





၀၉ – ၄၄၂၃၄၁၇၄၀


ဓာတ်ပုံ – ကိုဆော် (ပုဂံ)

UNICODE

အဝေးပြေး လမ်းပေါ်က အမည်မသိ ညီ အစ်မ(၂)ဦး နှင့် ဝပ်ရှော့ ဆရာတို့ရဲ့ လေး စားဂုဏ်ပြုဖွယ် လုပ်ရပ် အကြောင်း

ရေစကြိုမြို့နယ် အတွင်းက ကားဝပ်ရှော့ဆရာ – ကိုရန်လင်းအောင်နှင့် (အမည်မသိခဲ့) အမျိုးသမီးညီအစ်မနှစ်ယောက်သည် ခရီး သွား ဧည့်ကားများအားမွန်မြတ်သောစေတနာအရင်းခံဖြင့်လိုက်ပါကူညီဆောင်ရွက်ပေးမှုကိုတွေ့ရှိရပါသဖြင့် – ရေစကြိုမြို့ မှ ကားဝပ်ရှော့ ဆရာ – ကိုရန်လင်းအောင် နှင့် (အမည်မသိခဲ့) အမျိုးသမီးညီအစ်မနှစ်ယောက် တို့အား ကျေးဇူးဥပကာရအထူးတင်ရှိအပ်ပါကြောင်း မှတ် တမ်းဂုဏ်ပြုလိုက်ရပါသည်။

ရိုင်း ပင် ကူညီစိတ်ဓာတ်ရှိသောရေစကြို မြို့ မှ ညီအစ်မ နှစ်ယောက် နှင့်စက်ဆရာ ကိုရန်လင်းအောင် တို့၏ မွန်မြတ်သောစေတနာ အား မှတ်တမ်းတင်းဂုဏ်ပြုအပ်ပါသည်။ ?မုံ ရွာမြို့ မှ ပုဂံ သို့ ပြန်လာ စဉ် ရေစကြိုမြို့ အဝင် အနီးအရောက်တွင် ကားစီယာတိုင်မှာ ဘယ် -ညာ ရမ်းနေသဖြင့် ကားအားခဏရပ်ပြီး အောက်သို့ဆင်းကြည့်ရာ – တော့ရှင်း – ကျိုးနေသည်ကိုတွေ့ရှိရသဖြင့် မည်သို့ဆက်လုပ်ရမည်ကို စဉ်စား နေစဉ်အတွင် (အမည်မသိ) အမျိုးသမီး ညီအစ်အမဟုသိရ –

ထိုအမျိုးသမီး ညီအစ်မနှစ်ယောက်မှရောက်ရှိ လာ၍အကို ကားကဘာဖြစ်လို့လဲ ဘာအကူညီပေးရမလဲဟု မေးမြန်ရာ – ကျွန်တော်မှ ထိုအမျိုးသမီးအား အကျိုးကြောင်းပြောရာ-အမျိုးသမီး နှစ်ဦး မှ ဒါဆို ကျွန်မတို့ကားဝပ်ရှော့ဆရာ သွားခေါ်ပေးပါမည် ခဏစောင့်ပါဟု ပြောဆို၍ဆိုင်ကယ်ဖြင့် ထွက်သွားရာ – များမကြာမှီ ဝပ်ရှော့ဆရာပါရှိလာပြီး ကားအောက်ပိုင်းသိုဝင်ကြည့်ရာ စက်ဆရာမှ အဆင်ပြေ ပါတယ် အမြန်ဆုံးလုပ်ပေးပါမည်ဟုပြောဆိုနေစဉ်အတွင်း ကျိုးနေသော#တော့ရှင်း#အားဝင်ဖြုတ်ပြီး ခဏစောင့်ပေးပါ ။

ဂဟေ သွားဆော် လိုက်ပါအုံးမည်ဟု စက်ဆရာ မှ ထွက်သွားပြီး အချိန်မကြားခင် ကျိုးနေသောပစ္စည်းအားဂဟေ ဆော်ပြီးပြန်လာတတ် ပေးခဲ့ပါသည်။အားလုံးပြီးသည့်နှင့် အကိုစက်ဆရာဘယ်လောက်ကြပါသလဲဟု မေးမြန်ရာထိုစက်ဆရာမှ – ကျွန်တော်တို့က ခရီးသွား ဧည့်ကားများအား လိုက်ပါကူညီပေးလျှက်ရှိပါသည် – ဤမြို့နယ်အနီးတစ်ဝိုက် ကားများစက်တစ်ခုခုချွတ်ယွင်းပါက ကျွန်တော်ထံ ဆက်သွယ်၍ အကူညီတောင်းခံနိုင်ပါသည်ဟု ပြောဆိုပါသည်။

ကိုရန်လင်းအောင် – ကားဝပ်ရှော့ဆရာ ရေစ ကြိုမြို့

၀၉ – ၄၄၂၃၄၁၇၄၀

အမည်မသိခဲ့သလို – ဖုန်းနံပါတ်လဲ မသိခဲ့ရသည် အမျိုးသမီး ညီအစ်မနှစ်ယောက်၏ အထူး မှတ်တမ်းတင် ဂုဏ်ပြု အပ်ပါသည်။

ဓာတ်ပုံ – ကိုဆော် (ပုဂံ)

Add a Comment

Your email address will not be published. Required fields are marked *