ကိုဗစ္-၁၉အတြက္ Q ဝင္ လာသူကို စုံစမ္းရာ မွ တ႐ုတ္မယား အျဖစ္ ေရာင္း စားခံရမႈ ေပၚေပါက္

အေဖ်ာက္နယ္ေျမရဲစခန္းမွ ဒုရဲအုပ္သန္းေက်ာ္ေဇာမွ တာဝန္ယူေဆာင္႐ြက္ၿပီး အေဖ်ာက္ရဲစခန္းတြင္ (ပ)၅၇/၂၀၂၀လူကုန္ကူးမႈ ဥပေဒ ျဖင့္အမႈဖြင့္ၿပီး တရားလိုႏွင့္ သက္ေသမ်ားစစ္ေဆးျခင္းမွ အမႈတရားခံျဖစ္သူ ေဒၚစန္းစန္းေအး(၆၃)ႏွစ္ ကန္ဇြန္းေခ်ာင္ေက်း႐ြာ ၊ေႂကြပုဂံ ေခ်ာင္းအုပ္စု၊ အေဖ်ာက္ၿမိဳ႕ေနသူအား ဖမ္းဆီးရရွိခဲ့ေၾကာင္း သတင္း ရရွိပါသည္။ တိုက္ႀကီးၿမိဳ႕နယ္၊ပုတၱေက်း႐ြာ အုပ္စု ေခ်ာင္းက်ိဳး ပရ ဟိတ ေဂဟာတြင္ ဖြင့္လွစ္ထားေသာ Q စင္တာတြင္ ဇြန္လ(၁၀)ရက္ ေန႔၌ တ႐ုတ္ ႏိုင္ငံသို႔ သြားေရာက္ အလုပ္လုပ္ကိုင္ၿပီး ျပန္လည္ ေရာက္ရွိလာေသာ မႏွင္းအိျဖဴ (၂၃)ႏွစ္(ဘ)ဦးေမာင္တဆယ္၊ က်ဘမ္း၊က ဇြန္းေခ်ာင္ ေက်း႐ြာ၊ ေႂကြပုဂံေခ်ာင္းေက်း႐ြာအုပ္စု အေဖ်ာက္ ၿမိဳ႕၊ တိုက္ႀကီးၿမိဳ႕နယ္ေနသူမွာ (၂၁)ရက္ ေစာင့္ၾကည့္ခံယူရန္ ေရာက္ရွိလာသည္။

ပုတၱေက်း႐ြာအုပ္စု၊အုပ္ခ်ဳပ္ေရးအဖြဲ႕ မွ ထပ္တိုး စာရင္းေကာက္ယူရန္ႏွင့္ ကိုယ္ေရးအခ်က္အလက္ ေကာက္ယူရန္အတြက္ မႏွင္းအိျဖဴ ထံသို႔ သြားေရာက္ေမးျမန္းစဥ္ မႏွင္းအိျဖဴ မွ တ႐ုတ္ႏိုင္ငံသို႔ ေရာင္းစားခံရျခင္း ျဖစ္ေၾကာင္း တိုင္ၾကားလာသျဖင့္ ေက်း႐ြာ အုပ္ခ်ဳပ္ေရး အဖြဲ႕မွ Covid -19 ေရာဂါ ထိန္းခ်ဳပ္ေရးေကာ္မတီ ဥကၠဌ (ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး) ဦးေအာင္ေက်ာ္စိုးထံသို႔ တင္ျပလာသည္။ ၎မွ အမွတ္ (၆) လူကုန္ကူးမႈတားဆီးႏႈိမ္နင္းေရး ရဲတပ္ဖြဲ႕စု(ရန္ကုန္)ဆက္လက္အေၾကာင္းၾကားခဲ့သျဖင့္ ၁၂.၆.၂၀၂၀ ရက္ေန႔ နံနက္ (၁၀)နာရီ အခ်ိန္ခန႔္တြင္ အမွတ္(၆) လူကုန္ကူးမႈအဖြဲ႕မွ ရဲအုပ္ ျမတ္စိုးေနာင္ ေခ်ာင္းက်ိဳး႐ြာ Q စင္တာ သို႔ ေရာက္ရွိ ခဲ့ၿပီး အဆိုပါ မႏွင္း အိျဖဴ အား ျဖစ္ စဥ္အမွန္ ေပၚေပါက္ႏိုင္ေရး အား စစ္ေဆးေမးျမန္းမႈျပဳလုပ္ ံခဲ့ ေၾကာင္း သိရွိရပါသည္။

ျဖစ္စဥ္ မွာ ၂၀၁၈ ခုႏွစ္ ဧၿပီလ(ရက္မမွတ္မိ ) တစ္႐ြာထဲေန ေဒၚစန္းစန္းေအး ၏ ဆက္သြယ္ေပးမႈျဖင့္ လႈိင္သာ ယာၿမိဳ႕နယ္ ေနသူ မခိုင္ (ခ)ျမခိုင္ တို႔ႏွင့္ ကဇြန္းေခ်ာင္ေက်း႐ြာ ေဒၚစန္စန္းေအး၏ ေနအိမ္တြင္ ေတြ႕ဆုံခဲ့ၿပီး၊ လာရႈိးၿမိဳ႕ ၊လဖက္ေျခာက္စက္႐ုံ႔တြင္ အလုပ္ လုပ္ကိုင္ ရန္ လူလိုေၾကာင္းႏွင့္ တစ္လလွ်င္ ေငြ(၂)သိန္း စရိတ္ၿငိမ္း ရမည္ ျဖစ္ေၾကာင္း မခိုင္(ခ)ျမခိုင္ မွ ေျပာဆိုစည္း႐ုံခဲ့၍ သေဘာတူခဲ့သည္။ ယင္းေန႔တြင္ ေဒၚစန္းစန္းေအး၊ မခိုင္(ခ)ျမခိုင္တို႔ႏွင့္အတူ ကဇြန္ေခ်ာင္ေက်း႐ြာ မွ အေဖ်ာက္ၿမိဳ႕သို႔ လည္ေကာင္း၊ အေဖ်ာက္ၿမိဳ႕မွ အင္းစိန္ ၿမိဳ႕ သို႔ လိုင္းကားျဖင့္ လည္းေကာင္း၊ ထိုမွ တဆင့္ လႈိင္သာယာရွိ မခိုင္(ခ)ျမခိုင္ ေနအိမ္သို႔ ေရာက္ရွိၿပီး ၊မကုလားမဆိုသူႏွင့္ ေတြ႕ရွိခဲ့ ေၾကာင္း၊ မမာမူမွ ၎အား ဓာတ္ပုံ႐ိုက္၊ ရပ္ကြက္ေထာက္ခံစာျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။

ေနာက္တစ္ေန႔တြင္ မမာမူ၏ေမာင္ဟုသိရသူ ေဇယ်ာလင္းမွ ေအာင္မဂၤလာ အေဝးေျပး ကားကြင္းသို႔ လိုက္ပို႔ေပးခဲ့ေၾကာင္း၊ သိရသည္။ မ မာမူႏွင့္ ၎း၏သမီး ျဖစ္သူ မထက္ထက္ေအာင္ တို႔ လာေရာက္ေစာင့္ေနေၾကာင္း၊ ညေန (၄)နာရီတြင္ လာရႈိးၿမိဳ႕ သို႔ ၎တို႔ႏွင့္အတူ ခ ရီးသည္ယာဥ္ျဖင့္သြားေရာက္ခဲ့ေၾကာင္း ေနာက္တစ္ေန႔မနက္ လာရႈိးၿမိဳ႕သို႔ ေရာက္ရွိၿပီး မမာမူမွာ လာရႈိးၿမိဳ႕၌ က်န္ခဲ့ၿပီး မထက္ထက္ ေအာင္မွ အငွားယာဥ္ အဆင့္ဆင့္ျဖင့္ တ႐ုတ္ နယ္စပ္ဂိတ္ ခိုးဝင္ေပါက္မွတဆင့္ တ႐ုတ္ႏိုင္ငံ မိန္းတိန္ၿမိဳ႕ရွိ တည္းခိုးခန္းတစ္ခုတြင္ ၄ ရက္ခန႔္ေနထိုင္ခဲ့ၿပီး ၅ ရက္ေျမာက္ေန႔တြင္ မရွမ္းမ ဟု သိရေသာ (တ႐ုတ္ႏိုင္ငံတြင္ အိမ္ေထာင္က်ေနက်ေနသူအမ်ိဳးသမီး)ထံ မထက္ ထက္ေအာင္ မွ ထည့္ေပးသျဖင့္ မရွမ္းမေနအိမ္သို႔ ေရာက္ရွိခဲ့ေၾကာင္း ေျပာသည္။

မရွမ္းမေနအိမ္တြင္ ၄ ရက္ခန႔္ေနထိုင္ၿပီး တ႐ုတ္ အမ်ိဳးသားတစ္ဦး (တ႐ုတ္အမည္ဝိုင္းခ်စ္)ဟုသိရသူ ေရာက္ရွိလာၿပီး ၎အားေခၚ ေဆာင္ သြားခဲ့ေၾကာင္း ၎တ႐ုတ္အမ်ိဳးသားႏွင့္ အတူကား ၄ ဆင့္ ေျပာင္းစီး၍ ၄ ရက္ခန႔္ခရီးဆက္ခဲ့ရာ ည ၁၁ နာရီခန႔္တြင္ တ႐ုတ္ႏိုင္ငံ အမည္မသိၿမိဳ႕သို႔ေရာက္ရွိခဲ့ၿပီး အဆိုပါ တ႐ုတ္အမည္ဝိုင္းခ်စ္ ဆိုသူႏွင့္ လက္ထပ္ေပါင္းသင္းခဲ့ရေၾကာင္း၊ (၃)လခန႔္ေပါင္းသင္းၿပီး တ႐ုတ္ အမ်ိဳးသားမွ ဖုန္းေပးသုံးသျဖင့္ မမာမူႏွင့္ စကားေျပာရာ ၎အားတ႐ုတ္အမ်ိဳးသားထံ (ယြမ္ ၁သိန္း၁ေသာင္း)ျဖင့္ ေရာင္းစားခဲ့ေၾကာင္း ႏွင့္ ၎ေနအိမ္ရွိ မိခင္ျဖစ္သူထံ ျမန္မာေငြက်ပ္ ၁၅သိန္းပို႔ေပးခဲ့ေၾကာင္းကို ေျပာျပသိရွိရေၾကာင္းႏွင့္ ၎မွာတ႐ုတ္ေယာက်ာ္းႏွင့္ ၂ႏွစ္ ေက်ာ္ခန႔္ ေပါင္းသင္းခဲ့ရာ သမီးတစ္ေယာက္ရရွိခဲ့ေၾကာင္း

၂၀၂၀ခုဇြန္လအတြင္း(ေန႔ရက္မမွတ္မိ)ကတ႐ုတ္ေယာက်ာ္း၏ ေနအိမ္မွ ထြက္ေျပးခဲ့ေၾကာင္းႏွင့္ (၆)ရက္ေျမာက္ေန႔တြင္ ျမန္မာႏိုင္ငံ မူဆယ္ၿမိဳ႕အတြင္း ခိုးဝင္ေပါက္မွတစ္ဆင့္ ျပန္လည္ဝင္ေရာက္ခဲ့ၿပီး မူဆယ္ၿမိဳ႕မွတစ္ဆင့္ ျပန္လာရာ (၁၀.၆.၂၀၂၀)ရက္ေန႔တြင္ တိုက္ႀကီး ၿမိဳ႕သို႔ ျပန္လည္ေရာက္ ရွိလာျခင္းျဖစ္ေၾကာင္း သိရပါသည္။အဆိုပါ မႏွင္းအိျဖဴအား လားရႈိးၿမိဳ႕ရွိ လက္ဖက္ ေျခာက္စက္႐ုံတြင္ အလုပ္ လုပ္ ကိုင္ရန္ လူလိုအပ္ေၾကာင္း ၁ လလွ်င္ စရိတ္ၿငိမ္းေငြက်ပ္ ၂သိန္းရမည္၊ အလုပ္အကိုင္ေကာင္းၿပီး လမ္းစရိတ္က်ခံမည္ျဖစ္ေၾကာင္း ေျပာဆိုစည္း ႐ုံးခဲ့ကာ တ႐ုတ္ႏိုင္ငံသို႔ ေခၚေဆာင္ၿပီး တ႐ုတ္အမ်ိဳးသားထံ အဓမၼ လက္ထပ္ ေပါင္းသင္းရန္ ပို႔ေဆာင္ေရာင္းစား ခဲ့ၾကသည့္။

ေဒၚစန္းစန္းေအး(စုံစမ္းဆဲ)၊ကန္ဇြန္းေခ်ာင္ေက်း ႐ြာ၊ေႂကြပုဂံေခ်ာင္းအုပ္စု အေဖ်ာက္ၿမိဳ႕ေနသူ၊မခိုင္ (ေခၚ)ျမတ္ခိုင္ (စုံစမ္းဆဲ)၊လႈိင္သာ ယာၿမိဳ႕နယ္ေနသူ၊ မမာမူ(စုံစမ္းဆဲ)၊လႈိင္သာယာၿမိဳ႕နယ္ေနသူ၊ မထက္ထက္ေအာင္ စုံစမ္းဆဲ)၊လႈိင္သာယာၿမိဳ႕နယ္ ေနသူ၊မရွမ္းမ (စုံစမ္း ဆဲ)၊တ႐ုတ္ႏိုင္ငံ မိန္းတိန္ၿမိဳ႕ ဆိုသူတို႔အားအေရးယူေပးပါရန္ ရဲအုပ္ျမတ္ေနာင္စိုး အမွတ္ (၆) လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ (ရန္ကုန္)မွ တရားလိုျပဳလုပ္ၿပီးအေဖ်ာက္နယ္ေျမရဲစခန္းတြင္ အမႈဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။

REF: LET PAN

UNICODE

ကိုဗစ်-၁၉အတွက် Q ဝင် လာသူကို စုံစမ်းရာ မှ တရုတ်မယား အဖြစ် ရောင်း စားခံရမှု ပေါ်ပေါက်

အဖျောက်နယ်မြေရဲစခန်းမှ ဒုရဲအုပ်သန်းကျော်ဇောမှ တာဝန်ယူဆောင်ရွက်ပြီး အဖျောက်ရဲစခန်းတွင် (ပ)၅၇/၂၀၂၀လူကုန်ကူးမှု ဥပဒေ ဖြင့်အမှုဖွင့်ပြီး တရားလိုနှင့် သက်သေများစစ်ဆေးခြင်းမှ အမှုတရားခံဖြစ်သူ ဒေါ်စန်းစန်းအေး(၆၃)နှစ် ကန်ဇွန်းချောင်ကျေးရွာ ၊ကြွေပုဂံ ချောင်းအုပ်စု၊ အဖျောက်မြို့နေသူအား ဖမ်းဆီးရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။ တိုက်ကြီးမြို့နယ်၊ပုတ္တကျေးရွာ အုပ်စု ချောင်းကျိုး ပရ ဟိတ ဂေဟာတွင် ဖွင့်လှစ်ထားသော Q စင်တာတွင် ဇွန်လ(၁၀)ရက် နေ့၌ တရုတ် နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ပြီး ပြန်လည် ရောက်ရှိလာသော မနှင်းအိဖြူ (၂၃)နှစ်(ဘ)ဦးမောင်တဆယ်၊ ကျဘမ်း၊က ဇွန်းချောင် ကျေးရွာ၊ ကြွေပုဂံချောင်းကျေးရွာအုပ်စု အဖျောက် မြို့၊ တိုက်ကြီးမြို့နယ်နေသူမှာ (၂၁)ရက် စောင့်ကြည့်ခံယူရန် ရောက်ရှိလာသည်။

ပုတ္တကျေးရွာအုပ်စု၊အုပ်ချုပ်ရေးအဖွဲ့ မှ ထပ်တိုး စာရင်းကောက်ယူရန်နှင့် ကိုယ်ရေးအချက်အလက် ကောက်ယူရန်အတွက် မနှင်းအိဖြူ ထံသို့ သွားရောက်မေးမြန်းစဉ် မနှင်းအိဖြူ မှ တရုတ်နိုင်ငံသို့ ရောင်းစားခံရခြင်း ဖြစ်ကြောင်း တိုင်ကြားလာသဖြင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့မှ Covid -19 ရောဂါ ထိန်းချုပ်ရေးကော်မတီ ဥက္ကဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးအောင်ကျော်စိုးထံသို့ တင်ပြလာသည်။ ၎င်းမှ အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိုမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)ဆက်လက်အကြောင်းကြားခဲ့သဖြင့် ၁၂.၆.၂၀၂၀ ရက်နေ့ နံနက် (၁၀)နာရီ အချိန်ခန့်တွင် အမှတ်(၆) လူကုန်ကူးမှုအဖွဲ့မှ ရဲအုပ် မြတ်စိုးနောင် ချောင်းကျိုးရွာ Q စင်တာ သို့ ရောက်ရှိ ခဲ့ပြီး အဆိုပါ မနှင်း အိဖြူ အား ဖြစ် စဉ်အမှန် ပေါ်ပေါက်နိုင်ရေး အား စစ်ဆေးမေးမြန်းမှုပြုလုပ် ံခဲ့ ကြောင်း သိရှိရပါသည်။

