အသက္ (၉၁) ႏွစ္ ေလျဖတ္ခံထားရသည့္ အဘြားအိုတစ္ဦး အဓမၼ ျပဳက်င့္ခံရၿပီး ေဆးကုေနစဥ္ ေသဆုံး

အသက္႐ြယ္ႀကီးရင့္သူ အမ်ိဳးသမီးကို ျပဳက်င့္ခဲ့တဲ့ သူကေတာ့ မေကြးတိုင္း၊ ေခ်ာက္ၿမိဳ႕ ဇာတိျဖစ္ၿပီး ကေလးၿမိဳ႕နယ္က ေရနံေမွာ္ေတြ မွာ ႀကဳံရာက်ပမ္း လုပ္ကိုင္ေနသူျဖစ္ကာ သူ႔ရဲ႕အသက္က (၄၀) ႏွစ္အ႐ြယ္ရွိ ဦးေဇာ္မင္းထြန္းဆိုသူ ျဖစ္ပါတယ္။ ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး က ေလးၿမိဳ႕မွာ ဦးေဇာ္မင္းထြန္း ကို ဖမ္းဆီးထားၿပီး အမႈဖြင့္ အေရးယူႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္ လို႔ ကေလးၿမိဳ႕မရဲစခန္းက ေျပာပါတယ္။

စစ္ကိုင္းတိုင္း၊ ကေလး ၿမိဳ႕နယ္၊ အင္ဒိုင္းကုန္း ရပ္ကြက္မွာ ေနထိုင္ တဲ့ ေလျဖတ္ေဝဒနာ ေၾကာင့္ အိပ္ယာထဲ လဲေနတဲ့ အသက္ (၉၁)ႏွစ္ အ႐ြယ္ အမ်ိဳးသမီး တစ္ဦး ဇြန္လ ၁၉ ရက္ေန႔ ညေန ၆ နာရီေလာက္က ျပဳက်င့္ခံရၿပီး ေဆး႐ုံမွာ ေဆးကုသမႈခံယူေနစဥ္ ေသဆုံး ခဲ့တယ္ လို႔ အင္ဒိုင္းကုန္း ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးလားပတ္ထြန္းက ေျပာပါတယ္။

ေလျဖတ္ၿပီး လမ္းမသြားႏိုင္တာ ၅ ႏွစ္ေလာက္ ရွိၿပီ။ အိမ္ထဲမွာ တစ္ေယာက္ထဲေနခ်ိန္ မီးဖိုေခ်ာင္မွာ သူ႔သမီးနဲ႔ အမ်ိဳးနဲ႔ ထ မင္း ခ်က္ ေန တယ္။ အဲ့အခ်ိန္မွာ ဦးေဇာ္မင္းထြန္းက အိမ္ထဲဝင္ၿပီး ျပဳက်င့္တာ။ အဲ့တာျဖစ္ၿပီး အမ်ိဳးသမီးကို ေဆး႐ုံတင္လိုက္တယ္။ ေဆး ႐ုံ ေရာက္ၿပီး ည ၁၀ နာရီ အခ်ိန္ေလာက္ မွာပဲ ေသသြားတယ္။ အခုကေတာ့ ရင္ခြဲ႐ုံမွာပဲလို႔ အုပ္ခ်ဳပ္ေရးမႉး ဦးလားပတ္ထြန္းက ေျပာပါ တယ္။

REF: LET PAN

UNICODE

အသက် (၉၁) နှစ် လေဖြတ်ခံထားရသည့် အဘွားအိုတစ်ဦး အဓမ္မ ပြုကျင့်ခံရပြီး ဆေးကုနေစဉ် သေဆုံး

အသက်ရွယ်ကြီးရင့်သူ အမျိုးသမီးကို ပြုကျင့်ခဲ့တဲ့ သူကတော့ မကွေးတိုင်း၊ ချောက်မြို့ ဇာတိဖြစ်ပြီး ကလေးမြို့နယ်က ရေနံမှော်တွေ မှာ ကြုံရာကျပမ်း လုပ်ကိုင်နေသူဖြစ်ကာ သူ့ရဲ့အသက်က (၄၀) နှစ်အရွယ်ရှိ ဦးဇော်မင်းထွန်းဆိုသူ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး က လေးမြို့မှာ ဦးဇော်မင်းထွန်း ကို ဖမ်းဆီးထားပြီး အမှုဖွင့် အရေးယူနိုင်ဖို့ လုပ်ဆောင်နေတယ် လို့ ကလေးမြို့မရဲစခန်းက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေး မြို့နယ်၊ အင်ဒိုင်းကုန်း ရပ်ကွက်မှာ နေထိုင် တဲ့ လေဖြတ်ဝေဒနာ ကြောင့် အိပ်ယာထဲ လဲနေတဲ့ အသက် (၉၁)နှစ် အရွယ် အမျိုးသမီး တစ်ဦး ဇွန်လ ၁၉ ရက်နေ့ ညနေ ၆ နာရီလောက်က ပြုကျင့်ခံရပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံး ခဲ့တယ် လို့ အင်ဒိုင်းကုန်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလားပတ်ထွန်းက ပြောပါတယ်။

လေဖြတ်ပြီး လမ်းမသွားနိုင်တာ ၅ နှစ်လောက် ရှိပြီ။ အိမ်ထဲမှာ တစ်ယောက်ထဲနေချိန် မီးဖိုချောင်မှာ သူ့သမီးနဲ့ အမျိုးနဲ့ ထ မင်း ချက် နေ တယ်။ အဲ့အချိန်မှာ ဦးဇော်မင်းထွန်းက အိမ်ထဲဝင်ပြီး ပြုကျင့်တာ။ အဲ့တာဖြစ်ပြီး အမျိုးသမီးကို ဆေးရုံတင်လိုက်တယ်။ ဆေး ရုံ ရောက်ပြီး ည ၁၀ နာရီ အချိန်လောက် မှာပဲ သေသွားတယ်။ အခုကတော့ ရင်ခွဲရုံမှာပဲလို့ အုပ်ချုပ်ရေးမှူး ဦးလားပတ်ထွန်းက ပြောပါ တယ်။

REF:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *