မီးကြင္း သ႑ာန္ ေနၾကတ္ျခင္း ရွားပါးျဖစ္စဥ္ကို ဇြန္လ ( ၂၁ ) ရက္ေန႔ တြင္ ျမန္မာအတြင္း ျမင္ေတြ႕ရမည္

ေနၾကတ္ျခင္း ဟာ လကြယ္ေန႔ မွာ သာ ျဖစ္ၿပီး၊ လၾကတ္ျခင္းကေတာ့.. လျပည့္ေန႔မွာသာ ျဖစ္တတ္ ပါ တယ္။ ဇြန္လ (၂၁) ရက္ေန႔ ေန မီးကြင္းၾကတ္ျခင္း (Annular Solar Eclipse) ကို ျမန္မာႏိုင္ငံ ေျမာက္ဖ်ားပိုင္း ေဒသမ်ားမွာ အေကာင္းဆုံး ျမင္ေတြ႕ရႏိုင္ ပါတယ္။ ေတာင္ဘက္ျခမ္း ေရာက္ေလေလ ေနတပိုင္းၾကတ္ျခင္းကိုသာ ျမင္ေတြ႕ရေလ ျဖစ္ ပါမယ္ ။ ေနၾကတ္ျခင္းကို သာမန္မ်က္စိျဖင့္ တိုက္႐ိုက္ လုံးဝ မၾကည့္ရႈဖို႔ အထူးမွာၾကားခ်င္ ပါတယ္ ။

ပုံမွာျပထား သလို.. ေနၾကတ္ျခင္းၾကည့္တဲ့ မ်က္မွန္ေတြ ရွိပါတယ္။ သို႔မဟုတ္ ေနရဲ႕ အရိပ္ကို ျပန္ၾကည့္လည္း ရႏိုင္ ပါတယ္ ။ ေနကို မ်က္စိျဖင့္ တိုက္႐ိုက္ၾကည့္လွ်င္ မ်က္စိကြယ္ေလာက္တဲ့ အထိ အႏၲရာယ္ ႀကီးမား ပါတယ္ ။ ေနၾကတ္မဲ့ အခ်ိန္ကေတာ့ ၂၀၂၀ ဇြန္လ (၂၁) ရက္ေန႔ ေန႔လည္ ၁၂ နာရီ ၂၆ မိနစ္မွ ညေန ၃ နာရီ ၂၆ မိနစ္အထိ ျဖစ္ ပါတယ္..။ ေန နဲ႔ လ တို႔ အတူရွိေနမယ့္ တာရာကေတာ့ ၿပီႆရာသီပဲ ျဖစ္ပါေတာ့တယ္..။

Annular solar eclipse လို႔ ေခၚတဲ့ ေနမီးကြင္း ပုံစံ ၾကတ္ျခင္း ကို လာမယ္ ၂၀၂၀ ခုႏွစ္ ဇြန္လ ( ၂၁ ) ရက္ေန႔ ( တနည္း ) နယုန္ လ ကြယ္ေန႔ မွာ ျမန္မာႏိုင္ငံ ေျမာက္ဖ်ားပိုင္း အပါအဝင္ အာရွ နဲ႔ အေရွ႕အာရွ ေဒသ ေတာ္ေတာ္မ်ားမ်ား မွာ ျမင္ေတြ႕ၾကရေတာ့မွာ ျဖစ္ ပါ တယ္ ။ေနၾကတ္တယ္ ဆိုတာ.. ေန နဲ႔ ကမာၻ အၾကားကို လ ေရာက္ရွိၿပီး လ ရဲ႕ အရိပ္က်တဲ့ေနရာ မွာ ေနကို မျမင္ရပဲ ေခတၱခဏဖုံးအုပ္ ( ဖုံးကြယ္ ) သြားျခင္း ျဖစ္ပါ တယ္ ။

လရဲ႕ ကမာၻ ကို ပတ္ေနတဲ့ လမ္းေၾကာင္း ဟာ ၅ ဒီဂရီခန႔္ တိမ္းေစာင္းၿပီး ဘဲဥပုံစံ လမ္းေၾကာင္း ျဖစ္တဲ့အတြက္.. ကမာၻနဲ႔ အနီးဆုံးအခ်ိန္ (Perigee) ဆိုတာရွိသလို၊ အေဝးဆုံးလမ္းေၾကာင္း သို႔ ေရာက္ရွိခ်ိန္ (Apogee) ဆိုတာလည္း ရွိပါတယ္။ ထိုအခ်ိန္မ်ိဳးနဲ႔ လျပည့္ လကြယ္ ျဖစ္ခ်ိန္တို႔ တိုက္ဆိုင္ သြားတဲ့ အခါ.. စူပါမြန္းျဖစ္ျခင္း၊ ေနအျပည့္ၾကတ္ျခင္း ၊ ေနမီးကြင္းၾကတ္ျခင္း စသည့္ အေျခအေနမ်ား ျဖစ္ေပၚ လာၾက ပါတယ္ ။

ရွားပါး မီးကြင္း သ႑ာန္ ေနၾကတ္ျခင္းကို ဇြန္လ ( ၂၁ ) ရက္ေန႔ တြင္ ျမန္မာေျမာက္ဖ်ားပိုင္းႏွင့္ အာရွေဒသ ေတာ္ေတာ္မ်ားမာ်း ျမင္ ေတြ႕ကမည္ ေနမီးကြင္းၾကတ္ တယ္ ဆိုတာ ကေတာ့.. လ ရဲ႕ အေဝးဆုံးေနရာ ေရာက္ရွိခ်ိန္ (Apogee) နဲ႔ လကြယ္ရက္ ေနၾကတ္ခ်ိန္ တို႔ တိုက္ဆိုင္သြားတဲ့အတြက္ လဟာ ေနကို အျပည့္အဝမပိတ္ႏိုင္ဘဲ ေန ရဲ႕ အတြင္းထဲ ကို ဝင္ပိတ္သြားေသာေၾကာင့္ ေန ရဲ႕ ေဘးသားမ်ား မီးေတာက္ (မီးကြင္း) သဖြယ္ ျဖစ္သြားျခင္းကို ဆိုလိုပါတယ္။

အနာဂတ္ပညာေရးအတြက္..

သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)

UNICODE

မီးကွင်း သဏ္ဍာန် နေကြတ်ခြင်း ရှားပါးဖြစ်စဉ်ကို ဇွန်လ ( ၂၁ ) ရက်နေ့ တွင် မြန်မာအတွင်း မြင်တွေ့ရမည်

နေကြတ်ခြင်း ဟာ လကွယ်နေ့ မှာ သာ ဖြစ်ပြီး၊ လကြတ်ခြင်းကတော့.. လပြည့်နေ့မှာသာ ဖြစ်တတ် ပါ တယ်။ ဇွန်လ (၂၁) ရက်နေ့ နေ မီးကွင်းကြတ်ခြင်း (Annular Solar Eclipse) ကို မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ဒေသများမှာ အကောင်းဆုံး မြင်တွေ့ရနိုင် ပါတယ်။ တောင်ဘက်ခြမ်း ရောက်လေလေ နေတပိုင်းကြတ်ခြင်းကိုသာ မြင်တွေ့ရလေ ဖြစ် ပါမယ် ။ နေကြတ်ခြင်းကို သာမန်မျက်စိဖြင့် တိုက်ရိုက် လုံးဝ မကြည့်ရှုဖို့ အထူးမှာကြားချင် ပါတယ် ။

ပုံမှာပြထား သလို.. နေကြတ်ခြင်းကြည့်တဲ့ မျက်မှန်တွေ ရှိပါတယ်။ သို့မဟုတ် နေရဲ့ အရိပ်ကို ပြန်ကြည့်လည်း ရနိုင် ပါတယ် ။ နေကို မျက်စိဖြင့် တိုက်ရိုက်ကြည့်လျှင် မျက်စိကွယ်လောက်တဲ့ အထိ အန္တရာယ် ကြီးမား ပါတယ် ။ နေကြတ်မဲ့ အချိန်ကတော့ ၂၀၂၀ ဇွန်လ (၂၁) ရက်နေ့ နေ့လည် ၁၂ နာရီ ၂၆ မိနစ်မှ ညနေ ၃ နာရီ ၂၆ မိနစ်အထိ ဖြစ် ပါတယ်..။ နေ နဲ့ လ တို့ အတူရှိနေမယ့် တာရာကတော့ ပြီဿရာသီပဲ ဖြစ်ပါတော့တယ်..။

Annular solar eclipse လို့ ခေါ်တဲ့ နေမီးကွင်း ပုံစံ ကြတ်ခြင်း ကို လာမယ် ၂၀၂၀ ခုနှစ် ဇွန်လ ( ၂၁ ) ရက်နေ့ ( တနည်း ) နယုန် လ ကွယ်နေ့ မှာ မြန်မာနိုင်ငံ မြောက်ဖျားပိုင်း အပါအဝင် အာရှ နဲ့ အရှေ့အာရှ ဒေသ တော်တော်များများ မှာ မြင်တွေ့ကြရတော့မှာ ဖြစ် ပါ တယ် ။နေကြတ်တယ် ဆိုတာ.. နေ နဲ့ ကမ္ဘာ အကြားကို လ ရောက်ရှိပြီး လ ရဲ့ အရိပ်ကျတဲ့နေရာ မှာ နေကို မမြင်ရပဲ ခေတ္တခဏဖုံးအုပ် ( ဖုံးကွယ် ) သွားခြင်း ဖြစ်ပါ တယ် ။

လရဲ့ ကမ္ဘာ ကို ပတ်နေတဲ့ လမ်းကြောင်း ဟာ ၅ ဒီဂရီခန့် တိမ်းစောင်းပြီး ဘဲဥပုံစံ လမ်းကြောင်း ဖြစ်တဲ့အတွက်.. ကမ္ဘာနဲ့ အနီးဆုံးအချိန် (Perigee) ဆိုတာရှိသလို၊ အဝေးဆုံးလမ်းကြောင်း သို့ ရောက်ရှိချိန် (Apogee) ဆိုတာလည်း ရှိပါတယ်။ ထိုအချိန်မျိုးနဲ့ လပြည့် လကွယ် ဖြစ်ချိန်တို့ တိုက်ဆိုင် သွားတဲ့ အခါ.. စူပါမွန်းဖြစ်ခြင်း၊ နေအပြည့်ကြတ်ခြင်း ၊ နေမီးကွင်းကြတ်ခြင်း စသည့် အခြေအနေများ ဖြစ်ပေါ် လာကြ ပါတယ် ။

ရှားပါး မီးကွင်း သဏ္ဍာန် နေကြတ်ခြင်းကို ဇွန်လ ( ၂၁ ) ရက်နေ့ တွင် မြန်မာမြောက်ဖျားပိုင်းနှင့် အာရှဒေသ တော်တော်များမာျး မြင် တွေ့ကမည် နေမီးကွင်းကြတ် တယ် ဆိုတာ ကတော့.. လ ရဲ့ အဝေးဆုံးနေရာ ရောက်ရှိချိန် (Apogee) နဲ့ လကွယ်ရက် နေကြတ်ချိန် တို့ တိုက်ဆိုင်သွားတဲ့အတွက် လဟာ နေကို အပြည့်အဝမပိတ်နိုင်ဘဲ နေ ရဲ့ အတွင်းထဲ ကို ဝင်ပိတ်သွားသောကြောင့် နေ ရဲ့ ဘေးသားများ မီးတောက် (မီးကွင်း) သဖွယ် ဖြစ်သွားခြင်းကို ဆိုလိုပါတယ်။

အနာဂတ်ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Add a Comment

Your email address will not be published. Required fields are marked *