ႏိုင္ငံ့အႀကီးအကဲမ်ားကို ေနျပည္ေတာ္တြင္ ေျမကြက္ခ်ေပးသည့္ကိစၥမွာ မွန္ကန္ေၾကာင္း ဦးေဇာ္ေဌးအတည္ျပဳ ေျပာဆို

ဦးေဇာ္ေဌးက”သမၼတလဲပါတယ္။ အတိုင္ပင္ခံလဲပါတယ္။ ေျပာရရင္အဲ့ဒီမွာတက္လာတဲ့ လူေတြကမွန္တယ္။ အကြက္အက်ယ္ေတြက ခ်ဲ႕ ကားထားတာ“ဟုေျပာသည္။လက္ရွိခ်ထားေပးသည့္ ေျမကြက္ အက်ယ္အဝန္းမွာ ျပည္ေထာင္စုဝန္ႀကီးအဆင့္ဆိုပါက ေပ ၃၀၀ပတ္လည္၊ ဒုဝန္ႀကီး အဆင့္ဆိုပါက ေပ ၂၅၀ပတ္လည္၊ ၫႊန္ၾကားေရးမႉးခ်ဳပ္အဆင့္ဆိုပါက ေပ ၁၀၀ပတ္လည္၊ သမၼတအဆင့္ဆိုပါက ေပ ၄၀၀ပတ္ လည္ရွိေၾကာင္း သိရသည္။ေျမကြက္ပဲခ်ေပးတာ။

က်န္တာက ၿခံခတ္တာ အေဆာက္အဦးေဆာက္တာက အဲ့တာက ကာယကံရွင္ကပဲ လုပ္ရမွာ”ဟု ၎ကဆိုသည္။ေနျပည္ေတာ္တြင္ ႏိုင္ငံ့ အႀကီးအကဲမ်ားကို ေျမကြက္ခ်ထားေပးသည့္ကိစၥမွာ မွန္ကန္ေၾကာင္း သမၼတ႐ုံးဝန္ႀကီးဌာန ေျပာေရး ဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကေျပာသည္။ ၎က”Social Mediaမွာတင္ထားတဲ့ အခ်က္ေတြလည္း ကြၽန္ေတာ္တို႔ေတြ႕ပါတယ္။ အဲ့ဒီမွာ အခ်က္အလက္ေတြကို မတရားခ်ဲ႕ကားထား ၿပီးေတာ့ Disinformationလုပ္တာျဖစ္ပါတယ္။ ခ်ေပးထားတာေတြက မွန္တယ္“ဟုေျပာသည္။

သို႔ေသာ္ Social Mediaတြင္ ေဖာ္ျပထားသည့္ေျမကြက္အက်ယ္မွာ ၈ ဧကခန္႔ရွိသည့္အတြက္ မျဖစ္ႏိုင္သည့္ အတိုင္းအတာမ်ားကို ခ်ဲ႕ကား ၿပီး ရည္႐ြယ္ခ်က္ရွိရွိေရးထားျခင္းျဖစ္သည္ဟုလည္း ၎ကဆိုသည္။ေနျပည္ေတာ္ သမၼတအိမ္ေတာ္တြင္ ‌ဇြန္လ ၁၉ရက္ေန႔က ျပဳလုပ္ ေသာ သတင္းစာရွင္းလင္းပြဲတြင္ ထိုသို႔ေျဖၾကားခဲ့ျခင္းျဖစ္သည္။ဦးေဇာ္ေဌးက”ဘာရည္႐ြယ္ခ်က္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ဖက္က သုံးသပ္ တာကေတာ့ ဒါကေတာ့ ၂၀၂၀ေ႐ြးေကာက္ပြဲေတြ နီးလာတဲ့အခ်ိန္မွာ Disinformation campaignလုပ္တဲ့သေဘာေပါ့“ဟုဆိုသည္။

လက္ရွိတြင္ ေနျပည္ေတာ္စည္ပင္က ဥတၱရသီရိၿမိဳ႕နယ္အတြင္းရွိ ေျမ ၂ဧကတြင္ ေျမကြက္ ၁၀ကြက္၊ ၁ဧကတြင္ ေျမကြက္ ၆ကြက္ အကြက္ေဖာ္ၿပီး ျပည္ေထာင္စုအဆင့္တာဝန္ထမ္းေဆာင္ေနသည့္ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ၎ႏွင့္အထက္ ႏိုင္ငံေရးရာထူးရွိသည့္ ပုဂၢိဳလ္မ်ားေလွ်ာက္ထားလာမႈ အေပၚ သတ္မွတ္ေဈးႏႈန္းျဖင့္ ခ်ေပးျခင္းျဖစ္ေၾကာင္း ၎ကရွင္းလင္းသည္။

REF: THE LIFESTYLE MYANMAR

UNICODE

နိုင်ငံ့အကြီးအကဲများကို နေပြည်တော်တွင် မြေကွက်ချပေးသည့်ကိစ္စမှာ မှန်ကန်ကြောင်း ဦးဇော်ဌေးအတည်ပြု ပြောဆို

ဦးဇော်ဌေးက”သမ္မတလဲပါတယ်။ အတိုင်ပင်ခံလဲပါတယ်။ ပြောရရင်အဲ့ဒီမှာတက်လာတဲ့ လူတွေကမှန်တယ်။ အကွက်အကျယ်တွေက ချဲ့ ကားထားတာ“ဟုပြောသည်။လက်ရှိချထားပေးသည့် မြေကွက် အကျယ်အဝန်းမှာ ပြည်ထောင်စုဝန်ကြီးအဆင့်ဆိုပါက ပေ ၃၀၀ပတ်လည်၊ ဒုဝန်ကြီး အဆင့်ဆိုပါက ပေ ၂၅၀ပတ်လည်၊ ညွှန်ကြားရေးမှူးချုပ်အဆင့်ဆိုပါက ပေ ၁၀၀ပတ်လည်၊ သမ္မတအဆင့်ဆိုပါက ပေ ၄၀၀ပတ် လည်ရှိကြောင်း သိရသည်။မြေကွက်ပဲချပေးတာ။

ကျန်တာက ခြံခတ်တာ အဆောက်အဦးဆောက်တာက အဲ့တာက ကာယကံရှင်ကပဲ လုပ်ရမှာ”ဟု ၎င်းကဆိုသည်။နေပြည်တော်တွင် နိုင်ငံ့ အကြီးအကဲများကို မြေကွက်ချထားပေးသည့်ကိစ္စမှာ မှန်ကန်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။ ၎င်းက”Social Mediaမှာတင်ထားတဲ့ အချက်တွေလည်း ကျွန်တော်တို့တွေ့ပါတယ်။ အဲ့ဒီမှာ အချက်အလက်တွေကို မတရားချဲ့ကားထား ပြီးတော့ Disinformationလုပ်တာဖြစ်ပါတယ်။ ချပေးထားတာတွေက မှန်တယ်“ဟုပြောသည်။

သို့သော် Social Mediaတွင် ဖော်ပြထားသည့်မြေကွက်အကျယ်မှာ ၈ ဧကခန့်ရှိသည့်အတွက် မဖြစ်နိုင်သည့် အတိုင်းအတာများကို ချဲ့ကား ပြီး ရည်ရွယ်ချက်ရှိရှိရေးထားခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။နေပြည်တော် သမ္မတအိမ်တော်တွင် ‌ဇွန်လ ၁၉ရက်နေ့က ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။ဦးဇော်ဌေးက”ဘာရည်ရွယ်ချက်လဲဆိုတော့ ကျွန်တော်တို့ဖက်က သုံးသပ် တာကတော့ ဒါကတော့ ၂၀၂၀ရွေးကောက်ပွဲတွေ နီးလာတဲ့အချိန်မှာ Disinformation campaignလုပ်တဲ့သဘောပေါ့“ဟုဆိုသည်။

လက်ရှိတွင် နေပြည်တော်စည်ပင်က ဥတ္တရသီရိမြို့နယ်အတွင်းရှိ မြေ ၂ဧကတွင် မြေကွက် ၁၀ကွက်၊ ၁ဧကတွင် မြေကွက် ၆ကွက် အကွက်ဖော်ပြီး ပြည်ထောင်စုအဆင့်တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စုဝန်ကြီးများ၊ ၎င်းနှင့်အထက် နိုင်ငံရေးရာထူးရှိသည့် ပုဂ္ဂိုလ်များလျှောက်ထားလာမှု အပေါ် သတ်မှတ်ဈေးနှုန်းဖြင့် ချပေးခြင်းဖြစ်ကြောင်း ၎င်းကရှင်းလင်းသည်။

REF:    THE LIFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *