အေမရိကန္ ႏွင့္ တ႐ုတ္ ကမာၻကို လိမ္ေနၿပီး သမၼတထရန႔္၏ တ႐ုတ္ ေပၚလစီ သည္ ဟန္ေဆာင္ျခင္းျဖစ္ဟု အမ်ိဳးသား လုံၿခဳံေရး အႀကံေပးေဟာင္း ဖြင့္ခ်

ဒီဇင္ဘာ ၁ ရက္ေန႔၊ ျဗဴႏိုေအယိစ္ ညစာစားပြဲ မွာေတာ့ ရွီ က ထရန႔္သည္ မည္မွ်အထိ အံ့ဩခ်ီးက်ဴးဖြယ္ လုပ္ရပ္ေတြ လုပ္ခဲ့လဲ ဆိုတာ စ ေျပာၿပီး သၾကားထူထူ ေကြၽးလာပါတယ္။ ဒီလို တသီႀကီး ေျပာႏိုင္ေအာင္လည္း ရွီ ကို ျပင္ဆင္ေပးလိုက္ၾကပုံရွိပါတယ္။ သူ႔ေရွ႕က စာ႐ြက္ ကို တခ်က္ ငဲ့ၾကည့္လိုက္ ေျပာလိုက္ လုပ္ေနတာ ေတြ႕ရလို႔ပါပဲ။ ဒီေနရာမွ ထရန႔္သည္ ႀကိဳတင္ျပင္ဆင္ထားတာမ်ိဳး မရွိပဲ လက္တန္း ေျပာ ခ်င္ရာ ေျပာတတ္တဲ့ လူျဖစ္တာ သိေနတာေၾကာင့္ သူနဲ႔ အတူ ပါလာတဲ့ လူမွန္သမွ် ဘာမ်ား ျပန္ေျပာလိုက္မလဲ။ ဘာေတြ လိုက္ေလ်ာ ဦး မလဲဆိုတာ ရင္တမမ နဲ႔ ျဖစ္ေန ၾကပါတယ္။

ဒီပြဲမွာ ရွီ က ထရန႔္ နဲ႔ ေနာက္ထပ္ ေျခာက္ႏွစ္ ေလာက္ လက္တြဲ လုပ္ခ်င္ပါေသးတယ္လို႔ ထူးထူးျခားျခား ေျပာလာပါတယ္။ ထရန႔္က အ ေမရိကန္ ဖြဲ႕စည္းပုံပါ သမၼတ သက္တမ္း ႏွစ္ႀကိမ္သာ ရွိရမယ္ဆိုတာကို သူ႔အတြက္ ဖ်က္သိမ္းေပးသင့္ေၾကာင္း လူေတြက ေျပာေနၾက တယ္ လို႔ ျပန္ေျပာ လိုက္ပါတယ္။ ရွီက ဒါကို သူလည္း သေဘာတူေၾကာင္း ေခါင္းတၿငိမ့္ၿငိမ့္ လုပ္ျပရင္းက အေမရိကန္မွာ ေ႐ြးေကာက္ ပြဲေတြ မ်ားလြန္းၿပီး သူ႔အဖို႔ ထရန႔္ကေန အျခားလူ နဲ႔ ေျပာင္းမလုပ္ခ်င္ဘူးလို႔ ေျပာလာပါတယ္။ ေနာက္ဆုံး မွာ ရွီ က တ႐ုတ္ ရဲ႕ အေန အထားကို ခ်ျပလာပါတယ္။

သမၼတ ေဒၚနယ္ ထရန႔္၏ တ႐ုတ္ ႐ိုက္ပြဲ သည္ လုပ္ပြဲႀကီးသာျဖစ္ၿပီး၊ ၎သမၼတ ျပန္လည္ အေ႐ြးခံရေရး အတြက္ ရွီက်င့္ဖ်င္ ကို အကူ အညီေတာင္းခဲ့လို႔ ဆိုပါတယ္။ အမ်ိဳးသား လုံၿခဳံေရး ကိစၥမ်ားအားလည္း ေ႐ြးေကာက္ပြဲ ျပန္လည္ အေ႐ြးခံႏိုင္မႈ အေပၚ မူတည္ သုံးသပ္၊ ဘီဂ်င္း၏ လူ႔အခြင့္ အေရး မ်ား ခ်ိဳးေဖာက္ေနျခင္းအား လ်စ္လ်ဴရႈ အမ်ိဳးသား လုံၿခဳံေရး အႀကံေပးေဟာင္း ဂြၽန္ ဘိုလ္ တန္ သည္ အထက္ ပါ အေၾကာင္းအရာ အေသးစိတ္ပါသည္ကို ဇြန္လ ၂၃ ရက္ေန႔တြင္ တကမာၻလုံးအား ျဖန႔္ခ်ီမည့္ “The Room Where It Happened: A White House Memoirs” တြင္ ေဖၚျပထားပါတယ္။

ဂြၽန္ ဘိုလ္တန္သည္ အေမရိကန္ ႏိုင္ငံျခားေရး မူဝါဒ ပိုင္းမွာ တ႐ုတ္ အေပၚ သေဘာထား အတင္းမာဆုံး ျဖစ္ၿပီး ေဂ်ာ့ခ်္ ဒဗလ်ဴ ဘြတ္ရွ္ လက္ထက္တြင္ ကုလသမဂၢ ဆိုင္ရာ သံအမတ္ႀကီး အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ၂၀၁၈ မွာ အမ်ိဴးသား လုံၿခဳံေရး အႀကံေပး ဆိုတဲ့ ထိပ္ တန္း ရာထူးကို ထရန႔္က ခန႔္အပ္ခဲ့ ပါတယ္။ယခု ထုတ္ေဝမယ့္ စာအုပ္အတြက္ ဝါရွင္တန္တြင္ ပြက္ေလာ ႐ိုက္ေနၿပီး တရားေရးဝန္ႀကီးဌာ နမွ စာမ်က္ႏွာ ၅၀၀ ေက်ာ္ ရွိ အဆိုပါ စာအုပ္ သည္ ႏိုင္ငံ၏လုံၿခဳံ ေရး အား ထိခိုက္ႏိုင္ေသာ ထိပ္တန္း လ်ိဳ႕ဝွက္ခ်က္ မ်ား ပါေနသည္ဆို ေသာ အေၾကာင္းျပခ်က္ႏွင့္ ျဖန႔္ခ်ီခြင့္ မျပဳရန္ ဗဟိုတရား႐ုံးကို ဦးတိုက္ ေလွ်ာက္ထား လာပါတယ္။

ဘိုလ္တန္ကေတာ့ ဒီစာအုပ္ပါ အေၾကာင္းအရာမ်ား အားလုံးသည္ အေမရိကန္ ၏ လုံၿခဳံေရး လ်ိဳ႕ဝွက္ခ်က္ေတြ ပါမသြားေအာင္ အိမ္ျဖဴ ေတာ္ရွိ အမ်ိဳးသား လုံၿခဳံေရး အဖြဲ႕ဝင္မ်ား နဲ႔ အထပ္ ထပ္ စီစစ္ၿပီးမွ ထုတ္ေဝခဲ့တာ ျဖစ္တယ္လို႔ ေခ်ပခဲ့ပါတယ္။သို႔ေသာ္ ဒီစာအုပ္ကို သတင္းစာ တိုက္ အေတာ္မ်ားမ်ားက ဖတ္ရႈၿပီး ျဖစ္တဲ့အတြက္ ယခု The Wall Street Journal က စာအုပ္ေကာက္ႏႈတ္ခ်က္ကို ဇြန္လ ၁၇ ရက္ေန႔မွာ ေရးသား ထားတာကို ကြၽန္ေတာ္ သုံးပိုင္းခြဲၿပီး တင္ျပသြားပါ့မယ္။တ႐ုတ္ ျပည့္သူ သမၼတ ႏိုင္ငံ အေပၚ ႏွစ္ေပါင္း ေလးဆယ္ ေက်ာ္ က်င့္သုံးလာတဲ့ အေမရိကန္၏ မဟာဗ်ဴဟာသည္ အေၾကာင္း ႏွစ္ခ်က္အေပၚ မူတည္ ထားေပသည္။

ပထမ တခ်က္သည္ ေဈးကြက္မူဝါဒမ်ား၊ ႏိုင္ငံျခားမွ ဝင္ေရာက္ ရင္းႏွီးျမဳပ္ႏွံမႈ မ်ား ၊ ကမာၻ႔ေဈးကြက္မ်ား ႏွင့္ ဆက္စပ္လာၿပီး ႂကြယ္ဝ ခ်မ္းသာ လာသည္ ႏွင့္အမွ် ကမာၻ က်င့္ဝတ္မ်ား ကို လိုက္နာၿပီး ေျပာင္းလဲသြားမယ္ဆိုတာ ျဖစ္ပါတယ္။ဒုတိယ ယူဆခ်က္ကေတာ့ ထိုသို႔ ႂကြယ္ဝလာၾကသည္ ႏွင့္ အမွ် ႏိုင္ငံေရးတြင္ ပြင့္လင္းျမင္သာမႈ ရွိလာၿပီး ပို၍ ဒီမိုကေရစီ ဆန္လာလိမ့္မည္။ ျပည္ပတြင္ ဗိုလ္က် စိုးမိုးရန္ ႏွင့္ ပဋိပကၡမ်ား မျဖစ္ရန္ ေရွာင္ရွားလာမယ္ ဟူ၍ ျဖစ္ပါတယ္။အဆိုပါ ယူဆခ်က္ ႏွစ္ရပ္သည္ မည္မွ်အထိ မွားယြင္းသြားခဲ့သလဲ ဆိုသည့္ သက္ေသ အျဖစ္ ေအာက္ပါ အခ်က္မ်ားကို ၾကည့္က သိသာႏိုင္ပါတယ္။

တ႐ုတ္တို႔ ကမာၻကုန္သြယ္ေရး အဖြဲ႕ခ်ဳပ္ ကို ၂၀၀၁ ခုႏွစ္ အတြင္း မရမက ဝင္ေရာက္လာမႈေၾကာင့္ အေမရိကန္သည္ မဟာဗ်ဴဟာ၏ ေအာင္ပြဲအျဖစ္ ႀကိဳဆိုခဲ့ၾကေပမယ့္ တ႐ုတ္က အဖြဲ႕ဝင္ ျဖစ္လွ်င္ ျဖစ္ခ်င္းပဲ အဖြဲ႕ႀကီး၏ လြတ္လပ္တဲ့ ကုန္သြယ္ေရး မူဝါဒမ်ားကို ၎တို႔ ကုန္သြယ္လို႔ ရမယ့္ ပုံစံမ်ိဳး ျဖစ္ေအာင္ ေျပာင္းလဲ ဖို႔ လုပ္လာပါတယ္။ တီထြင္ ဖန္တီးမႈ မူပိုင္ခြင့္ မ်ားကို ခိုးယူျခင္း၊ ျပည္ပ စီးပြားေရး လုပ္ ငန္းမ်ား၏ နည္းပညာမ်ားကို အတင္းအက်ပ္ လႊဲေျပာင္း ေစျခင္း ျဖင့္ စီးပြားေရး ကိုလည္း ဆက္လက္ၿပီး အာဏာရွင္ဆန္ဆန္ စီမံခန႔္ခြဲ လုပ္ကိုင္ေနတာ ေတြ႕ရမွာ ျဖစ္ ပါတယ္။ ႏိုင္ငံေရး မွာလည္း ဒီမိုကေရစီ နဲ႔ နီးကပ္မလာတဲ့ အျပင္ ပို၍ ေဝးကြာ လာပါတယ္။

တ႐ုတ္ျပည္တြင္ ယခုအခါ ေမာ္စီတုံးၿပီးရင္ ဩဇာအထက္ျမက္ဆုံး ေခါင္းေဆာင္သည္ ရွီက်င့္ဖ်င္ ျဖစ္ေနပါတယ္။ လူမ်ိဳးေရး နဲ႔ ဘာသာ ေရး ႏွိပ္ကြပ္မႈမ်ား ကိုလည္း အႀကီးအက်ယ္ က်ဴးလြန္ေနၿပီးျဖစ္သည့္အျပင္ ေၾကာက္စရာ အေကာင္းဆုံး ဆိုက္ဘာ စစ္ဆင္ေရး ပ႐ိုဂရမ္ မ်ား တီထြင္ ပိုင္ဆိုင္ေနၿပီး ႏွစ္ေပါင္း ၅၀၀ အတြင္း ပထမဆုံးအႀကိမ္ အင္အားႀကီးမားတဲ့ ေရတပ္ႀကီးကို တည္ေဆာက္လာႏိုင္ခဲ့ပါတယ္။ န်ဴကလီးယား လက္နက္မ်ား၊ ဒုံးက်ည္အမ်ိဳးမ်ိဳး တို႔လည္း စုေဆာင္းသိုေလွာင္ထားၿပီး ျဖစ္ေနပါတယ္။ဒါေတြအားလုံးကို အေမရိကန္၏ လုံၿခဳံေရး နဲ႔ အက်ိဳးစီးပြားကို ၿခိမ္းေျခာက္လာေနမႈလို႔ ရႈျမင္ခဲ့ေပမယ့္ အိုဘာမား အစိုးရကေတာ့ ဘယ္လိုမွ မေနပဲ ထိုင္ၾကည့္ေနခဲ့ပါတယ္။

သမၼတ ေဒၚနယ္ ထရန႔္ကေတာ့ တ႐ုတ္ျပည္နဲ႔ ပတ္သက္ၿပီး အေမရိကန္ တို႔ တစထက္တစ စိုးရိမ္မကင္းျဖစ္လာေနတာ ကို အေတာ္မ်ား မ်ား အပိုင္းေတြမွာ လက္ခံခဲ့ပါတယ္။ အဓိက က်တဲ့ အမွန္တရား တခု ျဖစ္တဲ့ ႏိုင္ငံေရး ႏွင့္ စစ္ေရး အာဏာသည္ ခိုင္မာေတာင့္တင္းေသာ စီးပြားေရး ေပၚ တည္မွီေနတယ္ဆိုတာ လက္ခံခဲ့ပါတယ္။ ဒီအတြက္ အေမရိကန္တို႔ အက်ိဳးယုတ္ေစၿပီး ၎တို႔သာ ႀကီးပြားလာေနတဲ့ အ ျဖစ္ကို ရပ္ဆိုင္းျပစ္ ျခင္းျဖင့္သာ တ႐ုတ္ကို စစ္ေရးအ ရ အႏိုင္ယူႏိုင္ မယ္လို႔ မၾကာခဏ ဆိုသလို ထုတ္ေျပာ လာခဲ့ပါတယ္။ ဤသည္က လည္း အေျခခံအားျဖင့္ မွန္တယ္လို႔ ေျပာရမွာျဖစ္ပါတယ္။

သို႔ေသာ္ ျပႆနာ ျဖစ္လာရသည္က တ႐ုတ္တို႔ရဲ႕ ၿခိမ္းေျခာက္လာေနမႈကို တကယ္တမ္းမွာ ထရန႔္ ဘာေတြ လုပ္ခဲ့လဲ ဆိုတာပဲ ျဖစ္ပါ တယ္။ သူ႔ရဲ႕ အႀကံေပး ေတြၾကားမွာလည္း အတတ္လြန္ၿပီး အယူအဆအမ်ိဳးမ်ိဳး ကြဲလြဲေနၾကျပန္ပါတယ္။ ဘ႑ာေရး ဝန္ႀကီး စတီဗင္ မႏူရွင္ လို ‘ပင္ဒါႀကီးပဲ ေျပးဖက္ေတာ့မယ္” ဆိုတဲ့ လူမ်ိဳးေတြ၊ အမ်ိဳးသား စီးပြားေရး ေကာင္စီ ဒါ႐ိုက္တာ လာရီ ကပ္လိုး လို လြတ္လပ္တဲ့ ကုန္သြယ္ေရး ဝါဒသမားေတြ၊ တ႐ုတ္အေပၚ သေဘာထား ျပင္းထန္တဲ့ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီး ဝီလ္ဘာ ေရာ့စ္၊ ကုန္သြယ္ေရး ေစ့စပ္ညႇိႏႈိင္းေရး တာဝန္ခံ ေရာဘတ္ လိုက္ဟိုင္ဇာ၊ အိမ္ျဖဴေတာ္ ကုန္သြယ္ေရး အႀကံေပး ပီတာ နာဗာ႐ို လို လူမ်ိဳးေတြ ၿခံရံေနပါတယ္။

ကြၽန္ေတာ္သည္ ထရန႔္ အစိုးရအဖြဲ႕ထဲတြင္ အမ်ိဳးသား လုံၿခဳံေရး အႀကံေပး အျဖစ္ ၂၀၁၈ ဧၿပီလ ထဲမွာ ပါဝင္လာၿပီးကထဲက တ႐ုတ္ အ ေပၚ ထားမယ့္ ကုန္သြယ္ေရး မူဝါဒ တခုကို မဟာဗ်ဴဟာေျမာက္ လုပ္ငန္းစဥ္ထဲမွာ ထည့္သြင္းေစခ်င္ခဲ့ပါတယ္။ ဒီအတြက္လည္း ကြၽန္ ေတာ္တို႔မွာ “လြတ္လပ္ပြင့္လင္းေသာ အင္ဒို-ပစိဖိတ္ ေဒသႀကီး” ထူေထာင္မယ္ဆိုတဲ့ ေႂကြးေၾကာ္သံႀကီး ရွိေနၿပီး ျဖစ္ပါတယ္။ သို႔ေသာ္ လည္း ဆိုင္းဘုတ္ အျဖစ္သာ ေထာင္လို႔ရမယ့္ ေႂကြးေၾကာ္သံ ျဖစ္ေနၿပီး တကယ္တမ္းမွာ အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရး ျပႆနာရဲ႕ တြင္းနက္ႀကီးထဲ စုတ္ယူ မခံရေအာင္ မနည္း႐ုန္းကန္ေနရတဲ့ အေနအထားမွာ ရွိေနပါတယ္။

ကုန္သြယ္ေရး ကိစၥေတြကိုလည္း ပထမေန႔ က စၿပီး ကေသာင္းကနင္း ကိုင္တြယ္ခဲ့ၾကတယ္လို႔ ေျပာရမွာ ျဖစ္ပါတယ္။ ဒီလို ရႈပ္ေထြး ခက္ ခဲလွတဲ့ ျပႆနာမ်ားကို ကိုင္တြယ္ရာမွာ ထရန႔္ လုပ္ခ်င္တဲ့ နည္းကေတာ့ လူနဲနဲ ေလာက္ကို သူရဲ႕ ဘဲဥပုံ ႐ုံးခန္းထဲ ျဖစ္ျဖစ္၊ ႐ု႕စ္ဘဲလ္ ခန္း မထဲ ျဖစ္ျဖစ္ ေခၚၿပီး ႀကိတ္ဝိုင္း ဖြဲ႕ ေဆြးေႏြးလိုတာမ်ိဳး ျဖစ္ပါတယ္။ ဒီေနရာမွာလည္း ျပႆနာတခုကေန ေရွ႕မတက္ေတာ့ပဲ ထပ္တလဲလဲ ျငင္းၾကခုံၾက၊ ေနာက္ဆုံး တခုခု ဆုံးျဖတ္လာႏိုင္ျပန္ေတာ့လည္း ေနာက္ရက္အနည္းငယ္ေလာက္ဆို တမ်ိဳး ျပန္ျဖစ္သြားျပန္ပါတယ္။ ဒါေတြ ျမင္ရၾကားရေတာ့ ေခါင္းေတြ ေတာင္ မူးေနာက္လာပါတယ္။

၂၀၁၈ ႏိုဝင္ဘာလမွ ကြန္ဂရက္ရဲ႕ သက္တမ္းဝက္ ေ႐ြးေကာက္ပြဲ က်င္း ပမယ့္ အခ်ိန္ နီးလာတဲ့ အထိ တ႐ုတ္နဲ႔ ကုန္သြယ္ေရး ပိုင္းမွာ တိုး တက္မႈ ဆိုလို႔ မည္မည္ရရ ျဖစ္မလာခဲ့ေသးပါဘူး။ အားလုံးက ေနာက္လထဲမွာ ျဗဴႏိုေအယိစ္ ၌ က်င္းပဖို႔ ရွိေနတဲ့ G-20 ထိပ္သီး ေဆြးေႏြး ပြဲကို အာ႐ုံစိုက္လာၾကပါတယ္။ ထရန႔္နဲ႔ ရွီတို႔ ႏွစ္ဦးခ်င္း ေတြ႕ဆုံႏိုင္မယ့္ ေနရာ ျဖစ္ေနလို႔ပါပဲ။ ႀကီး ႏွစ္ ႀကီး ေဆြးေႏြးမယ္။ ဥေရာပကို ေဘးခ်ိတ္ၿပီး သေဘာတူညီခ်က္ တခုမဟုတ္ တခု ရလာႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနၾကလို႔ပဲ ျဖစ္ပါတယ္။သို႔ေသာ္ ဘာေတြမ်ား မွားသြားစရာ ရွိႏိုင္ေပဦးမည္နည္း။ ဟိုက္လိုင္ဇာ က ထရန႔္ကို အခုလို တေယာက္တည္း လႊတ္ေပးလိုက္ရတဲ့အခါမ်ိဳးမွာ ဘယ္ေလာက္မ်ားမ်ား သူ႔ဖက္ က တ႐ုတ္ကို လိုက္ေလ်ာမႈေတြ ေပးလာမွာလဲ ဆိုတာ စိုးရိမ္ေနပါတယ္။

REF: LET PAN

UNICODE

အမေရိကန် နှင့် တရုတ် ကမ္ဘာကို လိမ်နေပြီး သမ္မတထရန့်၏ တရုတ် ပေါ်လစီ သည် ဟန်ဆောင်ခြင်းဖြစ်ဟု အမျိုးသား လုံခြုံရေး အကြံပေးဟောင်း ဖွင့်ချ

ဒီဇင်ဘာ ၁ ရက်နေ့၊ ဗြူနိုအေယိစ် ညစာစားပွဲ မှာတော့ ရှီ က ထရန့်သည် မည်မျှအထိ အံ့ဩချီးကျူးဖွယ် လုပ်ရပ်တွေ လုပ်ခဲ့လဲ ဆိုတာ စ ပြောပြီး သကြားထူထူ ကျွေးလာပါတယ်။ ဒီလို တသီကြီး ပြောနိုင်အောင်လည်း ရှီ ကို ပြင်ဆင်ပေးလိုက်ကြပုံရှိပါတယ်။ သူ့ရှေ့က စာရွက် ကို တချက် ငဲ့ကြည့်လိုက် ပြောလိုက် လုပ်နေတာ တွေ့ရလို့ပါပဲ။ ဒီနေရာမှ ထရန့်သည် ကြိုတင်ပြင်ဆင်ထားတာမျိုး မရှိပဲ လက်တန်း ပြော ချင်ရာ ပြောတတ်တဲ့ လူဖြစ်တာ သိနေတာကြောင့် သူနဲ့ အတူ ပါလာတဲ့ လူမှန်သမျှ ဘာများ ပြန်ပြောလိုက်မလဲ။ ဘာတွေ လိုက်လျော ဦး မလဲဆိုတာ ရင်တမမ နဲ့ ဖြစ်နေ ကြပါတယ်။

ဒီပွဲမှာ ရှီ က ထရန့် နဲ့ နောက်ထပ် ခြောက်နှစ် လောက် လက်တွဲ လုပ်ချင်ပါသေးတယ်လို့ ထူးထူးခြားခြား ပြောလာပါတယ်။ ထရန့်က အ မေရိကန် ဖွဲ့စည်းပုံပါ သမ္မတ သက်တမ်း နှစ်ကြိမ်သာ ရှိရမယ်ဆိုတာကို သူ့အတွက် ဖျက်သိမ်းပေးသင့်ကြောင်း လူတွေက ပြောနေကြ တယ် လို့ ပြန်ပြော လိုက်ပါတယ်။ ရှီက ဒါကို သူလည်း သဘောတူကြောင်း ခေါင်းတငြိမ့်ငြိမ့် လုပ်ပြရင်းက အမေရိကန်မှာ ရွေးကောက် ပွဲတွေ များလွန်းပြီး သူ့အဖို့ ထရန့်ကနေ အခြားလူ နဲ့ ပြောင်းမလုပ်ချင်ဘူးလို့ ပြောလာပါတယ်။ နောက်ဆုံး မှာ ရှီ က တရုတ် ရဲ့ အနေ အထားကို ချပြလာပါတယ်။

သမ္မတ ဒေါ်နယ် ထရန့်၏ တရုတ် ရိုက်ပွဲ သည် လုပ်ပွဲကြီးသာဖြစ်ပြီး၊ ၎င်းသမ္မတ ပြန်လည် အရွေးခံရရေး အတွက် ရှီကျင့်ဖျင် ကို အကူ အညီတောင်းခဲ့လို့ ဆိုပါတယ်။ အမျိုးသား လုံခြုံရေး ကိစ္စများအားလည်း ရွေးကောက်ပွဲ ပြန်လည် အရွေးခံနိုင်မှု အပေါ် မူတည် သုံးသပ်၊ ဘီဂျင်း၏ လူ့အခွင့် အရေး များ ချိုးဖောက်နေခြင်းအား လျစ်လျူရှု အမျိုးသား လုံခြုံရေး အကြံပေးဟောင်း ဂျွန် ဘိုလ် တန် သည် အထက် ပါ အကြောင်းအရာ အသေးစိတ်ပါသည်ကို ဇွန်လ ၂၃ ရက်နေ့တွင် တကမ္ဘာလုံးအား ဖြန့်ချီမည့် “The Room Where It Happened: A White House Memoirs” တွင် ဖေါ်ပြထားပါတယ်။

ဂျွန် ဘိုလ်တန်သည် အမေရိကန် နိုင်ငံခြားရေး မူဝါဒ ပိုင်းမှာ တရုတ် အပေါ် သဘောထား အတင်းမာဆုံး ဖြစ်ပြီး ဂျော့ချ် ဒဗလျူ ဘွတ်ရှ် လက်ထက်တွင် ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ မှာ အမျိူးသား လုံခြုံရေး အကြံပေး ဆိုတဲ့ ထိပ် တန်း ရာထူးကို ထရန့်က ခန့်အပ်ခဲ့ ပါတယ်။ယခု ထုတ်ဝေမယ့် စာအုပ်အတွက် ဝါရှင်တန်တွင် ပွက်လော ရိုက်နေပြီး တရားရေးဝန်ကြီးဌာ နမှ စာမျက်နှာ ၅၀၀ ကျော် ရှိ အဆိုပါ စာအုပ် သည် နိုင်ငံ၏လုံခြုံ ရေး အား ထိခိုက်နိုင်သော ထိပ်တန်း လျို့ဝှက်ချက် များ ပါနေသည်ဆို သော အကြောင်းပြချက်နှင့် ဖြန့်ချီခွင့် မပြုရန် ဗဟိုတရားရုံးကို ဦးတိုက် လျှောက်ထား လာပါတယ်။

ဘိုလ်တန်ကတော့ ဒီစာအုပ်ပါ အကြောင်းအရာများ အားလုံးသည် အမေရိကန် ၏ လုံခြုံရေး လျို့ဝှက်ချက်တွေ ပါမသွားအောင် အိမ်ဖြူ တော်ရှိ အမျိုးသား လုံခြုံရေး အဖွဲ့ဝင်များ နဲ့ အထပ် ထပ် စီစစ်ပြီးမှ ထုတ်ဝေခဲ့တာ ဖြစ်တယ်လို့ ချေပခဲ့ပါတယ်။သို့သော် ဒီစာအုပ်ကို သတင်းစာ တိုက် အတော်များများက ဖတ်ရှုပြီး ဖြစ်တဲ့အတွက် ယခု The Wall Street Journal က စာအုပ်ကောက်နှုတ်ချက်ကို ဇွန်လ ၁၇ ရက်နေ့မှာ ရေးသား ထားတာကို ကျွန်တော် သုံးပိုင်းခွဲပြီး တင်ပြသွားပါ့မယ်။တရုတ် ပြည့်သူ သမ္မတ နိုင်ငံ အပေါ် နှစ်ပေါင်း လေးဆယ် ကျော် ကျင့်သုံးလာတဲ့ အမေရိကန်၏ မဟာဗျူဟာသည် အကြောင်း နှစ်ချက်အပေါ် မူတည် ထားပေသည်။

ပထမ တချက်သည် ဈေးကွက်မူဝါဒများ၊ နိုင်ငံခြားမှ ဝင်ရောက် ရင်းနှီးမြုပ်နှံမှု များ ၊ ကမ္ဘာ့ဈေးကွက်များ နှင့် ဆက်စပ်လာပြီး ကြွယ်ဝ ချမ်းသာ လာသည် နှင့်အမျှ ကမ္ဘာ ကျင့်ဝတ်များ ကို လိုက်နာပြီး ပြောင်းလဲသွားမယ်ဆိုတာ ဖြစ်ပါတယ်။ဒုတိယ ယူဆချက်ကတော့ ထိုသို့ ကြွယ်ဝလာကြသည် နှင့် အမျှ နိုင်ငံရေးတွင် ပွင့်လင်းမြင်သာမှု ရှိလာပြီး ပို၍ ဒီမိုကရေစီ ဆန်လာလိမ့်မည်။ ပြည်ပတွင် ဗိုလ်ကျ စိုးမိုးရန် နှင့် ပဋိပက္ခများ မဖြစ်ရန် ရှောင်ရှားလာမယ် ဟူ၍ ဖြစ်ပါတယ်။အဆိုပါ ယူဆချက် နှစ်ရပ်သည် မည်မျှအထိ မှားယွင်းသွားခဲ့သလဲ ဆိုသည့် သက်သေ အဖြစ် အောက်ပါ အချက်များကို ကြည့်က သိသာနိုင်ပါတယ်။

တရုတ်တို့ ကမ္ဘာကုန်သွယ်ရေး အဖွဲ့ချုပ် ကို ၂၀၀၁ ခုနှစ် အတွင်း မရမက ဝင်ရောက်လာမှုကြောင့် အမေရိကန်သည် မဟာဗျူဟာ၏ အောင်ပွဲအဖြစ် ကြိုဆိုခဲ့ကြပေမယ့် တရုတ်က အဖွဲ့ဝင် ဖြစ်လျှင် ဖြစ်ချင်းပဲ အဖွဲ့ကြီး၏ လွတ်လပ်တဲ့ ကုန်သွယ်ရေး မူဝါဒများကို ၎င်းတို့ ကုန်သွယ်လို့ ရမယ့် ပုံစံမျိုး ဖြစ်အောင် ပြောင်းလဲ ဖို့ လုပ်လာပါတယ်။ တီထွင် ဖန်တီးမှု မူပိုင်ခွင့် များကို ခိုးယူခြင်း၊ ပြည်ပ စီးပွားရေး လုပ် ငန်းများ၏ နည်းပညာများကို အတင်းအကျပ် လွှဲပြောင်း စေခြင်း ဖြင့် စီးပွားရေး ကိုလည်း ဆက်လက်ပြီး အာဏာရှင်ဆန်ဆန် စီမံခန့်ခွဲ လုပ်ကိုင်နေတာ တွေ့ရမှာ ဖြစ် ပါတယ်။ နိုင်ငံရေး မှာလည်း ဒီမိုကရေစီ နဲ့ နီးကပ်မလာတဲ့ အပြင် ပို၍ ဝေးကွာ လာပါတယ်။

တရုတ်ပြည်တွင် ယခုအခါ မော်စီတုံးပြီးရင် ဩဇာအထက်မြက်ဆုံး ခေါင်းဆောင်သည် ရှီကျင့်ဖျင် ဖြစ်နေပါတယ်။ လူမျိုးရေး နဲ့ ဘာသာ ရေး နှိပ်ကွပ်မှုများ ကိုလည်း အကြီးအကျယ် ကျူးလွန်နေပြီးဖြစ်သည့်အပြင် ကြောက်စရာ အကောင်းဆုံး ဆိုက်ဘာ စစ်ဆင်ရေး ပရိုဂရမ် များ တီထွင် ပိုင်ဆိုင်နေပြီး နှစ်ပေါင်း ၅၀၀ အတွင်း ပထမဆုံးအကြိမ် အင်အားကြီးမားတဲ့ ရေတပ်ကြီးကို တည်ဆောက်လာနိုင်ခဲ့ပါတယ်။ နျူကလီးယား လက်နက်များ၊ ဒုံးကျည်အမျိုးမျိုး တို့လည်း စုဆောင်းသိုလှောင်ထားပြီး ဖြစ်နေပါတယ်။ဒါတွေအားလုံးကို အမေရိကန်၏ လုံခြုံရေး နဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်လာနေမှုလို့ ရှုမြင်ခဲ့ပေမယ့် အိုဘာမား အစိုးရကတော့ ဘယ်လိုမှ မနေပဲ ထိုင်ကြည့်နေခဲ့ပါတယ်။

သမ္မတ ဒေါ်နယ် ထရန့်ကတော့ တရုတ်ပြည်နဲ့ ပတ်သက်ပြီး အမေရိကန် တို့ တစထက်တစ စိုးရိမ်မကင်းဖြစ်လာနေတာ ကို အတော်များ များ အပိုင်းတွေမှာ လက်ခံခဲ့ပါတယ်။ အဓိက ကျတဲ့ အမှန်တရား တခု ဖြစ်တဲ့ နိုင်ငံရေး နှင့် စစ်ရေး အာဏာသည် ခိုင်မာတောင့်တင်းသော စီးပွားရေး ပေါ် တည်မှီနေတယ်ဆိုတာ လက်ခံခဲ့ပါတယ်။ ဒီအတွက် အမေရိကန်တို့ အကျိုးယုတ်စေပြီး ၎င်းတို့သာ ကြီးပွားလာနေတဲ့ အ ဖြစ်ကို ရပ်ဆိုင်းပြစ် ခြင်းဖြင့်သာ တရုတ်ကို စစ်ရေးအ ရ အနိုင်ယူနိုင် မယ်လို့ မကြာခဏ ဆိုသလို ထုတ်ပြော လာခဲ့ပါတယ်။ ဤသည်က လည်း အခြေခံအားဖြင့် မှန်တယ်လို့ ပြောရမှာဖြစ်ပါတယ်။

သို့သော် ပြဿနာ ဖြစ်လာရသည်က တရုတ်တို့ရဲ့ ခြိမ်းခြောက်လာနေမှုကို တကယ်တမ်းမှာ ထရန့် ဘာတွေ လုပ်ခဲ့လဲ ဆိုတာပဲ ဖြစ်ပါ တယ်။ သူ့ရဲ့ အကြံပေး တွေကြားမှာလည်း အတတ်လွန်ပြီး အယူအဆအမျိုးမျိုး ကွဲလွဲနေကြပြန်ပါတယ်။ ဘဏ္ဍာရေး ဝန်ကြီး စတီဗင် မနူရှင် လို ‘ပင်ဒါကြီးပဲ ပြေးဖက်တော့မယ်” ဆိုတဲ့ လူမျိုးတွေ၊ အမျိုးသား စီးပွားရေး ကောင်စီ ဒါရိုက်တာ လာရီ ကပ်လိုး လို လွတ်လပ်တဲ့ ကုန်သွယ်ရေး ဝါဒသမားတွေ၊ တရုတ်အပေါ် သဘောထား ပြင်းထန်တဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဝီလ်ဘာ ရော့စ်၊ ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းရေး တာဝန်ခံ ရောဘတ် လိုက်ဟိုင်ဇာ၊ အိမ်ဖြူတော် ကုန်သွယ်ရေး အကြံပေး ပီတာ နာဗာရို လို လူမျိုးတွေ ခြံရံနေပါတယ်။

ကျွန်တော်သည် ထရန့် အစိုးရအဖွဲ့ထဲတွင် အမျိုးသား လုံခြုံရေး အကြံပေး အဖြစ် ၂၀၁၈ ဧပြီလ ထဲမှာ ပါဝင်လာပြီးကထဲက တရုတ် အ ပေါ် ထားမယ့် ကုန်သွယ်ရေး မူဝါဒ တခုကို မဟာဗျူဟာမြောက် လုပ်ငန်းစဉ်ထဲမှာ ထည့်သွင်းစေချင်ခဲ့ပါတယ်။ ဒီအတွက်လည်း ကျွန် တော်တို့မှာ “လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ် ဒေသကြီး” ထူထောင်မယ်ဆိုတဲ့ ကြွေးကြော်သံကြီး ရှိနေပြီး ဖြစ်ပါတယ်။ သို့သော် လည်း ဆိုင်းဘုတ် အဖြစ်သာ ထောင်လို့ရမယ့် ကြွေးကြော်သံ ဖြစ်နေပြီး တကယ်တမ်းမှာ အမေရိကန်-တရုတ် ကုန်သွယ်ရေး ပြဿနာရဲ့ တွင်းနက်ကြီးထဲ စုတ်ယူ မခံရအောင် မနည်းရုန်းကန်နေရတဲ့ အနေအထားမှာ ရှိနေပါတယ်။

ကုန်သွယ်ရေး ကိစ္စတွေကိုလည်း ပထမနေ့ က စပြီး ကသောင်းကနင်း ကိုင်တွယ်ခဲ့ကြတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီလို ရှုပ်ထွေး ခက် ခဲလှတဲ့ ပြဿနာများကို ကိုင်တွယ်ရာမှာ ထရန့် လုပ်ချင်တဲ့ နည်းကတော့ လူနဲနဲ လောက်ကို သူရဲ့ ဘဲဥပုံ ရုံးခန်းထဲ ဖြစ်ဖြစ်၊ ရု့စ်ဘဲလ် ခန်း မထဲ ဖြစ်ဖြစ် ခေါ်ပြီး ကြိတ်ဝိုင်း ဖွဲ့ ဆွေးနွေးလိုတာမျိုး ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ပြဿနာတခုကနေ ရှေ့မတက်တော့ပဲ ထပ်တလဲလဲ ငြင်းကြခုံကြ၊ နောက်ဆုံး တခုခု ဆုံးဖြတ်လာနိုင်ပြန်တော့လည်း နောက်ရက်အနည်းငယ်လောက်ဆို တမျိုး ပြန်ဖြစ်သွားပြန်ပါတယ်။ ဒါတွေ မြင်ရကြားရတော့ ခေါင်းတွေ တောင် မူးနောက်လာပါတယ်။

၂၀၁၈ နိုဝင်ဘာလမှ ကွန်ဂရက်ရဲ့ သက်တမ်းဝက် ရွေးကောက်ပွဲ ကျင်း ပမယ့် အချိန် နီးလာတဲ့ အထိ တရုတ်နဲ့ ကုန်သွယ်ရေး ပိုင်းမှာ တိုး တက်မှု ဆိုလို့ မည်မည်ရရ ဖြစ်မလာခဲ့သေးပါဘူး။ အားလုံးက နောက်လထဲမှာ ဗြူနိုအေယိစ် ၌ ကျင်းပဖို့ ရှိနေတဲ့ G-20 ထိပ်သီး ဆွေးနွေး ပွဲကို အာရုံစိုက်လာကြပါတယ်။ ထရန့်နဲ့ ရှီတို့ နှစ်ဦးချင်း တွေ့ဆုံနိုင်မယ့် နေရာ ဖြစ်နေလို့ပါပဲ။ ကြီး နှစ် ကြီး ဆွေးနွေးမယ်။ ဥရောပကို ဘေးချိတ်ပြီး သဘောတူညီချက် တခုမဟုတ် တခု ရလာနိုင်မယ်လို့ မျှော်လင့်နေကြလို့ပဲ ဖြစ်ပါတယ်။သို့သော် ဘာတွေများ မှားသွားစရာ ရှိနိုင်ပေဦးမည်နည်း။ ဟိုက်လိုင်ဇာ က ထရန့်ကို အခုလို တယောက်တည်း လွှတ်ပေးလိုက်ရတဲ့အခါမျိုးမှာ ဘယ်လောက်များများ သူ့ဖက် က တရုတ်ကို လိုက်လျောမှုတွေ ပေးလာမှာလဲ ဆိုတာ စိုးရိမ်နေပါတယ်။

REF:    LET  PAN

Add a Comment

Your email address will not be published. Required fields are marked *