




REF: SHWE LIKE

UNICODE

ခြေစွယ်လက်စွယ်ငုတ်တတ် သူများ စိတ်ပူစရာမလိုတဲ့ ကိုယ်တွေ့ ပျောက်တဲ့ဆေးနည်း

ခြေစွယ်လက်စွယ်ငုတ်တတ် သူများအတွက် ကိုယ်တွေ့ ပျောက်တဲ့ဆေးနည်းကို စာဖတ်ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်။ခြေ စွယ် လက် စွယ် ငုတ်တတ် တဲ့ သူငယ်ချင်း မိတ်ဆွေများ အတွက် ကိုယ်တွေ့ သက်သာ ပျောက်ကင်း ခဲ့တဲ့ အိမ်တွင်း မြန်မာဆေးနည်းလေး ကို ပြောပြပေးပါမယ်။

လက်မမှာ လက်စွယ်ငုတ်ပြီး နီရဲရောင်ကိုင်းလာတယ် ဘာကိုမှ ကိုင်လို့မရ ထိတာနဲ့နာတာ အရမ်း ဘာဆေးထည့်ရမှန်း မသိဖြစ်နေတုန်း အိမ်မှာ အလုပ်လုပ်တဲ့ ကောင်မလေးက သူလုပ်ပေးမယ် မနက်ဖြန် ပျောက်သွားလိမ့်မယ်ဆိုတော့ မယုံမိဘူး။ ဒါပေမယ့် နာနေတော့ စမ်းကြည့်မယ်ဆိုပြီ သူ လုပ်ပေးတာငြိမ်နေလိုက်တယ်။

တစ်ကယ်ပျောက်ရင်ဖေ့ဘုတ်ပေါ် တင်ပေးမယ်ဆိုပြီး ဓါတ်ပုံပါ ရိုက်ယူထားလိုက်တယ်သူက ကြက်သွန်နီကို အပေါက်ဖောက် ဖြစ်နေတဲ့ လက်မကိုစွပ် ကျွတ်မထွက်အောင် ပတ်တီးစည်းလိုက်တော့ အထဲမှာ တစ်စစ်စစ်နဲ့ ကိုက်သလိုကြီးခံစားနေရတယ်။ ခြေစွယ်လက်စွယ် ငုတ်တတ် သူများအတွက် ကိုယ်တွေ့ ပျောက်တဲ့ဆေး နည်းပါ။

မနက်မိုးလင်းတော့ ကြက်သွန်နီလဲ ဖယ်လိုက်ရော ဘုရားရေ ရောင်တာတွေလျှော့ပြီး မကိုက်တော့ဘူး နေ့လည်လောက်ရောက်တော့ အ တော်ကောင်းနေပြီ ခုည ထပ်လုပ်ထားတယ်။

REF:   SHWE  LIKE

Add a Comment

Your email address will not be published. Required fields are marked *