




Nyan Win Phyo

UNICODE

ထိုင်းနဲ့တရုတ်မှာ အရမ်းဟော့နေတဲ့ အတည်ပြုကူးစက်လူနာ ထိုင်းပြန် (၁၉) ယောက် နဲ့ ပတ်သက်နေတဲ့ သတင်းတွေ

အတည်ပြုကူးစက်လူနာ ထိုင်းပြန် ၁၉ ယောက် နဲ့ ပတ်သက်ပြီး သတင်းထိန်ချန်မှုတွေ ရှိနေလား…?တချို့တွေ က ဘင်္ဂါလီ ရွှေ့ပြောင်း တွေ လို့ယူဆရ တယ်တဲ့ ။ ရိုက်တာက အသေးစိတ်မေး ဖို့ ဆက်သွယ်ပေမဲ့ မြန်မာ့ ဝန်ကြီး ဌာန စပုတ်မန်းက ဘာမှ မှတ်ချတ်မပေးဘူးလို့ ရေးထား ပါတယ် ။ ထိုင်းပြန် ၁၉ ယောက် ကိုဗစ် တွေ့တဲ့ သတင်းဟာ တရုတ် သတင်းတွေေ ရာ ထိုင်းသတင်းတွေမှာ ပါ အရမ်းဟော့ သွား ပါ တယ် ။

ကိုဗစ် ကို ထိန်းချုပ်နိုင်ပြီလို့ယူဆ ပြီး အကုန်ပြန်ဖွင့်တော့မဲ့ ထိုင်း အတွက်က ဒီသတင်းက ရှေ့ဆက်ရမဲ့ ခြေလှမ်းတွေ ကို ခြေထိုးခံလိုက် သလိုဖြစ် သွားပုံ ရ ပါ တယ်။အတည်ပြုကူးစက်လူနာ ထိုင်းပြန် ၁၉ ယောက် နဲ့ ပတ်သက်ပြီး သတင်းထိန်ချန်မှုတွေ ရှိနေလား…?အဲဒီမှာ သတင်းတွေ အစီအရီတက်လာတော့တာပဲ။ မြန်မာဝန်ကြီး ဌာန သတင်းမှာ ဘားအံ ကွာရန်တင်း မှာ ၁၉ ရက်နေ့ သတင်းထုတ်ပြန်ချက် အရ ၂၃ယောက်ပိုးတွေ့ ၁၉ ယောက် က ထိုင်းပြန် ၄ယောက်က မလေးပြ န်၊

ထိုင်းသတင်းတွေမှာကျတော့ မဲဆောက် မြဝတီ က ၁၈ ယောက် ရနောင်းဘက်က ၁ ယောက်တဲ့။မနေ့က တနေ့လုံး ရော ဒီနေ့ အထိရော သက်ဆိုင်ရာ ဌာနတွေက တဂွမ်ဂွမ် နဲ့ ဖုန်းဆက် စာတွေပို့ မြန်မာ သတင်း မှာ ဘယ်လိုရေးလဲ ခွန်မော် တဲ့ အဓိက ရနောင်းကိစ္စ သိချင် ကြတာ ရနောင်း ဆိုတာ ကိုဗစ်လုံးဝ မတွေ့တဲ့ အပျိုစင် ပြည်နယ် လေး ထိုင်း သတင်းမှာတက်လာတော့ ရနောင်း နယ်စပ်ကဖြတ်သွားတာ တယောက်တဲ့ မပူပါနဲ့ ဘန်ကောက်ပိုစ့် သတင်းကိုသာဖတ်လို့ သူတို့သတင်းထောက်တွေက တော်တယ်။

မြုပ်ထားတဲ့အစတွေ ရအောင်ဆွဲ ထုတ်တတ်တယ်။ဘန်ကောက်ပိုစ့် မှာတော့ ၂၃ ယောက်လုံးက ဇွန်၈ ရက်နေ့ က ထိုင်း မလေး နယ်စပ်က လဝက အချုပ် စခန်းက ပြန်ပို့လိုက်တာ လို့ရေးတယ် ။ အခု တရားမဝင် ရွှေ့ပြောင်းတွေ ကို ထိုင်း နဲ့ မလေးက ကိုဗစ် နှိမ်နင်းရေးနဲ့ အတူ တောက်လျှောက် နှိမ်နင်းနေချိန် မှာ မူဝါဒ အရ လဝက အချုပ်ထဲ က လူတွေပါ ပြန်လက်ခံနေတဲ့ပုံ ပေါ်ပါတယ်။

Nyan Win Phyo

Add a Comment

Your email address will not be published. Required fields are marked *