




Source: Nay Chi Oo FB

လူမှုကွန်ရက် ဖေ့ဘွတ်ပေါ်မှာ တင် ထား တဲ့ ဓာတ်ပုံ တပုံကြောင့် ဝေဖန်ခံနေရ တဲ့ နေခြည်ဦး

ဘာရယ်မဟုတ်ပေမယ့် ဒီလို ဝေဖန်ခံ ရအောင်လုပ်ပြီး ဂရက်ထအောင် လုပ်တာဟာ ယခုနောက်ပိုင်းမှာ အနုပညာရှင်တွေရဲ့ အင်တာနက် စာမျက်နှာများမှာ နေရာယူဖို့လုပ်တဲ့ မာယာတွေလား ဆိုပြီး ထင်ကြေးတွေပေးနေကြတာ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးကလည်း ထင် မြင်ချက်များကို ဝေမျှသွားပါဦး။

မိတ် ကပ်‌တွေ၊ ဖက်ရှင် Brand တွေ နဲ့ ပရိတ်တွေကြားကို ဝင်ရောက်လာတဲ့ နေခြည်ဦ်း ဟာ ယခုဆိုရင် ရုပ်ရှင်တွေ၊ ကြော်ငြာတွေကို လက်ခံရိုက်ကူးနေတဲ့ ပရိတ်သတ် အချစ်တော် မင်းသမီးတစ်လတ် ဖြစ်လို့နေပါပြီ။အထူးသဖြင့် မျက်နှာခွဲစိတ်ပြင်ဆင်မှုတွေ၊ အလွန်အ ကြူးဝတ်စား ဆင်ယင်မှုတွေ နဲ့ ပြောဆိုနေထိုင်မှုဟန်တွေကြောင့် နောက်ပိုင်းမှာ

ပြောဆိုဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဂရက်တွေနဲ့ အတူ နာမည်ကြီးလာသူမို့ ယခုအခါမှာလည်း တစ်ခေတ်ဆန်းလိုက်ပြန်ပါပြီ။ Chi Chi က သူမရဲ့ Facebook စာမျက်နှာမှာ သက်ဦးစေ နဆိုတဲ့ Caption နဲ့ အတူ အောက်ပါပုံလေးကို တစ်ပုံတည်းတင်ခဲ့တာပါ။ ပြဿနာ ကတော့ တင်ထားတဲ့ပုံမှာ ChiChi ရဲ့ နောက်ကတံခါးဟာ သိသိသာသာကြီးကို ကွေးနေတာပါ။

ယခုမှာ ပြန်လည်ပြင်ဆင်လိုက်ပေမယ့် ပရိတ်သတ်တွေက ထိပ်တန်း Beauty Blogger တစ်ယောက်အနေနဲ့ ယခုလို သိသိသာသာကြီး လုပ်ချလိုက်တာကတော့ သာမန်အမှားဆိုတာကိုတောင် သံသယဝင်နေပါတယ်။

Source: Nay Chi Oo FB

Add a Comment

Your email address will not be published. Required fields are marked *