ပုသိမ္ေ ဆး႐ုံႀကီးတြင္ COVID-19ကုသေပးေန သည့္ တ႐ုတ္ႏိုင္ ငံ မွျပန္လာ သူ (၁) ဦး ဆြဲႀကိဳးခ် ေသဆုံး

ပုသိမ္ေဆး႐ုံအုပ္ႀကီးက ေဒါက္တာ သန္းမင္းထြဋ္က “လူနာကိုႀကိဳးဆြဲခ်ေသဆုံးဖို႔ ႀကံစီေနတာသိလို႔ လိုအပ္တဲ့ေဆးေတြ စိတ္ၿငိမ္ေဆး ေတြတိုက္ ကာ ကုသေပးတာေတြ ႀကိဳးဆြဲခ် မေသဆုံးေအာင္ ပုဆိုးေတြ ကို သိမ္းထားတာေတြ ျပဳလုပ္ထားတာ ခုလို မထင္မွတ္တဲ့ အက်ႌနဲ႔ လုပ္ၿပီး ေသသြားတာ စိတ္မေကာင္းဘူး”လို႔ ေျပာပါတယ္။ေသဆုံးခဲ့တဲ့ အမ်ိဳးသားရဲ႕ ႐ုပ္အေလာင္းကို ဇြန္လ ၁၈ ရက္ေန႔ ေန႔လယ္ပိုင္းက ပုသိမ္ ၿမိဳ႕ သေရာင္းေခ်ာင္းမီးသၿဂႋဳဟ္စက္မွာ ဘုန္းႀကီး ၅ ပါးပင့္ေဆာင္ကာ မီးသၿဂႋဳဟ္ေပးခဲ့တယ္လို႔ သိရပါတယ္။

တ႐ုတ္ႏိုင္ငံက အမ်ိဳးသားေသဆုံးတာနဲ႔ ပတ္သက္ၿပီး ေဆး႐ုံအုပ္ႀကီးက မိသားစုဝင္ေတြကို ဆက္သြယ္အေၾကာင္းၾကားေပးခဲ့သလို ရဲ တပ္ဖြဲ႕ကလည္း ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး စစ္ေဆးတာေတြျပဳလုပ္ေနတယ္လို႔ ေဆး႐ုံအုပ္ႀကီးက ေျပာပါတယ္။ ဧရာ ဝတီတိုင္း၊ ပုသိမ္ ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးမွာ ဇြန္ ၁၇ ရက္ေန႔ ညေနပိုင္းက တ႐ုတ္ႏိုင္ငံကျပန္လာၿပီး ေဆးကုသမႈျပဳလုပ္ေပးေနတဲ့ အမ်ိဳးသား ၁ ဦး ဆြဲႀကိဳးခ် ေသဆုံးခဲ့ တယ္လို႔ ေဆး႐ုံတာဝန္ရွိသူေတြက ေျပာပါတယ္။

အဆိုပါအမ်ိဳးသားဟာ တ႐ုတ္ႏိုင္ငံကေန ဇြန္ ၁၆ ရက္ေန႔က ပုသိမ္ၿမိဳ႕ကို ေရာက္ရွိလာတာ ျဖစ္ၿပီး ပုသိမ္တကၠသိုလ္ရွိ နႏၵေဆာင္မွာ အ သြားအလာကန႔္သတ္ေစာင့္ၾကည့္တာေတြ ျပဳလုပ္စဥ္ လာေခၚတဲ့ ကားေပၚမွာပါလာတဲ့ ဘရိတ္ဆီကိုေသာက္ခဲ့တာေၾကာင့္ ေဆး႐ုံႀကီးကို ေခၚေဆာင္ ကုသေပးေနစဥ္မွာ ဆြဲႀကိဳခ်ေသဆုံးခဲ့တာလို႔ ပုသိမ္ ျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာ သန္းမင္းထြဋ္က DVB ကိုေျပာပါ တယ္။ သူ႔ကိုေရာက္လာထဲက သီးျခားေဆာင္မွာထားတယ္။ အဲ့အခ်ိန္မွာ မသကၤာလို႔ ဝင္ၾကည့္ေတာ့။

ပုဆိုးကို က်စ္ေနတာေတြလို႔ ေမးေတာ့ ဆြဲႀကိဳးခ်ေသဖို႔ေျပာေတာ့ ဆရာတို႔ အေဆာင္ေ႐ႊ႕တယ္၊ အျပင္ကျမင္ရတဲ့ မွန္ခန္းကိုေ႐ႊ႕တယ္၊ ၿပီးေတာ့ စီစီတီဗြီနဲ႔ ေစာင့္ၾကည့္ေနတာ ညေနပိုင္းမွာ အိမ္သာတက္ခ်င္လို႔ဆိုၿပီး ဝင္သြားတယ္၊ အဲ့မွာ သူဝတ္ထားတဲ့ အက်ႌနဲ႔ ျပန္ႀကိဳးဆြဲ ခ်တာပါ။”ႀကိဳးဆြဲခ်ေသဆုံးခဲ့တဲ့ အမ်ိဳးသားဟာ ေဆး႐ုံကို ဇြန္လ ၁၆ ရက္ေန႔ ညပိုင္း ေရာက္ရွိစဥ္အခ်ိန္က စတင္ကာ စိတ္မၿငိမ္ဘဲ ေအာ္ ဟစ္တာေတြ နံရံေတြကို ထုတာေတြ ျပဳလုပ္တာေၾကာင့္ စိတ္ေရာဂါဆရာဝန္နဲ႔ ကုသတာေတြျပဳလုပ္ေပးေနၿပီး ဒုတိယ ေျမာက္ညမွာ ဆြဲႀကိဳးခ်ေသဆုံးခဲ့တာပါ။

REF: ဒီဗြီဘီ

UNICODE

ပုသိမ်ေ ဆးရုံကြီးတွင် COVID-19ကုသပေးနေ သည့် တရုတ်နိုင် ငံ မှပြန်လာ သူ (၁) ဦး ဆွဲကြိုးချ သေဆုံး

ပုသိမ်ဆေးရုံအုပ်ကြီးက ဒေါက်တာ သန်းမင်းထွဋ်က “လူနာကိုကြိုးဆွဲချသေဆုံးဖို့ ကြံစီနေတာသိလို့ လိုအပ်တဲ့ဆေးတွေ စိတ်ငြိမ်ဆေး တွေတိုက် ကာ ကုသပေးတာတွေ ကြိုးဆွဲချ မသေဆုံးအောင် ပုဆိုးတွေ ကို သိမ်းထားတာတွေ ပြုလုပ်ထားတာ ခုလို မထင်မှတ်တဲ့ အင်္ကျီနဲ့ လုပ်ပြီး သေသွားတာ စိတ်မကောင်းဘူး”လို့ ပြောပါတယ်။သေဆုံးခဲ့တဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို ဇွန်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ပုသိမ် မြို့ သရောင်းချောင်းမီးသင်္ဂြိုဟ်စက်မှာ ဘုန်းကြီး ၅ ပါးပင့်ဆောင်ကာ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံက အမျိုးသားသေဆုံးတာနဲ့ ပတ်သက်ပြီး ဆေးရုံအုပ်ကြီးက မိသားစုဝင်တွေကို ဆက်သွယ်အကြောင်းကြားပေးခဲ့သလို ရဲ တပ်ဖွဲ့ကလည်း သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ ဧရာ ဝတီတိုင်း၊ ပုသိမ် မြို့ပြည်သူ့ဆေးရုံကြီးမှာ ဇွန် ၁၇ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံကပြန်လာပြီး ဆေးကုသမှုပြုလုပ်ပေးနေတဲ့ အမျိုးသား ၁ ဦး ဆွဲကြိုးချ သေဆုံးခဲ့ တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါအမျိုးသားဟာ တရုတ်နိုင်ငံကနေ ဇွန် ၁၆ ရက်နေ့က ပုသိမ်မြို့ကို ရောက်ရှိလာတာ ဖြစ်ပြီး ပုသိမ်တက္ကသိုလ်ရှိ နန္ဒဆောင်မှာ အ သွားအလာကန့်သတ်စောင့်ကြည့်တာတွေ ပြုလုပ်စဉ် လာခေါ်တဲ့ ကားပေါ်မှာပါလာတဲ့ ဘရိတ်ဆီကိုသောက်ခဲ့တာကြောင့် ဆေးရုံကြီးကို ခေါ်ဆောင် ကုသပေးနေစဉ်မှာ ဆွဲကြိုချသေဆုံးခဲ့တာလို့ ပုသိမ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က DVB ကိုပြောပါ တယ်။ သူ့ကိုရောက်လာထဲက သီးခြားဆောင်မှာထားတယ်။ အဲ့အချိန်မှာ မသင်္ကာလို့ ဝင်ကြည့်တော့။

ပုဆိုးကို ကျစ်နေတာတွေလို့ မေးတော့ ဆွဲကြိုးချသေဖို့ပြောတော့ ဆရာတို့ အဆောင်ရွှေ့တယ်၊ အပြင်ကမြင်ရတဲ့ မှန်ခန်းကိုရွှေ့တယ်၊ ပြီးတော့ စီစီတီဗွီနဲ့ စောင့်ကြည့်နေတာ ညနေပိုင်းမှာ အိမ်သာတက်ချင်လို့ဆိုပြီး ဝင်သွားတယ်၊ အဲ့မှာ သူဝတ်ထားတဲ့ အင်္ကျီနဲ့ ပြန်ကြိုးဆွဲ ချတာပါ။”ကြိုးဆွဲချသေဆုံးခဲ့တဲ့ အမျိုးသားဟာ ဆေးရုံကို ဇွန်လ ၁၆ ရက်နေ့ ညပိုင်း ရောက်ရှိစဉ်အချိန်က စတင်ကာ စိတ်မငြိမ်ဘဲ အော် ဟစ်တာတွေ နံရံတွေကို ထုတာတွေ ပြုလုပ်တာကြောင့် စိတ်ရောဂါဆရာဝန်နဲ့ ကုသတာတွေပြုလုပ်ပေးနေပြီး ဒုတိယ မြောက်ညမှာ ဆွဲကြိုးချသေဆုံးခဲ့တာပါ။

REF:    ဒီဗွီဘီ

Add a Comment

Your email address will not be published. Required fields are marked *