့ရှိကြောင်း သတင်းထုတ်ပြန်

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ အသစ် (၂) ဦး (Case – 133 နှင့် 231) ရှိသဖြင့် ယနေ့၊ ည (၈:၀၀) နာရီအထိ COVID-19 ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၈၇) ဦးရှိပါသည်။

၎င်းတို့အနက် (၁၇၂) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြု ခဲ့ပြီး ဖြစ်ကာ သတ်မှတ်နေရာ များတွင် အသွားအလာ ဆက်လက် ကန့်သတ် ၍ စောင့် ကြပ် ကြည့်ရှု လျက်ရှိ ပါသည်။ ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။ (၁၇-၆-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂: ၀၀) နာရီမှ (၁၈-၆-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၂၃) ဦး ရှိပါသည်။

(၁၈-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၆၅၈)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၄၀) ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL-MDY)မှ ဓာတ်ခွဲနမူနာ (၃၇၀) ခု၊

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL-MLM) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၁၈၈) ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁)တပ်မတော်ဆေးရုံကြီး(ခုတင် ၁,၀၀၀)မှ ဓာတ်ခွဲနမူနာ (၂၀၃)ခု စုစုပေါင်း (၁,၆၅၉)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ –

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်မတွေ့ရှိရပါ။ (၁၈-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာ (၂၆၃) ဦး ရှိပါသည်။

REF:    MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *