




UNICODE

ဒေါင်းပုံစံနာရီနဲ့ နှင်းဆီကိတ်မုန့်လေးကို အမေစုရဲ့မွေးနေ့အတွက် ပို့ပေးခဲ့ကြတဲ့ နှင်းဆီအဖွဲ့သားများ

ပရိသတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ထားကြတဲ့ နှင်းဆီရင်ခွင်အဖွဲ့သားတွေဟာ အမေစုရဲ့ အသက်ရ၅နှစ်ပြည့်မွေးနေ့လေးမှာ ဒေါင်းပုံစံ နာရီလေးနဲ့ နှင်းဆီကိတ်မုန့်လေး လက်ဆောင်ပို့ပေးခဲ့ ပါတယ်။ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူ ထားနိုင်ခဲ့တဲ့ ကျော် ကျော်ဗိုလ် ကတော့ ယခုမှာ ” သက်ရှည်ကျန်းမာစိတ်ချမ်းသာပါစေခင်ဗျာ ပျော်ရွှင်စရာ မွေးနေ့ပါ အမေ ” ဆိုပြီး သူရဲ့ လူမှု ကွန်ယက်စာ မျက်နှာထက်မှာ အမေစုကို မွေးနေ့ဆုတောင်းပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် နှင်းဆီရင်ခွင်အဖွဲ့သားတွေရဲ့ အမေစုအတွက် မွေးနေ့ဆုတောင်းပေးတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေး လိုက်ရပါတယ်မင်းသားချောလေးကျော်ကျော်ဗိုလ်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သရုပ် ဆောင်တစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ ကျော်ကျော်ဗိုလ်ကတော့ နှင်းဆီရင်ခွင်အဖွဲ့သားတစ်ယောက်ဖြစ်ပြီး ထွန်းထွန်း နေတိုး မင်းမော်ကွန်း ရဲလေးတို့နဲ့ ညီအကိုအရင်းတွေလို ခင်မင်ရင်းနှီးကြပါတယ်။နှင်းဆီရင်ခွင်အငြိမ့်အဖွဲ့ကိုတော့ ပြည်သူချစ်အနုပညာ ရှင်တွေများစွာနဲ့အတူ ဖွဲ့စည်းထားခဲ့တာပဲ ဖြစ်ပြီး နှင်ဆီရင်ခွင်အဖွဲ့ကတော့ ပရိသတ်တွေကို ဘဝအမောတွေပြေပျောက်အောင် ရယ်မော ပျော်ရွှင်အောင် ဟာသပြက်လုံးတွေများစွာနဲ့ ဖျော်ဖြေလျက်ရှိနေတာပဲဖြစ်ပါတယ်။

REF :   နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်း

Add a Comment

Your email address will not be published. Required fields are marked *