ဖြစ်စဉ် မှာ ၂၀၁၈ ခုနှစ် ဧပြီလ(ရက်မမှတ်မိ ) တစ်ရွာထဲနေ ဒေါ်စန်းစန်းအေး ၏ ဆက်သွယ်ပေးမှုဖြင့် လှိုင်သာ ယာမြို့နယ် နေသူ မခိုင် (ခ)မြခိုင် တို့နှင့် ကဇွန်းချောင်ကျေးရွာ ဒေါ်စန်စန်းအေး၏ နေအိမ်တွင် တွေ့ဆုံခဲ့ပြီး၊ လာရှိုးမြို့ ၊လဖက်ခြောက်စက်ရုံ့တွင် အလုပ် လုပ်ကိုင် ရန် လူလိုကြောင်းနှင့် တစ်လလျှင် ငွေ(၂)သိန်း စရိတ်ငြိမ်း ရမည် ဖြစ်ကြောင်း မခိုင်(ခ)မြခိုင် မှ ပြောဆိုစည်းရုံခဲ့၍ သဘောတူခဲ့သည်။ ယင်းနေ့တွင် ဒေါ်စန်းစန်းအေး၊ မခိုင်(ခ)မြခိုင်တို့နှင့်အတူ ကဇွန်ချောင်ကျေးရွာ မှ အဖျောက်မြို့သို့ လည်ကောင်း၊ အဖျောက်မြို့မှ အင်းစိန် မြို့ သို့ လိုင်းကားဖြင့် လည်းကောင်း၊ ထိုမှ တဆင့် လှိုင်သာယာရှိ မခိုင်(ခ)မြခိုင် နေအိမ်သို့ ရောက်ရှိပြီး ၊မကုလားမဆိုသူနှင့် တွေ့ရှိခဲ့ ကြောင်း၊ မမာမူမှ ၎င်းအား ဓာတ်ပုံရိုက်၊ ရပ်ကွက်ထောက်ခံစာပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

နောက်တစ်နေ့တွင် မမာမူ၏မောင်ဟုသိရသူ ဇေယျာလင်းမှ အောင်မင်္ဂလာ အဝေးပြေး ကားကွင်းသို့ လိုက်ပို့ပေးခဲ့ကြောင်း၊ သိရသည်။ မ မာမူနှင့် ၎င်းး၏သမီး ဖြစ်သူ မထက်ထက်အောင် တို့ လာရောက်စောင့်နေကြောင်း၊ ညနေ (၄)နာရီတွင် လာရှိုးမြို့ သို့ ၎င်းတို့နှင့်အတူ ခ ရီးသည်ယာဉ်ဖြင့်သွားရောက်ခဲ့ကြောင်း နောက်တစ်နေ့မနက် လာရှိုးမြို့သို့ ရောက်ရှိပြီး မမာမူမှာ လာရှိုးမြို့၌ ကျန်ခဲ့ပြီး မထက်ထက် အောင်မှ အငှားယာဉ် အဆင့်ဆင့်ဖြင့် တရုတ် နယ်စပ်ဂိတ် ခိုးဝင်ပေါက်မှတဆင့် တရုတ်နိုင်ငံ မိန်းတိန်မြို့ရှိ တည်းခိုးခန်းတစ်ခုတွင် ၄ ရက်ခန့်နေထိုင်ခဲ့ပြီး ၅ ရက်မြောက်နေ့တွင် မရှမ်းမ ဟု သိရသော (တရုတ်နိုင်ငံတွင် အိမ်ထောင်ကျနေကျနေသူအမျိုးသမီး)ထံ မထက် ထက်အောင် မှ ထည့်ပေးသဖြင့် မရှမ်းမနေအိမ်သို့ ရောက်ရှိခဲ့ကြောင်း ပြောသည်။

မရှမ်းမနေအိမ်တွင် ၄ ရက်ခန့်နေထိုင်ပြီး တရုတ် အမျိုးသားတစ်ဦး (တရုတ်အမည်ဝိုင်းချစ်)ဟုသိရသူ ရောက်ရှိလာပြီး ၎င်းအားခေါ် ဆောင် သွားခဲ့ကြောင်း ၎င်းတရုတ်အမျိုးသားနှင့် အတူကား ၄ ဆင့် ပြောင်းစီး၍ ၄ ရက်ခန့်ခရီးဆက်ခဲ့ရာ ည ၁၁ နာရီခန့်တွင် တရုတ်နိုင်ငံ အမည်မသိမြို့သို့ရောက်ရှိခဲ့ပြီး အဆိုပါ တရုတ်အမည်ဝိုင်းချစ် ဆိုသူနှင့် လက်ထပ်ပေါင်းသင်းခဲ့ရကြောင်း၊ (၃)လခန့်ပေါင်းသင်းပြီး တရုတ် အမျိုးသားမှ ဖုန်းပေးသုံးသဖြင့် မမာမူနှင့် စကားပြောရာ ၎င်းအားတရုတ်အမျိုးသားထံ (ယွမ် ၁သိန်း၁သောင်း)ဖြင့် ရောင်းစားခဲ့ကြောင်း နှင့် ၎င်းနေအိမ်ရှိ မိခင်ဖြစ်သူထံ မြန်မာငွေကျပ် ၁၅သိန်းပို့ပေးခဲ့ကြောင်းကို ပြောပြသိရှိရကြောင်းနှင့် ၎င်းမှာတရုတ်ယောကျာ်းနှင့် ၂နှစ် ကျော်ခန့် ပေါင်းသင်းခဲ့ရာ သမီးတစ်ယောက်ရရှိခဲ့ကြောင်း

၂၀၂၀ခုဇွန်လအတွင်း(နေ့ရက်မမှတ်မိ)ကတရုတ်ယောကျာ်း၏ နေအိမ်မှ ထွက်ပြေးခဲ့ကြောင်းနှင့် (၆)ရက်မြောက်နေ့တွင် မြန်မာနိုင်ငံ မူဆယ်မြို့အတွင်း ခိုးဝင်ပေါက်မှတစ်ဆင့် ပြန်လည်ဝင်ရောက်ခဲ့ပြီး မူဆယ်မြို့မှတစ်ဆင့် ပြန်လာရာ (၁၀.၆.၂၀၂၀)ရက်နေ့တွင် တိုက်ကြီး မြို့သို့ ပြန်လည်ရောက် ရှိလာခြင်းဖြစ်ကြောင်း သိရပါသည်။အဆိုပါ မနှင်းအိဖြူအား လားရှိုးမြို့ရှိ လက်ဖက် ခြောက်စက်ရုံတွင် အလုပ် လုပ် ကိုင်ရန် လူလိုအပ်ကြောင်း ၁ လလျှင် စရိတ်ငြိမ်းငွေကျပ် ၂သိန်းရမည်၊ အလုပ်အကိုင်ကောင်းပြီး လမ်းစရိတ်ကျခံမည်ဖြစ်ကြောင်း ပြောဆိုစည်း ရုံးခဲ့ကာ တရုတ်နိုင်ငံသို့ ခေါ်ဆောင်ပြီး တရုတ်အမျိုးသားထံ အဓမ္မ လက်ထပ် ပေါင်းသင်းရန် ပို့ဆောင်ရောင်းစား ခဲ့ကြသည့်။

ဒေါ်စန်းစန်းအေး(စုံစမ်းဆဲ)၊ကန်ဇွန်းချောင်ကျေး ရွာ၊ကြွေပုဂံချောင်းအုပ်စု အဖျောက်မြို့နေသူ၊မခိုင် (ခေါ်)မြတ်ခိုင် (စုံစမ်းဆဲ)၊လှိုင်သာ ယာမြို့နယ်နေသူ၊ မမာမူ(စုံစမ်းဆဲ)၊လှိုင်သာယာမြို့နယ်နေသူ၊ မထက်ထက်အောင် စုံစမ်းဆဲ)၊လှိုင်သာယာမြို့နယ် နေသူ၊မရှမ်းမ (စုံစမ်း ဆဲ)၊တရုတ်နိုင်ငံ မိန်းတိန်မြို့ ဆိုသူတို့အားအရေးယူပေးပါရန် ရဲအုပ်မြတ်နောင်စိုး အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (ရန်ကုန်)မှ တရားလိုပြုလုပ်ပြီးအဖျောက်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *