သတိထားဂ႐ုစိုက္ဖို႔ လိုလာတဲ့ ထပ္တိုး COVID-19 လကၡဏာအသစ္ေတြ

ကို႐ိုနာဗိုင္းရပ္စ္က စိုးရိမ္ရတဲ့အေျခအေနနဲ႔ ပ်ံ႕ႏွံ႔ေနၿပီး ခံစားရတဲ့လကၡဏာေတြက အသက္အ႐ြယ္၊ က်န္းမာေရး၊ ေရာဂါအခံရွိ တဲ့သူေတြ အေပၚမူတည္ၿပီး ကြာျခားသြားပါတယ္။ ေရာဂါလကၡဏာေတြကို သတိရွိတာ၊ ေရာဂါလကၡဏာေတြ ခံစားရလာၿပီးဆိုရင္လည္း ျမန္ျမန္ ဆန္ဆန္အသိေပးတာ၊ ေရာဂါကူးစက္ႏိုင္ေစမဲ့ ထိေတြ႕မႈေတြေရွာင္ရွားတာေတြလုပ္ဖို႔ အေရးႀကီးပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါရပ္ တန႔္သြားတဲ့ အေျခအေနမေရာက္ရွိေသးပါဘူး။

ကမာၻတစ္ဝွမ္းမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ (၃) သန္းေက်ာ္ရွိေနပါတယ္။ တခ်ိဳ႕ေရာဂါကူးစက္ခံရတဲ့သူေတြက ဘာေရာဂါလကၡဏာမွ မျပသလို နဂိုသိထားၾကတဲ့ ေရာဂါလကၡဏာေတြလည္း မျပၾကဘူးလို႔သိရပါတယ္။ အခုဆိုရင္ COVID-19 ရဲ႕ ေရာဂါလကၡဏာအသစ္ေတြ တိုးလာၿပီး အဲဒီလကၡဏာေတြကို Centre for Disease Control and Prevention က ထုတ္ျပန္ထားပါတယ္။

အနံ႔၊ အရသာခံႏိုင္စြမ္းမရွိျခင္း

အနံ႔ခံလို႔မရတာ၊ အရသာခံလို႔မရတာေတြကလည္း COVID-19 ရဲ႕ ေနာက္ထပ္လကၡဏာျဖစ္ပါတယ္။ လူတစ္ေယာက္က အသက္ရလာ တာ၊ ႏွာေခါင္းပိတ္တဲ့အခါမ်ိဳးမွာ အနံ႔၊ အရသာခံႏိုင္စြမ္းအားမရွိတတ္ၾကပါတယ္။ အခုဆိုရင္ အနံ႔၊ အရသာခံႏိုင္စြမ္းဆုံးရႈံးတာက COVID -19 ရဲ႕ ေရာဂါလကၡဏာျဖစ္လာခဲ့ပါၿပီ။ ၿဗိတိန္ႏိုင္ငံတစ္ဝွမ္းက လူနာေတြမွာ ဒီလကၡဏာကို မတ္လကုန္က ေတြ႕ရွိခဲ့ရပါတယ္။

ခ်မ္းစိမ့္စိမ့္ျဖစ္လြန္းျခင္း

ခ်မ္းစိမ့္စမ့္ျဖစ္တာက ပုံမွန္ဆိုရင္ အေသးအမႊားျပႆနာပါပဲ။ ကို႐ိုနာဗိုင္းရပ္စ္လကၡဏာရပ္အေနနဲ႔ျဖစ္လာၿပီဆိုရင္ေတာ့ ဂ႐ုစိုက္ဖို႔ လိုလာပါၿပီ။ ေဆာင္းရာသီမဟုတ္ဘဲ ခ်မ္းစိမ့္စိမ့္ျဖစ္ၿပီး လက္တုန္ေလာက္တဲ့အထိ ခ်မ္းတယ္ဆိုရင္ COVID-19 ရဲ႕လကၡဏာသစ္ျဖစ္ ပါတယ္။ အရမ္းခ်မ္းၿပီး တုန္ရီသလို ခံစားခဲ့ရတဲ့ သတင္းေထာက္ေၾကာင့္ ဒီလကၡဏာရပ္သိလာခဲ့တာျဖစ္ပါတယ္။

ႂကြက္သားနာက်င္ျခင္း

သက္ႀကီးပိုင္ လူနာေတာ္ေတာ္မ်ားမ်ားမွာ အဆစ္အျမစ္နဲ႔ ႂကြက္သားနာက်င္တာေတြကို ကို႐ိုနာဗိုင္းရပ္စ္ရဲ႕လကၡဏာရပ္အျဖစ္ ေတြ႕ရွိ ေနရပါတယ္။ ႂကြက္သားနာက်င္တာကို အေမရိကန္ႏိုင္ငံတစ္ဝွမ္းက လူနာ (၁၄.၈) ရာခိုင္ႏႈန္းေလာက္မွာ ခံစားရတာကို ေတြ႕ရွိရပါတယ္။ ဗိုင္းရပ္စ္ကတစ္ရႈးနဲ႔ ဆဲလ္ေတြကို တိုက္ခိုက္တဲ့အခါမွာ ႂကြက္သားနာက်င္ျခင္း ျဖစ္လာရပါတယ္။

ေခါင္းကိုက္ျခင္း

ေအးသလို ခံစားရၿပီးေခါင္းကိုက္တာက အေတာ္ေလးအျဖစ္မ်ားပါတယ္။ အသက္ရႈလမ္းေၾကာင္းဆိုရင္ ေရာဂါကူးစက္မႈရွိေနရင္လည္း ျဖစ္ႏိုင္ပါတယ္။ နားထင္နဲ႔ မ်က္ခြံတစ္ဝိုက္မွာ နာက်င္သလိုခံစားရၿပီး အားအင္ကုန္ခန္းေလာက္တဲ့အထိ ေခါင္းကိုက္တာကလည္း ကို႐ိုနာ ဗိုင္းရပ္စ္ရဲ႕လကၡဏာတစ္ခုျဖစ္တယ္လို႔ ေလ့လာခ်က္အသစ္ေတြက ဆိုပါတယ္။

မ်က္ေျမႇးေရာင္နာ (မ်က္စိနာ)

မၾကာေသးခင္ကမွ ကို႐ိုနာဗိုင္းရပ္စ္က မ်က္ေျမႇးေရာင္နာ ျဖစ္ေစႏိုင္တယ္ဆိုတာကို သိရွိခဲ့ရပါတယ္။ ဆိုလိုတာက ဗိုင္းရပ္စ္က အသက္ ရႈလမ္းေၾကာင္းဆိုင္ရာအရည္စက္ကေလးေတြကတဆင့္ ပ်ံ႕ႏွံံ့ႏိုင္တာတင္မဟုတ္ဘဲ ႏွာေခါင္းနဲ႔ မ်က္လုံးအရည္အိတ္ေတြကတဆင့္လည္း ကူးစက္ႏိုင္တယ္ဆိုတာပါပဲ။ လူနာတစ္ေယာက္က မ်က္ေျမႇးေရာင္နာကို ခံစားခဲ့ရတယ္လို႔ ေလ့လာခ်က္တစ္ခုကဆိုထားပါတယ္။

Ref: YOYARLAY

UNICODE

သတိထားဂရုစိုက်ဖို့ လိုလာတဲ့ ထပ်တိုး COVID-19 လက္ခဏာအသစ်တွေ

ကိုရိုနာဗိုင်းရပ်စ်က စိုးရိမ်ရတဲ့အခြေအနေနဲ့ ပျံ့နှံ့နေပြီး ခံစားရတဲ့လက္ခဏာတွေက အသက်အရွယ်၊ ကျန်းမာရေး၊ ရောဂါအခံရှိ တဲ့သူတွေ အပေါ်မူတည်ပြီး ကွာခြားသွားပါတယ်။ ရောဂါလက္ခဏာတွေကို သတိရှိတာ၊ ရောဂါလက္ခဏာတွေ ခံစားရလာပြီးဆိုရင်လည်း မြန်မြန် ဆန်ဆန်အသိပေးတာ၊ ရောဂါကူးစက်နိုင်စေမဲ့ ထိတွေ့မှုတွေရှောင်ရှားတာတွေလုပ်ဖို့ အရေးကြီးပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရပ် တန့်သွားတဲ့ အခြေအနေမရောက်ရှိသေးပါဘူး။

ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၃) သန်းကျော်ရှိနေပါတယ်။ တချို့ရောဂါကူးစက်ခံရတဲ့သူတွေက ဘာရောဂါလက္ခဏာမှ မပြသလို နဂိုသိထားကြတဲ့ ရောဂါလက္ခဏာတွေလည်း မပြကြဘူးလို့သိရပါတယ်။ အခုဆိုရင် COVID-19 ရဲ့ ရောဂါလက္ခဏာအသစ်တွေ တိုးလာပြီး အဲဒီလက္ခဏာတွေကို Centre for Disease Control and Prevention က ထုတ်ပြန်ထားပါတယ်။

အနံ့၊ အရသာခံနိုင်စွမ်းမရှိခြင်း

အနံ့ခံလို့မရတာ၊ အရသာခံလို့မရတာတွေကလည်း COVID-19 ရဲ့ နောက်ထပ်လက္ခဏာဖြစ်ပါတယ်။ လူတစ်ယောက်က အသက်ရလာ တာ၊ နှာခေါင်းပိတ်တဲ့အခါမျိုးမှာ အနံ့၊ အရသာခံနိုင်စွမ်းအားမရှိတတ်ကြပါတယ်။ အခုဆိုရင် အနံ့၊ အရသာခံနိုင်စွမ်းဆုံးရှုံးတာက COVID -19 ရဲ့ ရောဂါလက္ခဏာဖြစ်လာခဲ့ပါပြီ။ ဗြိတိန်နိုင်ငံတစ်ဝှမ်းက လူနာတွေမှာ ဒီလက္ခဏာကို မတ်လကုန်က တွေ့ရှိခဲ့ရပါတယ်။

ချမ်းစိမ့်စိမ့်ဖြစ်လွန်းခြင်း

ချမ်းစိမ့်စမ့်ဖြစ်တာက ပုံမှန်ဆိုရင် အသေးအမွှားပြဿနာပါပဲ။ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာရပ်အနေနဲ့ဖြစ်လာပြီဆိုရင်တော့ ဂရုစိုက်ဖို့ လိုလာပါပြီ။ ဆောင်းရာသီမဟုတ်ဘဲ ချမ်းစိမ့်စိမ့်ဖြစ်ပြီး လက်တုန်လောက်တဲ့အထိ ချမ်းတယ်ဆိုရင် COVID-19 ရဲ့လက္ခဏာသစ်ဖြစ် ပါတယ်။ အရမ်းချမ်းပြီး တုန်ရီသလို ခံစားခဲ့ရတဲ့ သတင်းထောက်ကြောင့် ဒီလက္ခဏာရပ်သိလာခဲ့တာဖြစ်ပါတယ်။

ကြွက်သားနာကျင်ခြင်း

သက်ကြီးပိုင် လူနာတော်တော်များများမှာ အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်တာတွေကို ကိုရိုနာဗိုင်းရပ်စ်ရဲ့လက္ခဏာရပ်အဖြစ် တွေ့ရှိ နေရပါတယ်။ ကြွက်သားနာကျင်တာကို အမေရိကန်နိုင်ငံတစ်ဝှမ်းက လူနာ (၁၄.၈) ရာခိုင်နှုန်းလောက်မှာ ခံစားရတာကို တွေ့ရှိရပါတယ်။ ဗိုင်းရပ်စ်ကတစ်ရှုးနဲ့ ဆဲလ်တွေကို တိုက်ခိုက်တဲ့အခါမှာ ကြွက်သားနာကျင်ခြင်း ဖြစ်လာရပါတယ်။

ခေါင်းကိုက်ခြင်း

အေးသလို ခံစားရပြီးခေါင်းကိုက်တာက အတော်လေးအဖြစ်များပါတယ်။ အသက်ရှုလမ်းကြောင်းဆိုရင် ရောဂါကူးစက်မှုရှိနေရင်လည်း ဖြစ်နိုင်ပါတယ်။ နားထင်နဲ့ မျက်ခွံတစ်ဝိုက်မှာ နာကျင်သလိုခံစားရပြီး အားအင်ကုန်ခန်းလောက်တဲ့အထိ ခေါင်းကိုက်တာကလည်း ကိုရိုနာ ဗိုင်းရပ်စ်ရဲ့လက္ခဏာတစ်ခုဖြစ်တယ်လို့ လေ့လာချက်အသစ်တွေက ဆိုပါတယ်။

မျက်မြှေးရောင်နာ (မျက်စိနာ)

မကြာသေးခင်ကမှ ကိုရိုနာဗိုင်းရပ်စ်က မျက်မြှေးရောင်နာ ဖြစ်စေနိုင်တယ်ဆိုတာကို သိရှိခဲ့ရပါတယ်။ ဆိုလိုတာက ဗိုင်းရပ်စ်က အသက် ရှုလမ်းကြောင်းဆိုင်ရာအရည်စက်ကလေးတွေကတဆင့် ပျံ့နှံံ့နိုင်တာတင်မဟုတ်ဘဲ နှာခေါင်းနဲ့ မျက်လုံးအရည်အိတ်တွေကတဆင့်လည်း ကူးစက်နိုင်တယ်ဆိုတာပါပဲ။ လူနာတစ်ယောက်က မျက်မြှေးရောင်နာကို ခံစားခဲ့ရတယ်လို့ လေ့လာချက်တစ်ခုကဆိုထားပါတယ်။

Ref: YOYARLAY

Add a Comment

Your email address will not be published. Required fields are marked *