ကိုယ္ေတြ႕မို႔ မွ်ေဝတာပါ အိုးပိုင္ အိမ္ပိုင္ ျဖစ္လာေစမယ့္ အထူး “ ယၾတာ ”

ခုႏွစ္ရက္ သားသမီး အားလုံးလည္း အိုးပိုင္ အိမ္ပိုင္မ်ား နဲ႔ အဆင္ေျပ စြာ ေနထိုင္ႏိုင္ၾကပါ ေစေၾကာင္း အႀကံေပးၿပီး ေမတၱာ ပို႔သ အပ္ပါ တယ္ ။ ေဗဒင္ မိတ္ေဆြ ေတြ အိုးပိုင္ အိမ္ပိုင္ နဲ႔ ေနလိုတယ္ လို႔ လာလာ ေျပာၾကတာ ရွိတယ္ အဲဒီလို လာေျပာ ရင္ေတာ့ ေအာက္ က ယ ၾတာ ေတြကို လုပ္ခိုင္း လိုက္ပါတယ္။လက္ေတြ႕ အဆင္ေျပသြားပါတယ္။

ဘုန္းႀကီးေက်ာင္း၊ ေဆး႐ုံ၊ စာသင္ေက်ာင္းမ်ား ေဆာက္တဲ့ အခါမွာ တတ္ႏိုင္သေလာက္ လႉေပးပါ။ ဘိုးဘြားရိပ္သာေတြ မွာ မိမိတတ္ႏိုင္ သေလာက္လႉေပးပါ။လမ္းေဘး ေရအိုးစင္ သို႔မဟုတ္ ဘုန္းႀကီးေက်ာင္း မွာ ေသာက္ေရအိုး လႉေပးပါ အထူးယၾတာ အေနျဖင့္ ေအာက္ ေဖၚျပပါ အတိုင္းလည္းလုပ္ ကိုယ္တိုင္လည္း လုံ႔လစိုက္ ေငြရွာေပါ့ဗ်ာ။

ပထမ နည္းလမ္း

အုန္းသီးခြံႏွင့္ စာကေလး အိမ္ ေဆာက္လုပ္ရမယ္ အျပင္ကေတာ့ အုန္းဆံႀကိဳးႏွင့္ ခ်ဥ္ၿပီး အိမ္ တံစက္ၿမိတ္မွာ တြဲေလာင္း ခ်ည္ထားဗ်ာ။ ေန႔တိုင္းေတာ့ အဲဒီငွက္အိမ္ေလးေတြ မွာ ေနၾကတဲ့ ငွက္ကေလးေတြကို အစာေကြၽး ေကြၽးရင္းနဲ႔ ကြၽႏ္ုပ္ သည္လည္း အိုးပိုင္အိမ္ပိုင္ႏွင့္ အျမန္ေနႏိုင္ရပါေစလို႔ ဆုေတာင္းေပေတာ့ ဒါ နံပါတ္(၁) ယၾတာပဲ။

ဒုတိယ နည္းလမ္း

ေညာင္ပင္ႀကီးႀကီး တစ္ပင္ကို ရွာ၊အဲဒီ ေညာင္ပင္ မွာသြားၿပီး သန႔္ရွင္းေရး ေတြ ဘာေတြလုပ္ ၿပီးရင္ ေနာက္ေန႔က်ရင္ အဲဒီေညာင္ပင္ႀကီး မွာ ႐ုကၡဇိုးစင္ သြားလႉရမယ္။ လႉတဲ့ ႐ုကၡဇိုးစင္မွာလဲ မၾကာမၾကာသြားၿပီး ေကာက္ညႇင္းေပါင္းတို႔ ဖေယာင္းတိုင္ တို႔ အေမႊးတိုင္ တို႔ ပန္းတို႔ တတ္ႏိုင္သေလာက္ သြားလႉၿပီးရင္ ။

႐ုကၡဇိုးနတ္မင္းဆီမွာ အိုးပိုင္ အိမ္ပိုင္ တစ္လုံး နဲ႔ အျမန္ေနရ ပါလို၏လို႔ ဆုေတာင္းရမယ္ ေနာက္ေအာက္က ဂါထာကို ၃၇ ေခါက္ ေန႔စဥ္ ႐ြတ္ေပးပါ ။

႐ုကၡဇိုးဂါထာေတာ္

အာကာသ႒ာန ဘူမ႒ာစ ႐ုကၡ႒ာစ မဟိဒၶိကာ ဣဒၶိမေႏၲာ စ ေယ ေဒဝါ မံ ပါေပတု ပတိစၦိတံ။

REF: Manawmaya

UNICODE

ကိုယ်တွေ့မို့ မျှဝေတာပါ အိုးပိုင် အိမ်ပိုင် ဖြစ်လာစေမယ့် အထူး “ ယတြာ ”

ခုနှစ်ရက် သားသမီး အားလုံးလည်း အိုးပိုင် အိမ်ပိုင်များ နဲ့ အဆင်ပြေ စွာ နေထိုင်နိုင်ကြပါ စေကြောင်း အကြံပေးပြီး မေတ္တာ ပို့သ အပ်ပါ တယ် ။ ဗေဒင် မိတ်ဆွေ တွေ အိုးပိုင် အိမ်ပိုင် နဲ့ နေလိုတယ် လို့ လာလာ ပြောကြတာ ရှိတယ် အဲဒီလို လာပြော ရင်တော့ အောက် က ယ တြာ တွေကို လုပ်ခိုင်း လိုက်ပါတယ်။လက်တွေ့ အဆင်ပြေသွားပါတယ်။

ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ စာသင်ကျောင်းများ ဆောက်တဲ့ အခါမှာ တတ်နိုင်သလောက် လှူပေးပါ။ ဘိုးဘွားရိပ်သာတွေ မှာ မိမိတတ်နိုင် သလောက်လှူပေးပါ။လမ်းဘေး ရေအိုးစင် သို့မဟုတ် ဘုန်းကြီးကျောင်း မှာ သောက်ရေအိုး လှူပေးပါ အထူးယတြာ အနေဖြင့် အောက် ဖေါ်ပြပါ အတိုင်းလည်းလုပ် ကိုယ်တိုင်လည်း လုံ့လစိုက် ငွေရှာပေါ့ဗျာ။

ပထမ နည်းလမ်း

အုန်းသီးခွံနှင့် စာကလေး အိမ် ဆောက်လုပ်ရမယ် အပြင်ကတော့ အုန်းဆံကြိုးနှင့် ချဉ်ပြီး အိမ် တံစက်မြိတ်မှာ တွဲလောင်း ချည်ထားဗျာ။ နေ့တိုင်းတော့ အဲဒီငှက်အိမ်လေးတွေ မှာ နေကြတဲ့ ငှက်ကလေးတွေကို အစာကျွေး ကျွေးရင်းနဲ့ ကျွန်ုပ် သည်လည်း အိုးပိုင်အိမ်ပိုင်နှင့် အမြန်နေနိုင်ရပါစေလို့ ဆုတောင်းပေတော့ ဒါ နံပါတ်(၁) ယတြာပဲ။

ဒုတိယ နည်းလမ်း

ညောင်ပင်ကြီးကြီး တစ်ပင်ကို ရှာ၊အဲဒီ ညောင်ပင် မှာသွားပြီး သန့်ရှင်းရေး တွေ ဘာတွေလုပ် ပြီးရင် နောက်နေ့ကျရင် အဲဒီညောင်ပင်ကြီး မှာ ရုက္ခဇိုးစင် သွားလှူရမယ်။ လှူတဲ့ ရုက္ခဇိုးစင်မှာလဲ မကြာမကြာသွားပြီး ကောက်ညှင်းပေါင်းတို့ ဖယောင်းတိုင် တို့ အမွှေးတိုင် တို့ ပန်းတို့ တတ်နိုင်သလောက် သွားလှူပြီးရင် ။

ရုက္ခဇိုးနတ်မင်းဆီမှာ အိုးပိုင် အိမ်ပိုင် တစ်လုံး နဲ့ အမြန်နေရ ပါလို၏လို့ ဆုတောင်းရမယ် နောက်အောက်က ဂါထာကို ၃၇ ခေါက် နေ့စဉ် ရွတ်ပေးပါ ။

ရုက္ခဇိုးဂါထာတော်

အာကာသဋ္ဌာန ဘူမဋ္ဌာစ ရုက္ခဋ္ဌာစ မဟိဒ္ဓိကာ ဣဒ္ဓိမန္တော စ ယေ ဒေဝါ မံ ပါပေတု ပတိစ္ဆိတံ။

REF:   Manawmaya

Add a Comment

Your email address will not be published. Required fields are marked *