ဗစ္တိုးရီးယားအမႈမွရဲမ်ားကို ရာထူးတိုးရပ္ထားၿပီး ရဲမႉးခ်ဳပ္ (၁)ဦးကို ေထာင္ခ်ျခင္း၊ (၁)ဦး ကို ထုတ္ပယ္ျခင္းႏွင့္ စုံစမ္းစစ္ေဆးဆဲ တစ္ဦးရွိေၾကာင္း ဦးေဇာ္ေဌးေျပာ

ဗစ္တိုးရီးယား အမႈႏွင့္ပတ္သက္ ၿပီး အေရးယူထား သည့္ ရဲအရာရွိ သုံးဦးသည္ မည္ သည့္ပုဂၢိဳလ္မ်ားျဖစ္သနည္းႏွင့္ မည္သည့္အ ေၾကာင္း ေၾကာင့္ အေရးယူခံထားရျခင္း ဆိုသည့္ ေမးျမန္းမႈကို “အဲဒီတုန္းက ကာယကံရွင္ ဗစ္တိုးရီးယားရဲ႕ နာမည္နဲ႔ပါသြားတဲ့ကိစၥ ေပါ့။ အဲဒီတုန္း က ရွင္းလင္းပြဲမွာလည္း လုပ္ၾကပါတယ္။ မီဒီယာေတြလည္း သြားတက္ၾက တယ္။ အဲဒီမွာလည္း ကြၽန္ေတာ္တို႔ဘုတ္ေတြ မွာ ကပ္ထား တယ္။ အလားတူ အြန္လိုင္းမွာ လည္း တင္လိုက္တယ္။ အဲဒီကိစၥေပါ့ေနာ္။ အထူးသျဖင့္ အဓိကကေတာ့ နစ္နာသူကေလးေပါ့၊

ကာယကံ ရွင္ရဲ႕ နာမည္နဲ႔တကြ ေျမ ပုံေတြနဲ႔တကြ အဲဒီလိုမ်ိဳး ေဖာ္ျပတဲ့အေပၚမွာ အေရးယူတာျဖစ္ပါတယ္” ဟု ႏိုင္ငံေတာ္ သမၼတ႐ုံး ေျပာ ေရးဆို ခြင့္ရွိ သူ ဦးေဇာ္ေဌးက ျပန္လည္ ေျဖၾကားခဲ့သည္။ျပည္ထဲေရး ဝန္ႀကီး ဌာန ျပည္ေထာင္ စု ဝန္ႀကီး အသစ္ လက္ထက္ အေရးယူ သည့္ အပိုင္း တြင္ ရဲမႉးခ်ဳပ္ တစ္ဦး ကို ေထာင္ခ်ျခင္း၊ တစ္ဦး ကို ထုတ္ ပယ္ျခင္းႏွင့္ အမႈကိစၥ တစ္ခု ျဖင့္ စုံစမ္းစစ္ ေဆးဆဲ ရဲမႉးခ်ဳပ္ တစ္ ဦးရွိ ေၾကာင္း ႏိုင္ငံေတာ္ သမၼတ႐ုံး ေျပာေရးဆိုခြင့္ ရွိသူ ဦးေဇာ္ေဌး က ေျပာၾကား သည္။

ဇြန္ (၁၉) ရက္ က သမၼတအိမ္ေတာ္ တြင္ျပဳ လုပ္သည့္ သတင္းစာ ရွင္းလင္းပြဲ တြင္ ရဲတပ္ဖြဲ႕ ၌ ရဲအရာရွိႀကီး မ်ားကို အေရးယူထား သည့္ ျဖစ္စဥ္ မ်ား ရွိၿပီး အခ်ိဳ႕ဆို လွ်င္ လိင္ပိုင္း ဆိုင္ရာ အျမတ္ ထုတ္ မႈမ်ား ရွိသည္ဆို၍တိုင္ၾကား ထားေသာ ျဖစ္ စဥ္ မ်ားကို ၾကား သိရျခင္း ေၾကာင့္ ရဲတပ္ ဖြဲ႕ မွ အရာရွိႀကီး မ်ားကို အေရးယူထား မႈႏွင့္ ပတ္သက္ ၿပီး အစိုးရ အဖြဲ႕က မည္မွ် သိထား ပါ သနည္းႏွင့္ ဗစ္တိုးရီးယား အမႈႏွင့္ အေရးယူမႈ မ်ား သည္ မည္သို႔အေျခအေနရွိပါသနည္း ဆိုသည့္ သတင္းေထာက္ တစ္ဦး၏ ေမးျမန္း မႈကို ျပန္လည္ေျဖၾကားရာ တြင္ ဦးေဇာ္ေဌးက အ ထက္ပါတိုင္း ထည့္သြင္းေျဖၾကားခဲ့ျခင္းျဖစ္ သည္။

“ဗစ္တိုးရီး ယား Case က ၿပီးခဲ့တဲ့ ရွင္း လင္း ပြဲမွာ ေျပာထား ၿပီးျဖစ္ တယ္ ။ အဲဒီမွာ တာ ဝန္ရွိတဲ့ ရဲအရာရွိႀကီး သုံး ဦးကို Promotion ဆိုင္းငံ့ တဲ့ ျပစ္ဒဏ္ေပးထားတယ္။ အဲဒါ က သက္သက္။ အခုလက္တေလာေပါ့။ အခု ျပည္ေထာင္စုဝန္ႀကီးအသစ္ ေရာက္ရွိလာၿပီး ေတာ့ အေရးယူ တဲ့ အပိုင္းမွာေတာ့ ရထား ရဲတပ္ဖြဲ႕မႉးေပါ့၊ ရဲမႉးခ်ဳပ္တစ္ေယာက္ ကြၽန္ ေတာ္တို႔ ထုတ္ပစ္ၿပီးေတာ့ ေထာင္တစ္ႏွစ္က် ခံရတယ္။ အဲဒါ ကို ကာယကံရွင္ကေနၿပီးေတာ့ အသနားခံစာတင္ျပတယ္။ တင္ျပေတာ့ သက္ဆိုင္တဲ့ျပည္ထဲေရးဝန္ႀကီးက ေျခာက္လ ေလွ်ာ့ေပး လိုက္ေတာ့ မူလ တစ္ႏွစ္ကေနၿပီးေတာ့ ျပစ္ဒဏ္ေျခာက္လျဖစ္သြားတယ္ေပါ့။

ေနာက္တစ္ေယာက္ကေတာ့ မီဒီယာေတြ မွာလ ည္း သူကိုယ္တိုင္ေျဖထားတယ္။ ရဲေထာက္ခ်ဳပ္ေပါ့။ အဲဒါလည္း ရဲမႉးခ်ဳပ္တစ္ဦး သူက ေတာ့ ထုတ္ပစ္တဲ့ ျပစ္ဒဏ္ခ်ထားတယ္ေပါ့။ခုနကေျပာတဲ့ ကိစၥေက တာ့ ကြၽန္ေတာ္တို႔က ေတာ့ လတ္တေလာစုံစမ္းစစ္ေဆးဆဲ တစ္မႈ၊ အဲဒါ အဲဒီအမႈျဖစ္ပါတယ္။ လတ္တေလာ စုံစမ္း စစ္ေဆးဆဲ အမႈျဖစ္တဲ့အတြက္ အခု ေလာေလာဆယ္မွာေတာ့ စုံစမ္းစစ္ေဆးေရး ခုံ႐ုံး ၿပီးသြားရင္ လုပ္ထုံးလုပ္နည္းအရ သက္ ေသ ခံ အက်ဥ္းခ်ဳပ္ယူမယ္။ သက္ေသခံ အက်ဥ္းခ်ဳပ္မွာ ထင္ရွားတယ္ဆိုရင္ ဆက္ လက္ၿပီးေတာ့ ရဲတရား႐ုံး သူတို႔တက္ၿပီးေတာ့ ျပစ္ ဒဏ္ စီရင္တဲ့အပိုင္း လာလိမ့္မယ္ေပါ့” ဟု ဦးေဇာ္ေဌးက ေျပာၾကားသည္။

လိင္ပိုင္ဆိုင္ရာအျမတ္ထုတ္မႈႏွင့္ တိုင္ ၾကားခံထားရသည့္ ရဲအရာရွိႀကီးတစ္ဦး၏ အမႈသည္ စုံစမ္းစစ္ေဆးဆဲျဖစ္သည့္အတြက္ ၿငိစြန္းျခင္း၊ မၿငိစြန္းျခင္းကို သိထားျခင္းမရွိ ေသးဘဲ လက္ ရွိတြင္ လည္း အမႈမၿပီးျပတ္ေသးေၾကာင္း ဦးေဇာ္ေဌးက ေျပာၾကားသည္။

crd: Eleven media

UNICODE

ဗစ်တိုးရီးယားအမှုမှရဲများကို ရာထူးတိုးရပ်ထားပြီး ရဲမှူးချုပ် (၁)ဦးကို ထောင်ချခြင်း၊ (၁)ဦး ကို ထုတ်ပယ်ခြင်းနှင့် စုံစမ်းစစ်ဆေးဆဲ တစ်ဦးရှိကြောင်း ဦးဇော်ဌေးပြော

ဗစ်တိုးရီးယား အမှုနှင့်ပတ်သက် ပြီး အရေးယူထား သည့် ရဲအရာရှိ သုံးဦးသည် မည် သည့်ပုဂ္ဂိုလ်များဖြစ်သနည်းနှင့် မည်သည့်အ ကြောင်း ကြောင့် အရေးယူခံထားရခြင်း ဆိုသည့် မေးမြန်းမှုကို “အဲဒီတုန်းက ကာယကံရှင် ဗစ်တိုးရီးယားရဲ့ နာမည်နဲ့ပါသွားတဲ့ကိစ္စ ပေါ့။ အဲဒီတုန်း က ရှင်းလင်းပွဲမှာလည်း လုပ်ကြပါတယ်။ မီဒီယာတွေလည်း သွားတက်ကြ တယ်။ အဲဒီမှာလည်း ကျွန်တော်တို့ဘုတ်တွေ မှာ ကပ်ထား တယ်။ အလားတူ အွန်လိုင်းမှာ လည်း တင်လိုက်တယ်။ အဲဒီကိစ္စပေါ့နော်။ အထူးသဖြင့် အဓိကကတော့ နစ်နာသူကလေးပေါ့၊

ကာယကံ ရှင်ရဲ့ နာမည်နဲ့တကွ မြေ ပုံတွေနဲ့တကွ အဲဒီလိုမျိုး ဖော်ပြတဲ့အပေါ်မှာ အရေးယူတာဖြစ်ပါတယ်” ဟု နိုင်ငံတော် သမ္မတရုံး ပြော ရေးဆို ခွင့်ရှိ သူ ဦးဇော်ဌေးက ပြန်လည် ဖြေကြားခဲ့သည်။ပြည်ထဲရေး ဝန်ကြီး ဌာန ပြည်ထောင် စု ဝန်ကြီး အသစ် လက်ထက် အရေးယူ သည့် အပိုင်း တွင် ရဲမှူးချုပ် တစ်ဦး ကို ထောင်ချခြင်း၊ တစ်ဦး ကို ထုတ် ပယ်ခြင်းနှင့် အမှုကိစ္စ တစ်ခု ဖြင့် စုံစမ်းစစ် ဆေးဆဲ ရဲမှူးချုပ် တစ် ဦးရှိ ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေး က ပြောကြား သည်။

ဇွန် (၁၉) ရက် က သမ္မတအိမ်တော် တွင်ပြု လုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ရဲတပ်ဖွဲ့ ၌ ရဲအရာရှိကြီး များကို အရေးယူထား သည့် ဖြစ်စဉ် များ ရှိပြီး အချို့ဆို လျှင် လိင်ပိုင်း ဆိုင်ရာ အမြတ် ထုတ် မှုများ ရှိသည်ဆို၍တိုင်ကြား ထားသော ဖြစ် စဉ် များကို ကြား သိရခြင်း ကြောင့် ရဲတပ် ဖွဲ့ မှ အရာရှိကြီး များကို အရေးယူထား မှုနှင့် ပတ်သက် ပြီး အစိုးရ အဖွဲ့က မည်မျှ သိထား ပါ သနည်းနှင့် ဗစ်တိုးရီးယား အမှုနှင့် အရေးယူမှု များ သည် မည်သို့အခြေအနေရှိပါသနည်း ဆိုသည့် သတင်းထောက် တစ်ဦး၏ မေးမြန်း မှုကို ပြန်လည်ဖြေကြားရာ တွင် ဦးဇော်ဌေးက အ ထက်ပါတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ် သည်။

“ဗစ်တိုးရီး ယား Case က ပြီးခဲ့တဲ့ ရှင်း လင်း ပွဲမှာ ပြောထား ပြီးဖြစ် တယ် ။ အဲဒီမှာ တာ ဝန်ရှိတဲ့ ရဲအရာရှိကြီး သုံး ဦးကို Promotion ဆိုင်းငံ့ တဲ့ ပြစ်ဒဏ်ပေးထားတယ်။ အဲဒါ က သက်သက်။ အခုလက်တလောပေါ့။ အခု ပြည်ထောင်စုဝန်ကြီးအသစ် ရောက်ရှိလာပြီး တော့ အရေးယူ တဲ့ အပိုင်းမှာတော့ ရထား ရဲတပ်ဖွဲ့မှူးပေါ့၊ ရဲမှူးချုပ်တစ်ယောက် ကျွန် တော်တို့ ထုတ်ပစ်ပြီးတော့ ထောင်တစ်နှစ်ကျ ခံရတယ်။ အဲဒါ ကို ကာယကံရှင်ကနေပြီးတော့ အသနားခံစာတင်ပြတယ်။ တင်ပြတော့ သက်ဆိုင်တဲ့ပြည်ထဲရေးဝန်ကြီးက ခြောက်လ လျှော့ပေး လိုက်တော့ မူလ တစ်နှစ်ကနေပြီးတော့ ပြစ်ဒဏ်ခြောက်လဖြစ်သွားတယ်ပေါ့။

နောက်တစ်ယောက်ကတော့ မီဒီယာတွေ မှာလ ည်း သူကိုယ်တိုင်ဖြေထားတယ်။ ရဲထောက်ချုပ်ပေါ့။ အဲဒါလည်း ရဲမှူးချုပ်တစ်ဦး သူက တော့ ထုတ်ပစ်တဲ့ ပြစ်ဒဏ်ချထားတယ်ပေါ့။ခုနကပြောတဲ့ ကိစ္စကေ တာ့ ကျွန်တော်တို့က တော့ လတ်တလောစုံစမ်းစစ်ဆေးဆဲ တစ်မှု၊ အဲဒါ အဲဒီအမှုဖြစ်ပါတယ်။ လတ်တလော စုံစမ်း စစ်ဆေးဆဲ အမှုဖြစ်တဲ့အတွက် အခု လောလောဆယ်မှာတော့ စုံစမ်းစစ်ဆေးရေး ခုံရုံး ပြီးသွားရင် လုပ်ထုံးလုပ်နည်းအရ သက် သေ ခံ အကျဉ်းချုပ်ယူမယ်။ သက်သေခံ အကျဉ်းချုပ်မှာ ထင်ရှားတယ်ဆိုရင် ဆက် လက်ပြီးတော့ ရဲတရားရုံး သူတို့တက်ပြီးတော့ ပြစ် ဒဏ် စီရင်တဲ့အပိုင်း လာလိမ့်မယ်ပေါ့” ဟု ဦးဇော်ဌေးက ပြောကြားသည်။

လိင်ပိုင်ဆိုင်ရာအမြတ်ထုတ်မှုနှင့် တိုင် ကြားခံထားရသည့် ရဲအရာရှိကြီးတစ်ဦး၏ အမှုသည် စုံစမ်းစစ်ဆေးဆဲဖြစ်သည့်အတွက် ငြိစွန်းခြင်း၊ မငြိစွန်းခြင်းကို သိထားခြင်းမရှိ သေးဘဲ လက် ရှိတွင် လည်း အမှုမပြီးပြတ်သေးကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

crd:  Eleven media

Add a Comment

Your email address will not be published. Required fields are marked *