နယ္စပ္က ပိုင္ဆိုင္တဲ့ေျမ တစ္လက္ မ မွ တ႐ုတ္လက္ အပါ မခံႏိုင္ဘူး လို႔ အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီ ေျပာၿပီ

(၂ )ႏိုင္ငံ ပိုင္းျခားထားတဲ့ နယ္ျခားစည္းက ျပႆနာကို ေအးေအးေဆးေဆး ျဖစ္ေအာင္ နဲ႔ အေျခအေနေတြ ျပန္လည္ တည္ၿငိမ္ ဖို႔ အတြက္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ရီနဲ႔ အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီး ဆူဗရာဟာမန္ယန္ တို႔က ဖုန္းဆက္ၿပီး ၂ ဦး သေဘာတူ သေဘာတရား ေတြကို ေဆြးေႏြးခဲ့ ပါတယ္ ။ ၂ ႏိုင္ငံ နယ္ျခားကတပ္ေတြ အားလုံးကို အျမင့္ဆုံး တပ္လွန႔္မႈေတြ ကို ျပဳထား ပါတယ္ ။အိႏၵိယ မီဒီယာေတြ ရဲ႕အဆိုအရ ေတာင္ေပၚ လမ္းက်ဥ္းေလး တစ္ခုမွာ ၂ ႏိုင္ငံ စစ္တပ္ေတြ ညနက္ႀကီး မွာ ထိပ္တိုက္ ေတြ႕ၿပီး လက္နက္မဲ့ တိုက္ခိုက္မႈေတြ လုပ္ခဲ့ ၾကပါတယ္ ။ေက်ာက္တုံးေတြ သံ႐ိုက္ထား တဲ့ တုတ္ေတြ နဲ႔ အျခား လက္လုပ္ တိုက္ခိုက္စရာေတြ သုံးၿပီး တိုက္ခိုက္ ၾကတာပါ ။

ေသဆုံးသြားသူေတြ ကေတာ့ ေတာင္ေပၚကေန ေတာင္ေအာက္ကို ျပဳတ္က်ၿပီးေသဆုံးသြားတာပါလို႔ ဆို တယ္ ။အိႏၵိယဖက္က စစ္သည္ ၂၀ ေက်ာ္ က်ဆုံးခဲ့တယ္ လို႔ ထုတ္ျပန္ ေၾကညာခဲ့ေပမဲ့ ေဘက်င္းအစိုးရကေတာ့ သူတို႔စစ္သည္ ဘယ္ေလာက္ ေသဆုံး တယ္ဆိုတာကို မထုတ္ျပန္ခဲ့ပါဘူး ။ အိႏၵိယ စစ္တပ္ ထုတ္ျပန္ခ်က္ မွာေတာ့ တ႐ုတ္စစ္သည္ အနည္းဆုံး ၄၀ ေက်ာ္ေလာက္ ေသဆုံးသြားတယ္ လို႔ သိ ပါတယ္ ။ အိႏၵိယ အစိုးရ ဖက္ကေတာ့ သူတို႔ စစ္တပ္ကို တ႐ုတ္ဖက္က တိုက္ခိုက္ခဲ့တာ လို႔ စြပ္စြဲထား ပါတယ္ ။ တ႐ုတ္ဖက္ ကလည္း အိႏၵိယဖက္က နယ္ျခားစည္းကို တရားမဝင္က်ဴးေက်ာ္ လာတဲ့အတြက္ တိုက္ခိုက္ရတာ လို႔ ျပန္လည္ ေျပာၾကားထား ပါ တယ္ ။

ဟိ မဝႏၲာ ေတာင္တန္းႀကီး ေပၚ မွာ တ႐ုတ္ နဲ႔ မ်က္ႏွာခ်င္းဆိုင္ တိုက္ပြဲ မွာ က်ဆုံး သြားတဲ့ အိႏၵိယ စစ္သည္ ၂၀ ေက်ာ္ အတြက္ ရည္စူးၿပီး အိႏၵိယ ဝန္ႀကီးခ်ဳပ္ မိုဒိ က ဘယ္လိုနည္း နဲ႔ မွ အိႏၵိယေျမ တစ္လက္မမွ အပါ မခံႏိုင္ ဘူး လို႔ ဗုဒၶဟူးေန႔ က ႐ုပ္သံကေန မိန္ခြန္း ေျပာခဲ့ ပါ တယ္ ။ အိႏၵိယ- တ႐ုတ္ နယ္ျခား တစ္ေလွ်ာက္က က်ဥ္းေျမာင္း တဲ့ ေတာင္ေပၚ ေဒသမွာ တနလၤာေန႔က ျဖစ္ပြား ခဲ့တဲ့ တိုက္ပြဲ ၿပီးေနာက္ မွာေတာ့ ဝန္ႀကီးခ်ဳပ္ အေနနဲ႔ ပထမဆုံး တိုင္းျပည္ ကာကြယ္ဖို႔ ေျပာတဲ့ မိန႔္ခြန္း ကို အမ်ားျပည္သူ ကို ေျပာၾကား ခဲ့ တာ ပါ ။က်ေနာ္ တိုင္း ျပည္ကို အေသ အခ်ာ သိေစခ်င္တာ ကေတာ့ က်ေနာ္ တို႔ အတြက္ စေတးသြား တဲ့ ရဲေဘာ္ေတြ ကို အခ်ည္းႏွီး မျဖစ္ေစ ရပါဘူး ။

တိုင္းျပည္ ရဲ႕ စည္းလုံး ညီၫြတ္မႈ နဲ႔ အခ်ဳပ္အျခာ အာဏါ ပိုင္စိုးႏိုင္ေရးက အေရးႀကီးဆုံး ပါပဲ ။ အိႏၵိယက ၿငိမ္းခ်မ္းေရး ကို တန္ဖိုး ထား ပါ တယ္ ။ တကယ္ လို႔ အိႏၵိယ ကို လႈံ႕ေဆာ္ လာရင္ေတာ့ သင့္ေတာ္တဲ့ တုံ႔ျပန္မႈ တစ္ခု ကို ျပန္လည္ ေပးဆပ္ဖို႔အတြက္ ရွိသမွ် အင္အား ကို အကုန္ထုတ္သုံး မွာပါ ”လို႔ ဆိုပါတယ္ ။

REF: SHWE WIKI

UNICODE

နယ်စပ်က ပိုင်ဆိုင်တဲ့မြေ တစ်လက် မ မှ တရုတ်လက် အပါ မခံနိုင်ဘူး လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ ပြောပြီ

(၂ )နိုင်ငံ ပိုင်းခြားထားတဲ့ နယ်ခြားစည်းက ပြဿနာကို အေးအေးဆေးဆေး ဖြစ်အောင် နဲ့ အခြေအနေတွေ ပြန်လည် တည်ငြိမ် ဖို့ အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီနဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဗရာဟာမန်ယန် တို့က ဖုန်းဆက်ပြီး ၂ ဦး သဘောတူ သဘောတရား တွေကို ဆွေးနွေးခဲ့ ပါတယ် ။ ၂ နိုင်ငံ နယ်ခြားကတပ်တွေ အားလုံးကို အမြင့်ဆုံး တပ်လှန့်မှုတွေ ကို ပြုထား ပါတယ် ။အိန္ဒိယ မီဒီယာတွေ ရဲ့အဆိုအရ တောင်ပေါ် လမ်းကျဉ်းလေး တစ်ခုမှာ ၂ နိုင်ငံ စစ်တပ်တွေ ညနက်ကြီး မှာ ထိပ်တိုက် တွေ့ပြီး လက်နက်မဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့ ကြပါတယ် ။ကျောက်တုံးတွေ သံရိုက်ထား တဲ့ တုတ်တွေ နဲ့ အခြား လက်လုပ် တိုက်ခိုက်စရာတွေ သုံးပြီး တိုက်ခိုက် ကြတာပါ ။

သေဆုံးသွားသူတွေ ကတော့ တောင်ပေါ်ကနေ တောင်အောက်ကို ပြုတ်ကျပြီးသေဆုံးသွားတာပါလို့ ဆို တယ် ။အိန္ဒိယဖက်က စစ်သည် ၂၀ ကျော် ကျဆုံးခဲ့တယ် လို့ ထုတ်ပြန် ကြေညာခဲ့ပေမဲ့ ဘေကျင်းအစိုးရကတော့ သူတို့စစ်သည် ဘယ်လောက် သေဆုံး တယ်ဆိုတာကို မထုတ်ပြန်ခဲ့ပါဘူး ။ အိန္ဒိယ စစ်တပ် ထုတ်ပြန်ချက် မှာတော့ တရုတ်စစ်သည် အနည်းဆုံး ၄၀ ကျော်လောက် သေဆုံးသွားတယ် လို့ သိ ပါတယ် ။ အိန္ဒိယ အစိုးရ ဖက်ကတော့ သူတို့ စစ်တပ်ကို တရုတ်ဖက်က တိုက်ခိုက်ခဲ့တာ လို့ စွပ်စွဲထား ပါတယ် ။ တရုတ်ဖက် ကလည်း အိန္ဒိယဖက်က နယ်ခြားစည်းကို တရားမဝင်ကျူးကျော် လာတဲ့အတွက် တိုက်ခိုက်ရတာ လို့ ပြန်လည် ပြောကြားထား ပါ တယ် ။

ဟိ မဝန္တာ တောင်တန်းကြီး ပေါ် မှာ တရုတ် နဲ့ မျက်နှာချင်းဆိုင် တိုက်ပွဲ မှာ ကျဆုံး သွားတဲ့ အိန္ဒိယ စစ်သည် ၂၀ ကျော် အတွက် ရည်စူးပြီး အိန္ဒိယ ဝန်ကြီးချုပ် မိုဒိ က ဘယ်လိုနည်း နဲ့ မှ အိန္ဒိယမြေ တစ်လက်မမှ အပါ မခံနိုင် ဘူး လို့ ဗုဒ္ဓဟူးနေ့ က ရုပ်သံကနေ မိန်ခွန်း ပြောခဲ့ ပါ တယ် ။ အိန္ဒိယ- တရုတ် နယ်ခြား တစ်လျှောက်က ကျဉ်းမြောင်း တဲ့ တောင်ပေါ် ဒေသမှာ တနင်္လာနေ့က ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲ ပြီးနောက် မှာတော့ ဝန်ကြီးချုပ် အနေနဲ့ ပထမဆုံး တိုင်းပြည် ကာကွယ်ဖို့ ပြောတဲ့ မိန့်ခွန်း ကို အများပြည်သူ ကို ပြောကြား ခဲ့ တာ ပါ ။ကျနော် တိုင်း ပြည်ကို အသေ အချာ သိစေချင်တာ ကတော့ ကျနော် တို့ အတွက် စတေးသွား တဲ့ ရဲဘော်တွေ ကို အချည်းနှီး မဖြစ်စေ ရပါဘူး ။

တိုင်းပြည် ရဲ့ စည်းလုံး ညီညွတ်မှု နဲ့ အချုပ်အခြာ အာဏါ ပိုင်စိုးနိုင်ရေးက အရေးကြီးဆုံး ပါပဲ ။ အိန္ဒိယက ငြိမ်းချမ်းရေး ကို တန်ဖိုး ထား ပါ တယ် ။ တကယ် လို့ အိန္ဒိယ ကို လှုံ့ဆော် လာရင်တော့ သင့်တော်တဲ့ တုံ့ပြန်မှု တစ်ခု ကို ပြန်လည် ပေးဆပ်ဖို့အတွက် ရှိသမျှ အင်အား ကို အကုန်ထုတ်သုံး မှာပါ ”လို့ ဆိုပါတယ် ။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *