(၁၉-၆-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီCOVID-19 ေရာဂါ အတည္ျပဳလူနာသစ္ မေတြ႕ရွိေၾကာင္း သတင္းထုတ္ျပန္

ဓာတ္ခြဲ အတည္ျပဳ လူနာေဟာင္း (old confirmed case) မ်ား၏ ဓာတ္ခြဲ နမူနာစစ္ေဆးမႈတြင္ (၂) ႀကိမ္ ဆက္တိုက္ ပိုးမေတြ႕ရွိသူ (၅) ဦး (Case- 101, 190, 209, 213 ႏွင့္ 223) ရွိသျဖင့္ ယေန႔အထိေရာဂါပိုးကင္းစင္လာသူ စုစုေပါင္း (၁၉၂) ဦးရွိပါသည္။

၎တို႔အနက္ (၁၇၇) ဦးအား ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ကာ သတ္မွတ္ေနရာ မ်ားတြင္ အသြားအလာ ဆက္လက္ကန႔္သတ္၍ ေစာင့္ ၾကပ္ၾကည့္ရႈလ်က္ရွိပါသည္။ ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၆)ဦး ရွိပါသည္။(၁၈-၆-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၁၉-၆-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၃၃) ဦး ရွိပါသည္။

(၁၉-၆-၂၀၂၀) ရက္ေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL ) မွ (ပထမအသုတ္) ဓာတ္ခြဲ နမူနာ (၅၆၂)ခု၊ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (မႏၲေလး) (PHL-MDY) မွ ဓာတ္ခြဲနမူနာ (၃၇၅) ခုႏွင့္ ရန္ကုန္ၿမိဳ႕၊ အမွတ္ (၁) တပ္မေတာ္ေဆး႐ုံႀကီး ခုတင္ (၁၀၀၀) မွ ဓာတ္ခြဲနမူနာ (၂၈၂) ခု၊

စုစုေပါင္း (၁,၂၁၉)ခု အား ယေန႔၊ ညေနတြင္ စစ္ေဆးၿပီးစီးခဲ့ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္မေတြ႕ရွိရပါ။ (၁၉-၆- ၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲ အတည္ျပဳ လူနာ (၂၈၆) ဦးရွိပါသည္။

REF: MINISTRY OF HEALTH

UNICODE

(၁၉-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီCOVID-19 ရောဂါ အတည်ပြုလူနာသစ် မတွေ့ရှိကြောင်း သတင်းထုတ်ပြန်

ဓာတ်ခွဲ အတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲ နမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၅) ဦး (Case- 101, 190, 209, 213 နှင့် 223) ရှိသဖြင့် ယနေ့အထိရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၉၂) ဦးရှိပါသည်။

၎င်းတို့အနက် (၁၇၇) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာ များတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့် ကြပ်ကြည့်ရှုလျက်ရှိပါသည်။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။(၁၈-၆-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၉-၆-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၃၃) ဦး ရှိပါသည်။

(၁၉-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL ) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၆၂)ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL-MDY) မှ ဓာတ်ခွဲနမူနာ (၃၇၅) ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၈၂) ခု၊

စုစုပေါင်း (၁,၂၁၉)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်မတွေ့ရှိရပါ။ (၁၉-၆- ၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာ (၂၈၆) ဦးရှိပါသည်။

REF:    MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *