အစိုးရ၏ ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးရန္ကမ္းလွမ္းခ်က္ကို ေျမာက္ပိုင္း(၄)ဖြဲ႕က ပယ္ခ်

အစိုးရက ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းကို ဖြင့္ထားေသာ္လည္း ေျမာက္ပိုင္းအဖြဲ႕မ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရးရလိုသည့္ စိတ္ရင္းေစတနာ အ မွန္တကယ္ရွိရန္လိုအပ္ေၾကာင္း၊ ေဒသခံျပည္သူမ်ား ဒုကၡမေရာက္ေစေရးအတြက္ စိတ္ရင္း ေစတနာမရွိပါက အစိုးရဘက္က မည္သို႔ပင္ ကမ္းလွမ္းေစကာမူ အဆင္ေျပမည္မဟုတ္ေၾကာင္းလည္း သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာဆိုသည္။ ေျမာက္ပိုင္းအဖြဲ႕ဝင္ တအာင္းအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ မိုင္အိုက္ေက်ာ္က ၎တို႔အေနျဖင့္ အစိုးရႏွင့္ၿငိမ္းခ်မ္းေရး ေဆြးေႏြးရန္အဆင္သင့္ရွိေသာ္လည္း အြန္ လိုင္းမွတစ္ဆင့္ေဆြးေႏြးရန္မွာ အင္တာနက္လိုင္း အခက္အခဲေၾကာင့္ အဆင္မေျပေၾကာင္း ေျပာသည္။

အစိုးရႏွင့္ မဟာမိတ္အဖြဲ႕မ်ားအၾကား ပဏာမအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္လက္မွတ္ထိုးေရးေဆြးေႏြးပြဲ မ်ားကို ၂၀၁၉ ခုႏွစ္ ဧၿပီ ၃၀ ရက္တြင္ နမ့္ခမ္းၿမိဳ႕၌လည္းေကာင္း၊ ၾသဂုတ္ ၃၁ ရက္ႏွင့္ စက္တင္ဘာ ၁၇ ရက္တို႔တြင္ က်ိဳင္းတုံၿမိဳ႕၌ လည္းေကာင္း၊ ဒီဇင္ဘာ ၁၄ ရက္တြင္ တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕၌ လည္းေကာင္း ျပဳလုပ္ခဲ့သည္။ထို႔ေနာက္ ယခုအခ်ိန္အထိ ဆက္လက္ေတြ႕ဆုံႏိုင္ျခင္းမရွိေတာ့ေပ။ အစိုးရက အြန္လိုင္းမွတစ္ဆင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ကမ္းလွမ္းခ်က္ကို (AA)အပါအဝင္ ေျမာက္ ပိုင္းမဟာမိတ္ ၄ ဖြဲ႕က ပယ္ခ်လိုက္ၿပီး Covid-19ကပ္ေရာဂါအလြန္မွသာ ေဆြးေႏြးေတာ့မည္ဟု တုန္႔ျပန္ထားေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ုံးမွ သိရသည္။

အစိုးရက ကခ်င္လြတ္ေျမာက္ေရးအဖြဲ႕(KIA)၊တအာင္းအဖြဲ႕ (TNLA)၊ ကိုးကန္႔အဖြဲ႕(MNDAA)၊ ရခိုင္အဖြဲ႕ (AA)တို႔ျဖင့္ စုဖြဲ႕ထားသည့္ ေျမာက္ပိုင္းမဟာမိတ္ေလးဖြဲ႕ႏွင့္ အနိမ့္ဆုံးအေနျဖင့္ အပစ္အခတ္ရပ္စဲထားလိုေၾကာင္း ဇြန္လ ၁၉ ရက္ေန႔က ျပဳလုပ္ခဲ့ေသာ သတင္းစာ ရွင္းလင္းပြဲ၌ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ဆိုသည္။ကြၽန္ေတာ္တို႔ဘက္က အြန္လိုင္းနဲ႔ လုပ္မလား လို႔ကမ္းလွမ္းတယ္။ အ ဆင္မေျပဘူးလို႔သူတို႔ကေျပာတယ္။ ေနာက္ဆုံး ျပန္ၾကားတာက Covid-19 ေၾကာင့္ ကန္႔သတ္ခ်က္ေတြမရွိေတာ့တဲ့အခ်ိန္မွ သူတို႔က ေတာ့ သြားလို႔လာလို႔ အဆင္ေျပမယ္ တုန္႔ျပန္ခ်က္ရပါတယ္” ဟု ၎က ေျပာသည္။

REF: ျမန္မာတိုင္းစ္

UNICODE

အစိုးရ၏ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်ကမ်းလှမ်းချက်ကို မြောက်ပိုင်း(၄)ဖွဲ့က ပယ်ချ

အစိုးရက ငြိမ်းချမ်းရေးလမ်းကြောင်းကို ဖွင့်ထားသော်လည်း မြောက်ပိုင်းအဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးရလိုသည့် စိတ်ရင်းစေတနာ အ မှန်တကယ်ရှိရန်လိုအပ်ကြောင်း၊ ဒေသခံပြည်သူများ ဒုက္ခမရောက်စေရေးအတွက် စိတ်ရင်း စေတနာမရှိပါက အစိုးရဘက်က မည်သို့ပင် ကမ်းလှမ်းစေကာမူ အဆင်ပြေမည်မဟုတ်ကြောင်းလည်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုသည်။ မြောက်ပိုင်းအဖွဲ့ဝင် တအာင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မိုင်အိုက်ကျော်က ၎င်းတို့အနေဖြင့် အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးရန်အဆင်သင့်ရှိသော်လည်း အွန် လိုင်းမှတစ်ဆင့်ဆွေးနွေးရန်မှာ အင်တာနက်လိုင်း အခက်အခဲကြောင့် အဆင်မပြေကြောင်း ပြောသည်။

အစိုးရနှင့် မဟာမိတ်အဖွဲ့များအကြား ပဏာမအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ထိုးရေးဆွေးနွေးပွဲ များကို ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်တွင် နမ့်ခမ်းမြို့၌လည်းကောင်း၊ သြဂုတ် ၃၁ ရက်နှင့် စက်တင်ဘာ ၁၇ ရက်တို့တွင် ကျိုင်းတုံမြို့၌ လည်းကောင်း၊ ဒီဇင်ဘာ ၁၄ ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ လည်းကောင်း ပြုလုပ်ခဲ့သည်။ထို့နောက် ယခုအချိန်အထိ ဆက်လက်တွေ့ဆုံနိုင်ခြင်းမရှိတော့ပေ။ အစိုးရက အွန်လိုင်းမှတစ်ဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန်ကမ်းလှမ်းချက်ကို (AA)အပါအဝင် မြောက် ပိုင်းမဟာမိတ် ၄ ဖွဲ့က ပယ်ချလိုက်ပြီး Covid-19ကပ်ရောဂါအလွန်မှသာ ဆွေးနွေးတော့မည်ဟု တုန့်ပြန်ထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရသည်။

အစိုးရက ကချင်လွတ်မြောက်ရေးအဖွဲ့(KIA)၊တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့ (AA)တို့ဖြင့် စုဖွဲ့ထားသည့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် အနိမ့်ဆုံးအနေဖြင့် အပစ်အခတ်ရပ်စဲထားလိုကြောင်း ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။ကျွန်တော်တို့ဘက်က အွန်လိုင်းနဲ့ လုပ်မလား လို့ကမ်းလှမ်းတယ်။ အ ဆင်မပြေဘူးလို့သူတို့ကပြောတယ်။ နောက်ဆုံး ပြန်ကြားတာက Covid-19 ကြောင့် ကန့်သတ်ချက်တွေမရှိတော့တဲ့အချိန်မှ သူတို့က တော့ သွားလို့လာလို့ အဆင်ပြေမယ် တုန့်ပြန်ချက်ရပါတယ်” ဟု ၎င်းက ပြောသည်။

REF:    မြန်မာတိုင်းစ်

Add a Comment

Your email address will not be published. Required fields are marked *