အျမင့္ကားေတြေဈးခ်ေရာင္းလာၿပီး အနိမ့္ကားေတြေစ်းမက်တဲ့ ကားေဈးကြက္

ကားေစ်းကြက္မွာ အမွန္တကယ္ေဈးခ်ေရာင္း ေနရတာက အလယ္အလတ္ကားေတြနဲ႔ အျမင့္ကားေတြပါ။ က်ပ္သိန္း ၃၀၀/၄၀၀ တန္း ကားေတြကက်ပ္ သိန္း၂၀/၃၀ေဈးေလ်ာ့လာသလို က်ပ္သိန္း ၅၀၀အထက္ကေတာ့ က်ပ္သိန္း ၅၀ နဲ႔အထက္ေဈးခ် ေရာင္းရ ပါတယ္။ အထက္ကားေတြေရာင္းတဲ့သူေတြကေတာ့ အရႈံးနဲပါပဲ။ ရန္ကုန္လိုင္စင္ သက္တမ္းႏွစ္ ၂၀ အမည္ေပါက္စလစ္ေတြလည္း အေရာင္းအဝယ္ ေအးေနၿပီး က်ပ္သိန္း ၁၀၀ စြန္းစြန္းရွိတယ္လို႔ ကားေဈးကြက္အတြင္းက သိရပါတယ္။

သည္တစ္ပတ္မွာအေရာင္းအဝယ္ျဖစ္တဲ့ကားေတြကေတာ့ ဟြန္ဒါဖစ္ ဂ်ီေကသရီး ၂၀၁၄ ေမာ္ဒယ္ အနက္ေရာင္ ပဲခူးလိုင္စင္ 6N ကိုက်ပ္ သိန္း၂၅၀၊ တိုယိုတာဘယ္လ္တာ ၂၀၀၉ေမာ္ဒယ္ Hနံပါတ္ ခဲေရာင္ကို က်ပ္၂၀၅သိန္း၊ တိုယိုတာပ႐ိုေဘာက္စ္ ၂၀၁၁ေမာ္ဒယ္ အျဖဴေရာင္ ပဲခူးလိုင္စင္ Nနံပါတ္ ကိုက်ပ္ ၁၈၅သိန္း၊ တိုယိုတာဝွစ္ရွ္ XS ဂရိတ္ အျဖဴေရာင္ K နံပါတ္ကေတာ့ က်ပ္သိန္း ၂၆၀၊ ဟြန္ဒါဖစ္ Shuttle ပရီ မီယံ ၂၀၁၁ေမာ္ဒယ္Q နံပါတ္ကို က်ပ္သိန္း၃၂၀ နဲ႔အသီးသီး အေရာင္အဝယ္ရွိပါတယ္။

ကိုဗစ္ကာလမွာ ဝယ္လက္ေတြအလာက်ဲေနေပမဲ့ ကားအေရာင္းအဝယ္ကေတာ့တ ျဖည္းျဖည္းအရွိန္ရလာၿပီး အျမင့္ကားေတြ ေဈးခ် ေရာင္းလာၾကတယ္လို႔သိရတယ္။ သီရိမဂၤလာကားေရာင္းဝယ္ေရးစခန္းက ဝါရင့္ဝယ္ေရာင္း ကိုေအာင္ေက်ာ္ထြန္းက’ ကားအေရာင္း အဝယ္ ကသိပ္အလန္းႀကီးမဟုတ္ေပမဲ့ တကယ္လိုလို႔ဝယ္တဲ့သူေတြနဲ႔ အေရာင္းအဝယ္ကေတာ့ရွိေနတယ္၊ ကိုဗစ္ကာလ ဆိုေပမဲ့ နယ္ ဝယ္လက္ေတြေရာ ရန္ကုန္ဝယ္လက္ေတြပါ ခပ္က်ဲက်ဲဆင္းလာၾကတယ္ ‘လို႔ေျပာပါတယ္။

အခုတေလာ နယ္အဝယ္ေတြဆင္းလာေပမဲ့ ေအာက္ပိုင္းကအလာနည္းၿပီး ျမန္မာျပည္အထက္ပိုင္းက ဆင္းလာတာမ်ားပါတယ္။ မႏၲေလး၊ မုံ႐ြာကလာတာေတြရွိသလို မေကြး၊မင္းဘူးလို အညာဘက္ကလည္းေရာက္ လာတယ္။ အမ်ားအားျဖင့္ကေတာ့ သူတို႔လက္ထဲေရာက္ ေန တဲ့ ရန္ကုန္လိုင္စင္ကားေဟာင္းေတြျပန္ေရာင္းၿပီး နည္းနည္းလတ္တဲ့ကားကိုျပန္ရွာဝယ္ၾကပါတယ္။ ဂ်ပန္တစ္ပတ္ရစ္ကားေလးေတြ ဝယ္ ထားတဲ့အားသာခ်က္က ေတာ့ျပန္ေရာင္းလို႔လြယ္ကူတာပါပဲ။

ကိုေအာင္ေက်ာ္ထြန္းက သူငယ္ခ်င္းတစ္ေယာက္က ေငြလိုေနလို႔သူ႔ရဲ႕SKDကားေလးေရာင္းဖို႔ လာစပ္ တယ္။ သူ႔ကားတန္ဖိုးက က်ပ္သိန္း ၃၀၀ ဝန္းက်င္ဆိုေတာ့ခ်က္ခ်င္း ေရာင္းထြက္ဖို႔မလြယ္ဘူးေလ။ အဲဒါနဲ႔ က်ပ္သိန္း၁၀၀နဲ႔အေပါင္ ထားလိုက္ရတယ္။သည္ေနရာမွာ က်ပ္ သိန္း၂၀၀ေအာက္ ဂ်ပန္ တစ္ပတ္ရစ္ဆိုရ င္အလြယ္ ထုတ္လို႔ ရပါတယ္။ က်ပ္သိန္း ၂၀၀ေအာက္ကားေဟာင္းေလးေတြက အဝယ္မ်ားၾက ေတာ့ ေဈးလည္းက်မသြားပါဘူး။ အဲဒါေၾကာင့္ ေဈးက်တယ္ဆိုၿပီးလာတဲ့သူေတြကမထူးပါဘူးဆိုၿပီး ျပန္ၾကတယ္။

REF: KUMUDRA

UNICODE

အမြင့်ကားတွေဈေးချရောင်းလာပြီး အနိမ့်ကားတွေဈေးမကျတဲ့ ကားဈေးကွက်

ကားစျေးကွက်မှာ အမှန်တကယ်ဈေးချရောင်း နေရတာက အလယ်အလတ်ကားတွေနဲ့ အမြင့်ကားတွေပါ။ ကျပ်သိန်း ၃၀၀/၄၀၀ တန်း ကားတွေကကျပ် သိန်း၂၀/၃၀ဈေးလျော့လာသလို ကျပ်သိန်း ၅၀၀အထက်ကတော့ ကျပ်သိန်း ၅၀ နဲ့အထက်ဈေးချ ရောင်းရ ပါတယ်။ အထက်ကားတွေရောင်းတဲ့သူတွေကတော့ အရှုံးနဲပါပဲ။ ရန်ကုန်လိုင်စင် သက်တမ်းနှစ် ၂၀ အမည်ပေါက်စလစ်တွေလည်း အရောင်းအဝယ် အေးနေပြီး ကျပ်သိန်း ၁၀၀ စွန်းစွန်းရှိတယ်လို့ ကားဈေးကွက်အတွင်းက သိရပါတယ်။

သည်တစ်ပတ်မှာအရောင်းအဝယ်ဖြစ်တဲ့ကားတွေကတော့ ဟွန်ဒါဖစ် ဂျီကေသရီး ၂၀၁၄ မော်ဒယ် အနက်ရောင် ပဲခူးလိုင်စင် 6N ကိုကျပ် သိန်း၂၅၀၊ တိုယိုတာဘယ်လ်တာ ၂၀၀၉မော်ဒယ် Hနံပါတ် ခဲရောင်ကို ကျပ်၂၀၅သိန်း၊ တိုယိုတာပရိုဘောက်စ် ၂၀၁၁မော်ဒယ် အဖြူရောင် ပဲခူးလိုင်စင် Nနံပါတ် ကိုကျပ် ၁၈၅သိန်း၊ တိုယိုတာဝှစ်ရှ် XS ဂရိတ် အဖြူရောင် K နံပါတ်ကတော့ ကျပ်သိန်း ၂၆၀၊ ဟွန်ဒါဖစ် Shuttle ပရီ မီယံ ၂၀၁၁မော်ဒယ်Q နံပါတ်ကို ကျပ်သိန်း၃၂၀ နဲ့အသီးသီး အရောင်အဝယ်ရှိပါတယ်။

ကိုဗစ်ကာလမှာ ဝယ်လက်တွေအလာကျဲနေပေမဲ့ ကားအရောင်းအဝယ်ကတော့တ ဖြည်းဖြည်းအရှိန်ရလာပြီး အမြင့်ကားတွေ ဈေးချ ရောင်းလာကြတယ်လို့သိရတယ်။ သီရိမင်္ဂလာကားရောင်းဝယ်ရေးစခန်းက ဝါရင့်ဝယ်ရောင်း ကိုအောင်ကျော်ထွန်းက’ ကားအရောင်း အဝယ် ကသိပ်အလန်းကြီးမဟုတ်ပေမဲ့ တကယ်လိုလို့ဝယ်တဲ့သူတွေနဲ့ အရောင်းအဝယ်ကတော့ရှိနေတယ်၊ ကိုဗစ်ကာလ ဆိုပေမဲ့ နယ် ဝယ်လက်တွေရော ရန်ကုန်ဝယ်လက်တွေပါ ခပ်ကျဲကျဲဆင်းလာကြတယ် ‘လို့ပြောပါတယ်။

အခုတလော နယ်အဝယ်တွေဆင်းလာပေမဲ့ အောက်ပိုင်းကအလာနည်းပြီး မြန်မာပြည်အထက်ပိုင်းက ဆင်းလာတာများပါတယ်။ မန္တလေး၊ မုံရွာကလာတာတွေရှိသလို မကွေး၊မင်းဘူးလို အညာဘက်ကလည်းရောက် လာတယ်။ အများအားဖြင့်ကတော့ သူတို့လက်ထဲရောက် နေ တဲ့ ရန်ကုန်လိုင်စင်ကားဟောင်းတွေပြန်ရောင်းပြီး နည်းနည်းလတ်တဲ့ကားကိုပြန်ရှာဝယ်ကြပါတယ်။ ဂျပန်တစ်ပတ်ရစ်ကားလေးတွေ ဝယ် ထားတဲ့အားသာချက်က တော့ပြန်ရောင်းလို့လွယ်ကူတာပါပဲ။

ကိုအောင်ကျော်ထွန်းက သူငယ်ချင်းတစ်ယောက်က ငွေလိုနေလို့သူ့ရဲ့SKDကားလေးရောင်းဖို့ လာစပ် တယ်။ သူ့ကားတန်ဖိုးက ကျပ်သိန်း ၃၀၀ ဝန်းကျင်ဆိုတော့ချက်ချင်း ရောင်းထွက်ဖို့မလွယ်ဘူးလေ။ အဲဒါနဲ့ ကျပ်သိန်း၁၀၀နဲ့အပေါင် ထားလိုက်ရတယ်။သည်နေရာမှာ ကျပ် သိန်း၂၀၀အောက် ဂျပန် တစ်ပတ်ရစ်ဆိုရ င်အလွယ် ထုတ်လို့ ရပါတယ်။ ကျပ်သိန်း ၂၀၀အောက်ကားဟောင်းလေးတွေက အဝယ်များကြ တော့ ဈေးလည်းကျမသွားပါဘူး။ အဲဒါကြောင့် ဈေးကျတယ်ဆိုပြီးလာတဲ့သူတွေကမထူးပါဘူးဆိုပြီး ပြန်ကြတယ်။

REF:    KUMUDRA

Add a Comment

Your email address will not be published. Required fields are marked *