COVID- 19ကူးစက္သူ ဦးေရ(၂၄၀,၀၀၀) ေက်ာ္ျဖင့္ အီတလီကိုေက်ာ္တက္သြားေသာ ေတာင္အေမရိကတိုက္က ပီ႐ူး
|အေမရိကသည္ ကို႐ိုနာဗိုင္း ရပ္စ္ပ်ံ႕ႏွံ႔မႈ ဗဟိုခ်က္ အသစ္ျဖစ္ လာၿပီး ေလးသန္း ခန႔္ ကူးစက္ကာ ၂၀၄,၀၀၀ ဦး ေသဆုံး ခဲ့သည္။ ဘရာဇီး၊ ပီ႐ူးႏွင့္ ခ်ီလီတို႔မွာ အထူးသျဖင့္ မၾကာမီ သီတင္းပတ္မ်ားက အဆိုးဆုံး ထိခိုက္ခဲ့ သည္။ ေဒသအခ်ိဳ႕ တြင္ ေရာဂါ ကူးစက္ မႈမ်ား ဆက္ရွိေန စဥ္ ပီ႐ူးအစိုးရက ပိတ္ဆို႔မႈမ်ားကို ဇြန္လ ၃၀ ရက္အထိ သက္တမ္းတိုးထား သည္။
ေတာင္အေမရိက ရွိ ပီ႐ူး ႏိုင္ငံတြင္ ေရာဂါကူးစက္မႈ အရွိန္ အလယ္ အလတ္ပုံစံ စျဖစ္လာ စဥ္ မွာပင္ ဗုဒၶဟူးေန႔အထိ COVID- 19 ေရာဂါ ကူးစက္သူ စုစုေပါင္း ၂၄၀,၀၀၀ ေက်ာ္လာၿပီျဖစ္ကာ ထိခိုက္မႈမ်ားခဲ့ေသာ အီတလီ ထက္ ေက်ာ္လြန္သြားခဲ့ၿပီျဖစ္ သည္။ မတ္လလဆန္းက ကမာၻ႔ကပ္ေရာဂါႏွင့္ စတင္ႀကဳံ ေတြ႕စဥ္ ပီ႐ူးက ၎တို႔ႏိုင္ငံသား မ်ားကို ပိတ္ဆို႔ထားေရး အလ်င္ အျမန္ေဆာင္႐ြက္ခဲ့သည္။
သို႔ေသာ္ လည္း ေမလအ တြင္း ေရာဂါကူးစက္သူ မ်ားျပား လာခဲ့ၿပီး ယင္းလ လကုန္ပိုင္းတြင္ တစ္ေန႔ လူ ၈,၀၀၀ ေက်ာ္အထိ ေရာဂါကူး စက္မႈႏႈန္း အျမင့္ဆုံး သို႔ ေရာက္ရွိ ခဲ့သည္။ယင္းေရာဂါေၾကာင့္ ပီး႐ူး ႏိုင္ငံသား ၇,၀၀၀ ေက်ာ္ ေသဆုံး ခဲ့ ေၾကာင္း အစိုးရက ေျပာၾကား သည္။
ပီ႐ူးသည္ ကမာၻ႔ သတၱမ ေျမာက္ အမ်ားဆုံးထိခိုက္ေသာ ဘရာဇီးၿပီးေနာက္ လက္တင္ အ ေမရိကတြင္ ဒုတိယအဆိုးဆုံး ထိခိုက္ေသာႏိုင္ငံ ျဖစ္လာခဲ့ေၾကာင္း သိရသည္။
REF: 7DAY DAILY
UNICODE
COVID- 19ကူးစက်သူ ဦးရေ(၂၄၀,၀၀၀) ကျော်ဖြင့် အီတလီကိုကျော်တက်သွားသော တောင်အမေရိကတိုက်က ပီရူး
အမေရိကသည် ကိုရိုနာဗိုင်း ရပ်စ်ပျံ့နှံ့မှု ဗဟိုချက် အသစ်ဖြစ် လာပြီး လေးသန်း ခန့် ကူးစက်ကာ ၂၀၄,၀၀၀ ဦး သေဆုံး ခဲ့သည်။ ဘရာဇီး၊ ပီရူးနှင့် ချီလီတို့မှာ အထူးသဖြင့် မကြာမီ သီတင်းပတ်များက အဆိုးဆုံး ထိခိုက်ခဲ့ သည်။ ဒေသအချို့ တွင် ရောဂါ ကူးစက် မှုများ ဆက်ရှိနေ စဉ် ပီရူးအစိုးရက ပိတ်ဆို့မှုများကို ဇွန်လ ၃၀ ရက်အထိ သက်တမ်းတိုးထား သည်။
တောင်အမေရိက ရှိ ပီရူး နိုင်ငံတွင် ရောဂါကူးစက်မှု အရှိန် အလယ် အလတ်ပုံစံ စဖြစ်လာ စဉ် မှာပင် ဗုဒ္ဓဟူးနေ့အထိ COVID- 19 ရောဂါ ကူးစက်သူ စုစုပေါင်း ၂၄၀,၀၀၀ ကျော်လာပြီဖြစ်ကာ ထိခိုက်မှုများခဲ့သော အီတလီ ထက် ကျော်လွန်သွားခဲ့ပြီဖြစ် သည်။ မတ်လလဆန်းက ကမ္ဘာ့ကပ်ရောဂါနှင့် စတင်ကြုံ တွေ့စဉ် ပီရူးက ၎င်းတို့နိုင်ငံသား များကို ပိတ်ဆို့ထားရေး အလျင် အမြန်ဆောင်ရွက်ခဲ့သည်။
သို့သော် လည်း မေလအ တွင်း ရောဂါကူးစက်သူ များပြား လာခဲ့ပြီး ယင်းလ လကုန်ပိုင်းတွင် တစ်နေ့ လူ ၈,၀၀၀ ကျော်အထိ ရောဂါကူး စက်မှုနှုန်း အမြင့်ဆုံး သို့ ရောက်ရှိ ခဲ့သည်။ယင်းရောဂါကြောင့် ပီးရူး နိုင်ငံသား ၇,၀၀၀ ကျော် သေဆုံး ခဲ့ ကြောင်း အစိုးရက ပြောကြား သည်။
ပီရူးသည် ကမ္ဘာ့ သတ္တမ မြောက် အများဆုံးထိခိုက်သော ဘရာဇီးပြီးနောက် လက်တင် အ မေရိကတွင် ဒုတိယအဆိုးဆုံး ထိခိုက်သောနိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရသည်။
REF: 7DAY DAILY