အာဇာနည္ေန႔တြင္ ျပည္သူမ်ား ၆ေပအကြာ ၁ဝေယာက္တစ္ဖြဲ႕ျဖင့္ ဂါရဝျပဳရန္ စီစဥ္ထားဟု သိရ
|COVID-19 ကူးစက္ေရာဂါေၾကာင့္ အာဇာနည္ေန႔မွာ ရန္ကုန္ရွိ ဗိုလ္ခ်ဳပ္ျပတိုက္၊ နတ္ေမာက္ရွိ ဗိုလ္ခ်ဳပ္ေနအိမ္ ျပတိုက္၊ အတြင္းဝန္ ႐ုံး(ယခင္ဝန္ႀကီးမ်ား႐ုံး)ရွိ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ား က်ဆုံးခဲ့သည့္အခန္းနဲ႔ တိုင္းျပဳျပည္ျပဳ လႊတ္ေတာ္အစည္းအေဝးခန္းမတို႔ကို ဖြင့္လွစ္ေဆာင္႐ြက္ျခင္းမျပဳရန္ ဆုံးျဖတ္ထားတာျဖစ္ပါတယ္။
အာဇာနည္ဗိမာန္မွာ က်င္းပမည့္ ၇၃ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနားသို႔ လာေရာက္ဂါရဝျပဳသည့္ ျပည္ သူမ်ားအေနနဲ႔ ၆ေပအကြာ တန္းစီကာ ၁ဝေယာက္တစ္ဖြဲ႕စီ တစ္ဖြဲ႕ၿပီးတစ္ဖြဲ႕ ဂါရဝျပဳရန္ စီစဥ္ထားေၾကာင္း ဒု သမၼတ ဦးျမင့္ေဆြရဲ႕ ေျပာဆိုခ်က္အရ သိရပါတယ္။ ရန္ ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံးမွာ (၇၃)ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနား ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ (၇၃)ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနား က်င္းပေရး ဗ ဟိုေကာ္မတီရဲ႕ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို က်င္းပခဲ့တာျဖစ္ပါတယ္။
ျပည္သူမ်ား လာေရာက္ဂါရဝျပဳႏိုင္မည့္ အခ်ိန္နဲ႔ ေဆာင္ရန္ေရွာင္ရန္ အခ်က္မ်ားကိုလည္း ႀကိဳတင္သိရွိႏိုင္ေရး အတြက္ ႐ုပ္ျမင္သံၾကား၊ သတင္းစာမ်ားနဲ႔ ေရဒီယိုမ်ားမွတစ္ဆင့္ ထုတ္ျပန္ေၾကညာေပးသြားရန္ လိုအပ္တယ္ လို႔ ဆိုပါတယ္။ဒါ့ျပင္ အခမ္းအနား က်င္းပမည့္ေန႔ မွာလည္း ေဆာင္ရန္ေရွာင္ရန္နဲ႔ က်န္းမာေရးနဲ႔ပတ္သက္ၿပီး လိုက္နာရမည့္ အခ်က္မ်ားကို ပိုစတာမ်ား၊ လက္ကမ္းစာေစာင္မ်ား၊ Hand Speaker မ်ားနဲ႔လည္း အသိေပးေၾကညာသြားရန္ လိုအပ္တယ္လို႔ ဒုသမၼတက ထပ္မံေျပာပါတယ္။
ထို႔ေနာက္ ႏိုင္ငံေတာ္ အဆင့္ အခမ္းအနားျဖစ္သည့္ အတြက္ တက္ေရာက္ဂါရဝျပဳသည့္အခါ ျပည္ေထာင္စု အဂၤါစဥ္နဲ႔အညီ စီစဥ္ေဆာင္ ႐ြက္ရန္နဲ႔ ႏိုင္ငံျခားသံ႐ုံးမ်ားကိုလည္း ဝါစဥ္အတိုင္း စီစဥ္ေဆာင္႐ြက္ေပး ရန္ လိုအပ္ တယ္လို႔ ထည့္သြင္း ေျပာဆိုခဲ့ပါတယ္။
REF: MYANMAPLATFORM
UNICODE
COVID-19 ကူးစက်ရောဂါကြောင့် အာဇာနည်နေ့မှာ ရန်ကုန်ရှိ ဗိုလ်ချုပ်ပြတိုက်၊ နတ်မောက်ရှိ ဗိုလ်ချုပ်နေအိမ် ပြတိုက်၊ အတွင်းဝန် ရုံး(ယခင်ဝန်ကြီးများရုံး)ရှိ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့်အခန်းနဲ့ တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးခန်းမတို့ကို ဖွင့်လှစ်ဆောင်ရွက်ခြင်းမပြုရန် ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
အာဇာနည်ဗိမာန်မှာ ကျင်းပမည့် ၇၃နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လာရောက်ဂါရဝပြုသည့် ပြည် သူများအနေနဲ့ ၆ပေအကွာ တန်းစီကာ ၁ဝယောက်တစ်ဖွဲ့စီ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဂါရဝပြုရန် စီစဉ်ထားကြောင်း ဒု သမ္မတ ဦးမြင့်ဆွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗ ဟိုကော်မတီရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။
ပြည်သူများ လာရောက်ဂါရဝပြုနိုင်မည့် အချိန်နဲ့ ဆောင်ရန်ရှောင်ရန် အချက်များကိုလည်း ကြိုတင်သိရှိနိုင်ရေး အတွက် ရုပ်မြင်သံကြား၊ သတင်းစာများနဲ့ ရေဒီယိုများမှတစ်ဆင့် ထုတ်ပြန်ကြေညာပေးသွားရန် လိုအပ်တယ် လို့ ဆိုပါတယ်။ဒါ့ပြင် အခမ်းအနား ကျင်းပမည့်နေ့ မှာလည်း ဆောင်ရန်ရှောင်ရန်နဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး လိုက်နာရမည့် အချက်များကို ပိုစတာများ၊ လက်ကမ်းစာစောင်များ၊ Hand Speaker များနဲ့လည်း အသိပေးကြေညာသွားရန် လိုအပ်တယ်လို့ ဒုသမ္မတက ထပ်မံပြောပါတယ်။
ထို့နောက် နိုင်ငံတော် အဆင့် အခမ်းအနားဖြစ်သည့် အတွက် တက်ရောက်ဂါရဝပြုသည့်အခါ ပြည်ထောင်စု အင်္ဂါစဉ်နဲ့အညီ စီစဉ်ဆောင် ရွက်ရန်နဲ့ နိုင်ငံခြားသံရုံးများကိုလည်း ဝါစဉ်အတိုင်း စီစဉ်ဆောင်ရွက်ပေး ရန် လိုအပ် တယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
REF: MYANMAPLATFORM