ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ အပါအဝင္ပါတီထိပ္ပိုင္းေခါင္းေဆာင္ အမ်ားစု (၂၀၂၀)ေ႐ြးေကာက္ပြဲဝင္မည္ဟု ဦးသိန္းထြန္းဦးေျပာ

ျပည္ခိုင္ၿဖိဳးပါတီကို ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊက တည္ေထာင္ခဲ့ၿပီး အတြင္းေရးမႉး ၁ ေဟာင္း ဦးသိန္းစိန္က ဥကၠ႒အျဖစ္ ဆက္လက္တာ ဝန္ယူခဲ့ၿပီး ေနာက္ ၂၀၁၀ တြင္ ၎က သမၼတျဖစ္ ခဲ့သည္။ ထို႔ေနာက္ တပ္မေတာ္ေခါင္းေဆာင္ တစ္ဦး ျဖစ္သည့္ သူရ ဦးေ႐ႊမန္းကို ဥကၠ႒ တာဝန္ေပးအပ္ခဲ့သည္။ ၂၀၁၅ တြင္ သူရ ဦးေ႐ႊမန္းကို ဥကၠဋ္ ဌေနရာမွ ဖယ္ရွားၿပီးေနာက္ ဦးသိန္းစိန္ ႏွင့္အတူ ပါတီ၏ ပူးတြဲ ဥကၠ႒အျဖစ္ ဦးေဌးဦးက တာဝန္ယူခဲ့သည္။လက္ရွိ အာဏာရ (NLD)ပါတီမွ ကိုယ္စားလွယ္ေလာင္းစာရင္းမ်ားကို ၿမိဳ႕နယ္မ်ားမွတစ္ဆင့္ ပါတီဗ ဟိုသို႔ ဇြန္ ၁၅ ရက္ေန႔က ေပးပို႔ ခဲ့ၿပီးေနာက္ ၂၀၂၀ ေ႐ြးေကာက္ပြဲဝင္မည့္သူမ်ား အမည္ ထြက္ေပၚ လာခဲ့သည္။

လက္ရွိသမၼတ ဦးဝင္းျမင့္၊ သမၼတ ေဟာင္း ဦးထင္ေက်ာ္၏ဇနီး ေဒၚစုစုလြင္တို႔အပါအဝင္ လက္ရွိအစိုးရ အဖြဲ႕ထိပ္ပိုင္းေခါင္းေဆာင္ မ်ား ဝင္ေရာက္ယွဥ္ၿပိဳင္မည္ဟု အမည္စာရင္းတင္သြင္းထားေသာ္လည္း ႏိုင္ငံေတာ္အတိုင္ပင္ခံႏွင့္ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္တို႔၏ အမည္စာ ရင္းကိုမူ သက္ဆိုင္ရာေန ရာမ်ားက တင္ျပသည့္စာရင္းမ်ားတြင္ ပါဝင္လာခဲ့ျခင္းမရွိေပ။ပါတီေျပာေရးဆိုခြင့္ရွိသူ မုံ႐ြာ ေအာင္ရွင္က ၎တို႔ အေနျဖင့္ သီးျခားအစီအစဥ္ျဖင့္ ပါဝင္လာဖြယ္ရွိသည္ဟု ေျပာၾကားထားသည္။ ေ႐ြးေကာက္ပြဲျပန္မဝင္သူမ်ားတြင္ လက္ရွိရန္ကုန္တိုင္း ဝန္ ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းႏွင့္ မႏၲေလးတိုင္း ၿမိဳ႕ေတာ္ဝန္ ဦးရဲလြင္တို႔ ပါဝင္သည္။

အခ်ိဳ႕ေသာ NLD လႊတ္ေတာ္ကိုယ္စားလွယ္မ်ားမွာလည္း ေ႐ြးေကာက္ပြဲမဝင္ေတာ့ဟု ၎တို႔၏ လူမႈကြန္ရက္ စာမ်က္ႏွာမ်ားမွတစ္ဆင့္ အသိေပးထားသည္။ လတ္တေလာတြင္ ပါတီ အမ်ားအျပား ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္မႈမ်ား ျပဳလုပ္ေနၾကၿပီျဖစ္ၿပီး ကိုယ္စားလွယ္ေလာင္းမ်ားလည္း အသီးသီးေ႐ြးခ်ယ္ၿပီးေနၾကၿပီျဖစ္သည္။ သို႔ေသာ္ ၂၀၁၅ ခုႏွစ္ေ႐ြးေကာက္ပြဲတြင္ ကိုယ္စားလွယ္ေလာင္း အမ်ားအျပားဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ ပါတီအခ်ိဳ႕က လာမည့္ေ႐ြးေကာက္ပြဲတြင္ ကိုယ္စားလွယ္ေလာင္းမ်ားစြာ ေလွ်ာ့ခ်ဝင္ၿပိဳင္မည္ ျဖစ္ ေၾကာင္း ျမန္မာတိုင္းမ္သို႔ ေျပာဆိုထားသည္။

အဓိကအတိုက္အခံပါတီျဖစ္ေသာ ျပည္ခိုင္ၿဖိဳးပါတီ၏ ဥကၠ႒ ဦးသန္းေဌး ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ ျဖစ္သ ကဲ့သို႔ ပါတီထိပ္ပိုင္းေခါင္းေဆာင္အမ်ားစု ေ႐ြးေကာက္ပြဲဝင္မည္ျဖစ္ေၾကာင္း ယင္းပါတီေျပာေရးဆိုခြင့္ရွိသူက ေျပာသည္။ပါတီ ထိပ္ပိုင္း ေခါင္းေဆာင္ေတြကေတာ့ ေတာင္ေတာ္မ်ားမ်ားၿပိဳင္ၾကမယ္ဗ်။ ဦးသန္းေဌးလည္း ၿပိဳင္မွာပါ ” ဟု ပါတီေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္း ဦးက ေျပာသည္။ ႀကံ့ခိုင္ေရးပါတီသည္ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ပါတီဖြဲ႕စည္းမႈကို အေျပာင္းအလဲမ်ားျပဳလုပ္ခဲ့ရာ ဦး သန္းေဌးသည္ ၂၀၁၆ ခုႏွစ္က က်င္းပခဲ့သည့္ ပါတီညီလာခံတြင္ ဥကၠ႒သစ္ျဖစ္လာခဲ့သည္။

၎သည္ တပ္မေတာ္မွ ဗိုလ္မႉးခ်ဳပ္အျဖစ္ အနားယူခဲ့ၿပီးေနာက္ ၂၀၁၀ ေ႐ြးေကာက္ပြဲတြင္ ဧရာဝတီတိုင္းေဒသႀကီး ျမန္ေအာင္မဲဆႏၵနယ္ မွ ဝင္ေရာက္ ယွဥ္ၿပိဳင္ကာ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ျဖစ္လာခဲ့သည္။ ထို႔ေနာက္ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္လည္း ျမန္ေအာင္ၿမိဳ႕ နယ္မွသာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ္လည္း ရႈံးနိမ့္ခဲ့သည္။၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္ ယခင္ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ ျမန္ေအာင္မဲ ဆႏၵနယ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္မလားဆိုသည့္ ေမးျမန္းမႈကိုမူ “ အဲဒါကေတာ့ အတိအက်မသတ္မွတ္ရေသးပါဘူး ” ဟု ပါတီေျပာေရးဆိုခြင့္ ရွိသူက ေျပာသည္။

REF: ျမန္မာတိုင္းစ္

UNICODE

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင်ပါတီထိပ်ပိုင်းခေါင်းဆောင် အများစု (၂၀၂၀)ရွေးကောက်ပွဲဝင်မည်ဟု ဦးသိန်းထွန်းဦးပြော

ပြည်ခိုင်ဖြိုးပါတီကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တည်ထောင်ခဲ့ပြီး အတွင်းရေးမှူး ၁ ဟောင်း ဦးသိန်းစိန်က ဥက္ကဋ္ဌအဖြစ် ဆက်လက်တာ ဝန်ယူခဲ့ပြီး နောက် ၂၀၁၀ တွင် ၎င်းက သမ္မတဖြစ် ခဲ့သည်။ ထို့နောက် တပ်မတော်ခေါင်းဆောင် တစ်ဦး ဖြစ်သည့် သူရ ဦးရွှေမန်းကို ဥက္ကဋ္ဌ တာဝန်ပေးအပ်ခဲ့သည်။ ၂၀၁၅ တွင် သူရ ဦးရွှေမန်းကို ဥက္ကဋ္ ဌနေရာမှ ဖယ်ရှားပြီးနောက် ဦးသိန်းစိန် နှင့်အတူ ပါတီ၏ ပူးတွဲ ဥက္ကဋ္ဌအဖြစ် ဦးဌေးဦးက တာဝန်ယူခဲ့သည်။လက်ရှိ အာဏာရ (NLD)ပါတီမှ ကိုယ်စားလှယ်လောင်းစာရင်းများကို မြို့နယ်များမှတစ်ဆင့် ပါတီဗ ဟိုသို့ ဇွန် ၁၅ ရက်နေ့က ပေးပို့ ခဲ့ပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲဝင်မည့်သူများ အမည် ထွက်ပေါ် လာခဲ့သည်။

လက်ရှိသမ္မတ ဦးဝင်းမြင့်၊ သမ္မတ ဟောင်း ဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင်တို့အပါအဝင် လက်ရှိအစိုးရ အဖွဲ့ထိပ်ပိုင်းခေါင်းဆောင် များ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အမည်စာရင်းတင်သွင်းထားသော်လည်း နိုင်ငံတော်အတိုင်ပင်ခံနှင့် မန္တလေးတိုင်း ဝန်ကြီးချုပ်တို့၏ အမည်စာ ရင်းကိုမူ သက်ဆိုင်ရာနေ ရာများက တင်ပြသည့်စာရင်းများတွင် ပါဝင်လာခဲ့ခြင်းမရှိပေ။ပါတီပြောရေးဆိုခွင့်ရှိသူ မုံရွာ အောင်ရှင်က ၎င်းတို့ အနေဖြင့် သီးခြားအစီအစဉ်ဖြင့် ပါဝင်လာဖွယ်ရှိသည်ဟု ပြောကြားထားသည်။ ရွေးကောက်ပွဲပြန်မဝင်သူများတွင် လက်ရှိရန်ကုန်တိုင်း ဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မန္တလေးတိုင်း မြို့တော်ဝန် ဦးရဲလွင်တို့ ပါဝင်သည်။

အချို့သော NLD လွှတ်တော်ကိုယ်စားလှယ်များမှာလည်း ရွေးကောက်ပွဲမဝင်တော့ဟု ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် အသိပေးထားသည်။ လတ်တလောတွင် ပါတီ အများအပြား ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြပြီဖြစ်ပြီး ကိုယ်စားလှယ်လောင်းများလည်း အသီးသီးရွေးချယ်ပြီးနေကြပြီဖြစ်သည်။ သို့သော် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း အများအပြားဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီအချို့က လာမည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများစွာ လျှော့ချဝင်ပြိုင်မည် ဖြစ် ကြောင်း မြန်မာတိုင်းမ်သို့ ပြောဆိုထားသည်။

အဓိကအတိုက်အခံပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌ ဦးသန်းဌေး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သ ကဲ့သို့ ပါတီထိပ်ပိုင်းခေါင်းဆောင်အများစု ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း ယင်းပါတီပြောရေးဆိုခွင့်ရှိသူက ပြောသည်။ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေကတော့ တောင်တော်များများပြိုင်ကြမယ်ဗျ။ ဦးသန်းဌေးလည်း ပြိုင်မှာပါ ” ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်း ဦးက ပြောသည်။ ကြံ့ခိုင်ရေးပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ပါတီဖွဲ့စည်းမှုကို အပြောင်းအလဲများပြုလုပ်ခဲ့ရာ ဦး သန်းဌေးသည် ၂၀၁၆ ခုနှစ်က ကျင်းပခဲ့သည့် ပါတီညီလာခံတွင် ဥက္ကဋ္ဌသစ်ဖြစ်လာခဲ့သည်။

၎င်းသည် တပ်မတော်မှ ဗိုလ်မှူးချုပ်အဖြစ် အနားယူခဲ့ပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မဲဆန္ဒနယ် မှ ဝင်ရောက် ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ ထို့နောက် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း မြန်အောင်မြို့ နယ်မှသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ယခင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်အောင်မဲ ဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မလားဆိုသည့် မေးမြန်းမှုကိုမူ “ အဲဒါကတော့ အတိအကျမသတ်မှတ်ရသေးပါဘူး ” ဟု ပါတီပြောရေးဆိုခွင့် ရှိသူက ပြောသည်။

REF:    မြန်မာတိုင်းစ်

Add a Comment

Your email address will not be published. Required fields are marked *