အြန္လိုင္းေပၚတြင္ ပ်ံ႕ႏွံ႔ခဲ့သည့္ ထမင္း ဆိုင္အတြင္း ဝင္ေရာက္ ႐ိုက္ႏွက္ ခဲ့မႈျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ရဲ (၇) ဦး ကို အေရးယူမ ည္ဟု မေကြးရဲမႉး ေျပာၿပီ

ေ႐ႊလမင္းထမင္းဆိုင္ပိုင္ရွင္ ေဒၚႏြယ္ႏြယ္ၿဖိဳးက “ေမာင္ျဖစ္တဲ့သူက လမ္းတဖက္မွာရွိတဲ့ မင္းဘူးက သူငယ္ခ်င္းေတြကို စေနာက္တဲ့အခ်ိန္ မွာ အရပ္ဝတ္နဲ႔သူေတြက ဝင္ေရာက္႐ိုက္ႏွက္ခဲ့တာပါ။ ရဲေခၚဖို႔ေျပာတဲ့အခ်ိန္မွာ သူတို႔က ရဲေတြပဲလို ေျပာၿပီး ဆက္႐ိုက္ပါတယ္။ ခဏေန ေတာ့ ရဲကားတစီးေရာက္လာၿပီး ရဲအရာရွိတဦးက ေသနတ္နဲ႔ခ်ိန္ၿပီး သတ္ပစ္လို႔ရတယ္လို႔ ႀကိမ္းဝါးတဲ့အတြက္ က်ည္ထြက္မွာေၾကာက္လို႔ ေတာင္းပန္ခဲ့ရပါတယ္။

လက္ရွိျဖစ္တဲ့ေနရာက အမွတ္ ၂ ရဲစခန္းအပိုင္ျဖစ္ၿပီး အမွတ္ ၁ ၿမိဳ႕မရဲစခန္းက ရဲေတြက ဝင္႐ိုက္ခဲ့တာပါ” လို႔ လို႔ ေျပာပါတယ္။ ျဖစ္စဥ္ နဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္အႀကီးအကဲ၊ ရဲတပ္ဖြဲ႕အႀကီးအကဲေတြနဲ႔ တိုင္းအစိုးရအဖြဲ႕ကို CCTV မွတ္တမ္းနဲ႔တကြ တိုင္ၾကားစာေပးပို႔ ထား တယ္လို႔ သိရပါတယ္။မေကြးၿမိဳ႕ ေ႐ႊလမင္းထမင္းဆိုင္မွာ ရဲတပ္ဖြဲ႕ဝင္ေတြ ဝင္ေရာက္႐ိုက္ႏွက္ခဲ့တဲ့ ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ဇြန္ ၁၈ ရက္ ေန႔မွာ ရဲတပ္ဖြဲ႕ဝင္ ၇ ဦးကို အေရးယူသြားမယ္လို႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးက ေျပာပါတယ္။

ေ႐ႊလမင္းထမင္းဆိုင္နားမွာ သမီးေယာက္ဖခ်င္း ဓားေတြ၊ တုတ္ေတြကိုင္ ခိုက္ရန္ျဖစ္ၾကစဥ္ ဓားကိုင္သူအား လွည့္ကင္းလွည့္ေနတဲ့ တပ္ဖြဲ႕ ဝင္ေတြက ဖမ္းဆီးဖို႔ ႀကိဳးစားရင္း ျဖစ္ပြားခဲ့တာလို႔ မေကြးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးျမင့္လြင္က ေျပာပါတယ္။ဆဲဆို ဓားကိုင္တဲ့သူကို အေရး ယူဖို႔ ႀကိဳစားတဲ့အခ်ိန္မွာ တပ္ဖြဲ႕ဝင္တဦးက ဖုန္သုတ္တဲ့ၾကက္ေမႊးနဲ႔ တားျမႇစ္႐ိုက္ႏွက္မိတာပါ။ ေသနတ္ကိုင္တယ္ဆိုတာက ဒုရဲအုပ္သန္း ထိုက္ေအာင္ ကားနဲ႔ေရာက္လာၿပီး တပ္ဖြဲ႕ဝင္ေတြကို လက္ဟန္ေျခဟန္နဲ႔ေျပာတဲ့ဟာကို ခ်ိန္တယ္လို႔ စြပ္စြဲခံရတာပါ။

အဲဒီလို ဓားကိုင္တဲ့သူကို ဖမ္းဆီးဖို႔ ႀကိဳးစားတဲ့အခ်ိန္မွာ နယ္ထိန္းတပ္ဖြဲ႕ဝင္ေတြနဲ႔ ရင္းႏွီးတဲ့ ေဒၚႏြယ္ႏြယ္ဆိုတဲ့ အမ်ိဳးသမီးေရာက္လာၿပီး သူ႔ေဆြမ်ိဳးေတြ သူထိန္းႏိုင္တယ္လို႔ေျပာလို႔ ရဲတပ္ဖြဲ႕ဝင္ေတြက မဖမ္းဆီးခဲ့ပါဘူး။ ျဖစ္စဥ္မွာ ပါဝင္ခဲ့တဲ့ရဲတပ္ဖြဲ႕ဝင္ေတြကို အထက္အရာရွိ ကို သတင္းမပို႔တာရယ္၊ ရဲလုပ္ငန္းၿပီးေျမာက္ေအာင္ မလုပ္တာေတြေၾကာင့္ သက္ခ်ဳပ္ေရးမွတ္ၿပီး ရဲစည္းကမ္းထိမ္းသိမ္းေရးဥပေဒအရ အေရးယူသြားမွာပါလို႔ သိရပါတယ္။”

REF: ဒီဗြီဘီ

UNICODE

အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည့် ထမင်း ဆိုင်အတွင်း ဝင်ရောက် ရိုက်နှက် ခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲ (၇) ဦး ကို အရေးယူမ ည်ဟု မကွေးရဲမှူး ပြောပြီ

ရွှေလမင်းထမင်းဆိုင်ပိုင်ရှင် ဒေါ်နွယ်နွယ်ဖြိုးက “မောင်ဖြစ်တဲ့သူက လမ်းတဖက်မှာရှိတဲ့ မင်းဘူးက သူငယ်ချင်းတွေကို စနောက်တဲ့အချိန် မှာ အရပ်ဝတ်နဲ့သူတွေက ဝင်ရောက်ရိုက်နှက်ခဲ့တာပါ။ ရဲခေါ်ဖို့ပြောတဲ့အချိန်မှာ သူတို့က ရဲတွေပဲလို ပြောပြီး ဆက်ရိုက်ပါတယ်။ ခဏနေ တော့ ရဲကားတစီးရောက်လာပြီး ရဲအရာရှိတဦးက သေနတ်နဲ့ချိန်ပြီး သတ်ပစ်လို့ရတယ်လို့ ကြိမ်းဝါးတဲ့အတွက် ကျည်ထွက်မှာကြောက်လို့ တောင်းပန်ခဲ့ရပါတယ်။

လက်ရှိဖြစ်တဲ့နေရာက အမှတ် ၂ ရဲစခန်းအပိုင်ဖြစ်ပြီး အမှတ် ၁ မြို့မရဲစခန်းက ရဲတွေက ဝင်ရိုက်ခဲ့တာပါ” လို့ လို့ ပြောပါတယ်။ ဖြစ်စဉ် နဲ့ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲ၊ ရဲတပ်ဖွဲ့အကြီးအကဲတွေနဲ့ တိုင်းအစိုးရအဖွဲ့ကို CCTV မှတ်တမ်းနဲ့တကွ တိုင်ကြားစာပေးပို့ ထား တယ်လို့ သိရပါတယ်။မကွေးမြို့ ရွှေလမင်းထမင်းဆိုင်မှာ ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဇွန် ၁၈ ရက် နေ့မှာ ရဲတပ်ဖွဲ့ဝင် ၇ ဦးကို အရေးယူသွားမယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

ရွှေလမင်းထမင်းဆိုင်နားမှာ သမီးယောက်ဖချင်း ဓားတွေ၊ တုတ်တွေကိုင် ခိုက်ရန်ဖြစ်ကြစဉ် ဓားကိုင်သူအား လှည့်ကင်းလှည့်နေတဲ့ တပ်ဖွဲ့ ဝင်တွေက ဖမ်းဆီးဖို့ ကြိုးစားရင်း ဖြစ်ပွားခဲ့တာလို့ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်က ပြောပါတယ်။ဆဲဆို ဓားကိုင်တဲ့သူကို အရေး ယူဖို့ ကြိုစားတဲ့အချိန်မှာ တပ်ဖွဲ့ဝင်တဦးက ဖုန်သုတ်တဲ့ကြက်မွှေးနဲ့ တားမြှစ်ရိုက်နှက်မိတာပါ။ သေနတ်ကိုင်တယ်ဆိုတာက ဒုရဲအုပ်သန်း ထိုက်အောင် ကားနဲ့ရောက်လာပြီး တပ်ဖွဲ့ဝင်တွေကို လက်ဟန်ခြေဟန်နဲ့ပြောတဲ့ဟာကို ချိန်တယ်လို့ စွပ်စွဲခံရတာပါ။

အဲဒီလို ဓားကိုင်တဲ့သူကို ဖမ်းဆီးဖို့ ကြိုးစားတဲ့အချိန်မှာ နယ်ထိန်းတပ်ဖွဲ့ဝင်တွေနဲ့ ရင်းနှီးတဲ့ ဒေါ်နွယ်နွယ်ဆိုတဲ့ အမျိုးသမီးရောက်လာပြီး သူ့ဆွေမျိုးတွေ သူထိန်းနိုင်တယ်လို့ပြောလို့ ရဲတပ်ဖွဲ့ဝင်တွေက မဖမ်းဆီးခဲ့ပါဘူး။ ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေကို အထက်အရာရှိ ကို သတင်းမပို့တာရယ်၊ ရဲလုပ်ငန်းပြီးမြောက်အောင် မလုပ်တာတွေကြောင့် သက်ချုပ်ရေးမှတ်ပြီး ရဲစည်းကမ်းထိမ်းသိမ်းရေးဥပဒေအရ အရေးယူသွားမှာပါလို့ သိရပါတယ်။”

REF:    ဒီဗွီဘီ

Add a Comment

Your email address will not be published. Required fields are marked *