ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ကို စြပ္စြဲျပစ္တင္ မရသည့္အတြက္ လႊတ္ေတာ္ဥကၠ႒အား စြပ္စြဲျပစ္တင္ရန္ ေစာင့္ၾကည့္ေနဟု ျပည္ခိုင္ၿဖိဳးအမတ္ေျပာ

တိုင္းေဒသႀကီးလႊတ္ေတာ္အေရး ေပၚအစည္းအေဝးတြင္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္အား စြပ္စြဲျပစ္တင္မႈအေပၚ စုံစမ္းစစ္ေဆးေရးအဖြဲ၏ စစ္ေဆးေတြ႕ရွိခ်က္ကို တိုင္းလႊတ္ေတာ္ဥကၠ႒က ရွင္းျပၿပီးသည့္အခ်ိန္တြင္ ဦးတင္ဝင္းက ေဆြးေႏြးရန္ မတ္တပ္ရပ္စဥ္ ထိုင္ပါဟုဆိုကာ လႊတ္ေတာ္ဥကၠ႒က ေဆြးေႏြးခြင့္ ခြင့္မျပဳခဲ့ေပ။အဆိုတင္ခဲ့တဲ့လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ ကြၽန္ေတာ့္မွာ တင္ျပပိုင္ခြင့္ ရွိတယ္။ကြၽန္ေတာ္က စြပ္စြဲျပစ္တင္ထားတဲ့အတြက္ ကြၽန္ေတာ့္မွာတင္ျပပိုင္ ခြင့္ရွိတယ္။

ကြၽန္ေတာ့္ တင္ျပခ်က္ကို နားေထာင္ဖို႔ ေတာ့ေကာင္း တာေပါ့။ နားေထာင္ၿပီးမွ လႊတ္ေတာ္ ကိုယ္စားလွယ္ ႀကီး၊ ဥပေဒအရ ဘယ္လိုဆို ထားတယ္ ဗ်ာ။ ခင္ဗ်ားဥစၥာ ကြၽန္ေတာ္ေဆြးေႏြးခြင့္မျပဳဘူးဆိုရင္ ကြၽန္ေတာ္လည္း ေကာင္းတာေပါ့ဗ်ာ။အမ်ားကလည္း ၾကည့္လို႔ေကာင္း တာေပါ့”ဟု ဦးတင္ဝင္းကေျပာသည္။လႊတ္ေတာ္ဥကၠ႒ကို အစည္းအေဝးကာလတြင္ တာဝန္မွ႐ုတ္သိမ္းရန္ေဆာင္႐ြက္ျခင္း ပုဒ္မ ၆၈ျဖင့္ လႊတ္ ေတာ္အတြင္း၌ေဆာင္႐ြက္ သင့္လွ်င္ ေဆာင္႐ြက္ သြားမည္ဟုေျပာသည္။

ထို႔သို႔ လုပ္ေဆာင္ရျခင္းမွာလည္း အစိုးရ၏အားနည္းခ်က္မ်ားကို ထိန္းေၾကာင္းႏိုင္ေရးအတြက္သာ ေဆာင္႐ြက္ရျခင္းျဖစ္ကာ ပုဂၢိဳလ္စြဲပါ တီစြဲျဖင့္ျပဳလုပ္ရျခင္းမဟုတ္ေၾကာင္းလည္းေျပာသည္။ဝန္ႀကီးခ်ဳပ္ကိုစြပ္စြဲအျပစ္တင္သည့္ အဆိုရွင္ကို ေဆြးေႏြးခြင့္မေပးသည့္ ရန္ကုန္ တိုင္း‌‌‌ေဒသႀကီးလႊတ္ေတာ္ဥကၠ႒ဦးတင္ေမာင္ထြန္းအား စြပ္စြဲျပစ္တင္ရန္ အခ်က္အလက္မ်ားစုေဆာင္းကာေစာင့္ၾကည့္ေနသည္ ဟု ျပည္ ခိုင္ၿဖိဳးပါတီကိုကိုးကြၽန္းၿမိဳ႕နယ္အမွတ္(၁)မဲဆႏၵနယ္မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ဝင္းက ေျပာသည္။

လႊတ္ေတာ္ဥကၠ႒ကိုျဖဳတ္ခ်ေရးႏွင့္ ပတ္သက္၍ ယခင္ က လုပ္ေဆာင္ခ်က္မ်ားကို ျပန္လည္သုံးသပ္ကာ အခ်က္အလက္မ်ားကို စုေဆာင္း ၿပီး ျဖဳတ္ခ်ေရးကိုလုပ္ သင့္လွ်င္လည္း လုပ္ေဆာင္မည္ဟု ဦးတင္ဝင္းက ဆိုသည္။တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ လႊတ္ေတာ္ဆိုင္ရာ ဥပေဒနဲ႔ နည္းဥပေဒ ပုဒ္မ ၆၈ အရလုပ္သင့္ရင္လည္းလုပ္မယ္။ ဒီကိစၥေလးကိုေတာ့ ကြၽန္ေတာ္ေစာင့္ေနတယ္။ တကယ္လို႔ မ်ားလာရင္ ကြၽန္ေတာ္ လုပ္မယ္” ဟု ဦးတင္ဝင္းကေျပာသည္။

REF: THE FIFTH WAVE NEWS

UNICODE

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင် မရသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌအား စွပ်စွဲပြစ်တင်ရန် စောင့်ကြည့်နေဟု ပြည်ခိုင်ဖြိုးအမတ်ပြော

တိုင်းဒေသကြီးလွှတ်တော်အရေး ပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်မှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ၏ စစ်ဆေးတွေ့ရှိချက်ကို တိုင်းလွှတ်တော်ဥက္ကဋ္ဌက ရှင်းပြပြီးသည့်အချိန်တွင် ဦးတင်ဝင်းက ဆွေးနွေးရန် မတ်တပ်ရပ်စဉ် ထိုင်ပါဟုဆိုကာ လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးခွင့် ခွင့်မပြုခဲ့ပေ။အဆိုတင်ခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ကျွန်တော့်မှာ တင်ပြပိုင်ခွင့် ရှိတယ်။ကျွန်တော်က စွပ်စွဲပြစ်တင်ထားတဲ့အတွက် ကျွန်တော့်မှာတင်ပြပိုင် ခွင့်ရှိတယ်။

ကျွန်တော့် တင်ပြချက်ကို နားထောင်ဖို့ တော့ကောင်း တာပေါ့။ နားထောင်ပြီးမှ လွှတ်တော် ကိုယ်စားလှယ် ကြီး၊ ဥပဒေအရ ဘယ်လိုဆို ထားတယ် ဗျာ။ ခင်ဗျားဥစ္စာ ကျွန်တော်ဆွေးနွေးခွင့်မပြုဘူးဆိုရင် ကျွန်တော်လည်း ကောင်းတာပေါ့ဗျာ။အများကလည်း ကြည့်လို့ကောင်း တာပေါ့”ဟု ဦးတင်ဝင်းကပြောသည်။လွှတ်တော်ဥက္ကဋ္ဌကို အစည်းအဝေးကာလတွင် တာဝန်မှရုတ်သိမ်းရန်ဆောင်ရွက်ခြင်း ပုဒ်မ ၆၈ဖြင့် လွှတ် တော်အတွင်း၌ဆောင်ရွက် သင့်လျှင် ဆောင်ရွက် သွားမည်ဟုပြောသည်။

ထို့သို့ လုပ်ဆောင်ရခြင်းမှာလည်း အစိုးရ၏အားနည်းချက်များကို ထိန်းကြောင်းနိုင်ရေးအတွက်သာ ဆောင်ရွက်ရခြင်းဖြစ်ကာ ပုဂ္ဂိုလ်စွဲပါ တီစွဲဖြင့်ပြုလုပ်ရခြင်းမဟုတ်ကြောင်းလည်းပြောသည်။ဝန်ကြီးချုပ်ကိုစွပ်စွဲအပြစ်တင်သည့် အဆိုရှင်ကို ဆွေးနွေးခွင့်မပေးသည့် ရန်ကုန် တိုင်း‌‌‌ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်းအား စွပ်စွဲပြစ်တင်ရန် အချက်အလက်များစုဆောင်းကာစောင့်ကြည့်နေသည် ဟု ပြည် ခိုင်ဖြိုးပါတီကိုကိုးကျွန်းမြို့နယ်အမှတ်(၁)မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ပြောသည်။

လွှတ်တော်ဥက္ကဋ္ဌကိုဖြုတ်ချရေးနှင့် ပတ်သက်၍ ယခင် က လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်ကာ အချက်အလက်များကို စုဆောင်း ပြီး ဖြုတ်ချရေးကိုလုပ် သင့်လျှင်လည်း လုပ်ဆောင်မည်ဟု ဦးတင်ဝင်းက ဆိုသည်။တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေနဲ့ နည်းဥပဒေ ပုဒ်မ ၆၈ အရလုပ်သင့်ရင်လည်းလုပ်မယ်။ ဒီကိစ္စလေးကိုတော့ ကျွန်တော်စောင့်နေတယ်။ တကယ်လို့ များလာရင် ကျွန်တော် လုပ်မယ်” ဟု ဦးတင်ဝင်းကပြောသည်။

REF:   THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *