အစိုးရမွ အေျခခံ လူတန္းစား အိမ္ေထာင္စု (၁)စုလွ်င္ ဒုတိယ အႀကိမ္ ေငြက်ပ္ (၂)ေသာင္းစီ ေထာက္ပံ့ မည္

ပထမ အႀကိမ္မွာေတာ့ စားနပ္ ရိကၡာေတြ ဝယ္ယူၿပီး ျဖန႔္ေဝတဲ့ အခါမွာ ေအာက္ေျခမွာ အမ်ိဳးမ်ိဳး ေဝဖန္ ေျပာဆိုမႈေတြ ရွိတယ္ေပါ့။ တစ္ ခ်ိဳ႕လည္း အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ရိကၡာ(၅)မ်ိဳးမွာ ေလ်ာ့နည္းတာေတြ ရွိတယ္ဆိုတဲ့ ျပသနာေတြ ေတြ႕ရတယ္ေပါ့။ တစ္ခ်ိဳ႕လည္း စားနပ္ရိကၡာေတြကို စုပုံၿပီး ျဖန႔္ေဝ တဲ့ အခါမွာ Logistic ပိုင္းဆိုင္ရာ အခက္အခဲေတြ ရွိတယ္ဆိုေတာ့ အဲ့ေတာ့ ကာယကံရွင္ မိသားစုေတြ လက္ထဲကို ေငြေပးတာက ပိုၿပီး ထိေရာက္မလား ဆိုတဲ့ စဥ္းစားခ်က္ေတြနဲ႔ လူႀကီးေတြက စီစဥ္တာပါ။

က်န္ရစ္ခဲ့တဲ့ အိမ္ေထာင္စုေတြကို က်ပ္ ၁၅၀၀၀ ေပးဖို႔ ေဆာင္႐ြက္ခိုင္း ထားၿပီး ျဖစ္ပါတယ္” ဟု ဦးေဇာ္ေဌးက ဆက္လက္ေျပာသည္။ အစိုးရအေနျဖင့္ ပထမအႀကိမ္ ရိကၡာ (၅) မ်ိဳး ေထာက္ပံ့ျခင္း ကို သၾကၤန္ ႐ုံးပိတ္ရက္ ကာလအတြင္း ျဖန႔္ ေဝခဲ့ျခင္း ျဖစ္ၿပီး အိမ္ေထာင္စု ေပါင္း ၄ သန္းေက်ာ္အား ေထာက္ပံ့ေပးခဲ့ျခင္း ျဖစ္ကာ ပထမအႀကိမ္ ရိကၡာ (၅) မ်ိဳး ျဖန႔္ေဝရာတြင္ က်န္ရွိခဲ့သည့္ အိမ္ေထာင္စုမ်ားအား ေငြက်ပ္ ၁၅၀၀၀ ႏႈန္းျဖင့္ ေထာက္ပံ့ ေပးသြားမည္ ျဖစ္ေၾကာင္း သိရွိရသည္။

အစိုးရအေနျဖင့္ အေျခခံ လူတန္းစား အိမ္ေထာင္စုအား ဒုတိယအႀကိမ္ ေထာက္ပံ့မႈ အျဖစ္ ေငြက်ပ္ ႏွစ္ေသာင္း စီ ထပ္မံ ေထာက္ပံ့ေပး သြားမည္ ျဖစ္ေၾကာင္း သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာၾကားလိုက္သည္။သမၼတအိမ္ေတာ္တြင္ ဇြန္လ ၁၉ ရက္ နံနက္ ၁၁ နာရီ အခ်ိန္က ျပဳလုပ္ခဲ့ေသာ သတင္းစာရွင္း လင္းပြဲတြင္ သတင္း ေထာက္မ်ား၏ ေမးျမန္းမႈအေပၚ ၎က ယင္းသို႔ ျပန္လည္ ေျဖၾကားခဲ့ ျခင္း ျဖစ္သည္။ ႏိုင္ငံတစ္ဝန္းတြင္ အေျခခံ လူတန္းစား အိမ္ေထာင္စုေပါင္း ၅ သန္း ၄ သိန္းေက်ာ္ ရွိေနသည္။

အိမ္ေထာင္စု တစ္စုလွ်င္ ေငြက်ပ္ ၂ ေသာင္းႏႈန္းျဖင့္ ေထာက္ပံ့ရန္ ၫႊန္ၾကားထားၿပီး ျဖစ္ေၾကာင္း ဦးေဇာ္ေဌးက ေျပာသည္။ ထိုသို႔ ေထာက္ပံ့ ရာတြင္ ကနဦး စမ္းသပ္ ျခင္း အေနျဖင့္ ပုဗၺသီရိၿမိဳ႕နယ္၊ မိတၳီလာၿမိဳ႕နယ္ႏွင့္ ကေလာၿမိဳ႕နယ္ တို႔အား Mobile Payment ျဖင့္ေထာက္ပံ့ေပးသြားမည္ ျဖစ္ေၾကာင္း၊ က်န္ေဒသမ်ားကို အုပ္ခ်ဳပ္ေရး ယႏၲရားမွ ျဖန႔္ေဝသည့္ နည္းလမ္းျဖင့္ ေဆာင္႐ြက္ သြားမည္ ျဖစ္ေၾကာင္း သိရသည္။ ဒီသုံးၿမိဳ႕နယ္ ကိုေတာ့ mobile payment နဲ႔ စမ္းသပ္ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

ေနာက္တစ္ဆင့္ ကေတာ့ ထပ္ၿပီး ေတာ့ အေျခအေနအေပၚ မူတည္ ၿပီး လူႀကီးေတြက သုံးသပ္ ၿပီး၊ အေျခခံ လူတန္းစား ေတြ အတြက္ ေထာက္ပံ့မႈေတြလည္း စဥ္းစားထားတာ ရွိပါတယ္” ဟု ဦးေဇာ္ေဌး က ေျပာသည္။ထို႔အျပင္ ပထမအႀကိမ္ ရိကၡာ (၅) မ်ိဳး ေထာက္ပံ့ရာတြင္ က်န္ရွိခဲ့သည့္ အေျခခံ လူတန္းစား အိမ္ေထာင္စုေပါင္း ၁ ဒသမ ၄ သန္းကိုလည္း ေငြက်ပ္ ၁၅၀၀၀ ႏႈန္းျဖင့္ ေထာက္ပံ့ေပးသြားမည္ ျဖစ္ ေၾကာင္း သိရသည္။

REF: Peacock

UNICODE

အစိုးရမှ အခြေခံ လူတန်းစား အိမ်ထောင်စု (၁)စုလျှင် ဒုတိယ အကြိမ် ငွေကျပ် (၂)သောင်းစီ ထောက်ပံ့ မည်

ပထမ အကြိမ်မှာတော့ စားနပ် ရိက္ခာတွေ ဝယ်ယူပြီး ဖြန့်ဝေတဲ့ အခါမှာ အောက်ခြေမှာ အမျိုးမျိုး ဝေဖန် ပြောဆိုမှုတွေ ရှိတယ်ပေါ့။ တစ် ချို့လည်း အကြောင်း အမျိုးမျိုးကြောင့် ရိက္ခာ(၅)မျိုးမှာ လျော့နည်းတာတွေ ရှိတယ်ဆိုတဲ့ ပြသနာတွေ တွေ့ရတယ်ပေါ့။ တစ်ချို့လည်း စားနပ်ရိက္ခာတွေကို စုပုံပြီး ဖြန့်ဝေ တဲ့ အခါမှာ Logistic ပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိတယ်ဆိုတော့ အဲ့တော့ ကာယကံရှင် မိသားစုတွေ လက်ထဲကို ငွေပေးတာက ပိုပြီး ထိရောက်မလား ဆိုတဲ့ စဉ်းစားချက်တွေနဲ့ လူကြီးတွေက စီစဉ်တာပါ။

ကျန်ရစ်ခဲ့တဲ့ အိမ်ထောင်စုတွေကို ကျပ် ၁၅၀၀၀ ပေးဖို့ ဆောင်ရွက်ခိုင်း ထားပြီး ဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ဆက်လက်ပြောသည်။ အစိုးရအနေဖြင့် ပထမအကြိမ် ရိက္ခာ (၅) မျိုး ထောက်ပံ့ခြင်း ကို သင်္ကြန် ရုံးပိတ်ရက် ကာလအတွင်း ဖြန့် ဝေခဲ့ခြင်း ဖြစ်ပြီး အိမ်ထောင်စု ပေါင်း ၄ သန်းကျော်အား ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကာ ပထမအကြိမ် ရိက္ခာ (၅) မျိုး ဖြန့်ဝေရာတွင် ကျန်ရှိခဲ့သည့် အိမ်ထောင်စုများအား ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အစိုးရအနေဖြင့် အခြေခံ လူတန်းစား အိမ်ထောင်စုအား ဒုတိယအကြိမ် ထောက်ပံ့မှု အဖြစ် ငွေကျပ် နှစ်သောင်း စီ ထပ်မံ ထောက်ပံ့ပေး သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။သမ္မတအိမ်တော်တွင် ဇွန်လ ၁၉ ရက် နံနက် ၁၁ နာရီ အချိန်က ပြုလုပ်ခဲ့သော သတင်းစာရှင်း လင်းပွဲတွင် သတင်း ထောက်များ၏ မေးမြန်းမှုအပေါ် ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ ခြင်း ဖြစ်သည်။ နိုင်ငံတစ်ဝန်းတွင် အခြေခံ လူတန်းစား အိမ်ထောင်စုပေါင်း ၅ သန်း ၄ သိန်းကျော် ရှိနေသည်။

အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂ သောင်းနှုန်းဖြင့် ထောက်ပံ့ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။ ထိုသို့ ထောက်ပံ့ ရာတွင် ကနဦး စမ်းသပ် ခြင်း အနေဖြင့် ပုဗ္ဗသီရိမြို့နယ်၊ မိတ္ထီလာမြို့နယ်နှင့် ကလောမြို့နယ် တို့အား Mobile Payment ဖြင့်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ ကျန်ဒေသများကို အုပ်ချုပ်ရေး ယန္တရားမှ ဖြန့်ဝေသည့် နည်းလမ်းဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ ဒီသုံးမြို့နယ် ကိုတော့ mobile payment နဲ့ စမ်းသပ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နောက်တစ်ဆင့် ကတော့ ထပ်ပြီး တော့ အခြေအနေအပေါ် မူတည် ပြီး လူကြီးတွေက သုံးသပ် ပြီး၊ အခြေခံ လူတန်းစား တွေ အတွက် ထောက်ပံ့မှုတွေလည်း စဉ်းစားထားတာ ရှိပါတယ်” ဟု ဦးဇော်ဌေး က ပြောသည်။ထို့အပြင် ပထမအကြိမ် ရိက္ခာ (၅) မျိုး ထောက်ပံ့ရာတွင် ကျန်ရှိခဲ့သည့် အခြေခံ လူတန်းစား အိမ်ထောင်စုပေါင်း ၁ ဒသမ ၄ သန်းကိုလည်း ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးသွားမည် ဖြစ် ကြောင်း သိရသည်။

REF:   Peacock

Add a Comment

Your email address will not be published. Required fields are marked *