ျပည္ေတာ္ျပန္ထဲမွ ကိုဗစ္လူနာသစ္ (၂၃)ဦး ေတြရွိျခင္း ကို အခ်ိန္မီ သင္ခန္းစာ ယူခြင့္ရသည္ ဟု သေဘာထား ေစခ်င္ေၾကာင္း အတိုင္ပင္ခံ ေျပာ

”ယခု ေရာဂါ ရွိလူနာ သစ္မ်ား ဟာ ႏိုင္ငံရပ္ျခားမွ ျပန္လာၿပီး၊ေရာဂါ ကာကြယ္ေရး အတြက္ လိုအပ္တဲ့ စည္းကမ္းမ်ား အရ မေနခဲ့ၾက ရသူ ေတြျဖစ္ပါတယ္။ ဘယ္သူ႔ ကိုမွ အျပစ္မ ဖို႔ပဲ၊ ကြၽန္မတို႔အတြက္ သင္ ယူႏိုင္တဲ့ အခြင့္အေရး လို႔ပဲ မွတ္သား ေစခ်င္ ပါတယ္။ ကြၽန္မတို႔ သတိလက္လြတ္လို႔မျဖစ္ဖို႔ လိုပါတယ္။ စည္းကမ္းမဲ့လို႔ မရပါဘူး။ Covid ကိုအႏိုင္ မရေသးပါဘူး ။ Covid ကြၽန္မ တို႔ကို အႏိုင္ မယူႏိုင္ ေအာင္ ကာစစ္ထိုးေနရဆဲ အခ်ိန္ ရွိပါေသးတယ္ ” ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာ သည္ ။

သင္ယူလြယ္ သူမ်ား ရွိသ ကဲ့သို႔ သင္ရခက္ သည့္သူမ်ား လည္း ရွိၾကသည္မွာ ဘဝေပး အသိ သင္ခန္း စာျဖစ္ေၾကာင္း၊ ယမန္ ေန႔က (၇၅) ႏွစ္ျပည့္ ခဲ့ၿပီျဖစ္၍ ဘဝ အေတြ႕အႀကဳံမ်ား မွာ မနည္း ေတာ့ေၾကာင္း၊ မည္သူမဆို ဆႏၵရွိပါက မိမိ ကိုယ္ကိုယ္ ျပဳျပင္ ႏိုင္ ေၾကာင္း၊ကြၽန္မ တို႔၏ ျပည္သူမ်ား သည္ စံတင္ေလာက္ သည့္ စိတ္ဓာတ္ အင္အား ပိုင္ဆိုင္သူမ်ားျဖစ္ရန္ စြမ္းေဆာင္ ေစခ်င္ေၾကာင္း ၎က ေျပာၾကား သည္ ။

ကိုဗစ္ ေရာဂါရွိ လူနာသစ္ (၂၃ ) ဦး ေတြ႕ရွိျခင္း ကို အခ်ိန္မီ သင္ခန္းစာ ယူခြင့္ ရသည္ ဟု သေဘာထား ေစခ်င္ေၾကာင္း ႏိုင္ငံေတာ္ ၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ယေန႔ ဇြန္ ( ၂၀ ) ရက္ ညေန ပိုင္း တြင္ ၎ ၏ လူမႈ ကြန္ရက္ စာမ်က္ႏွာ မွ တစ္ဆင့္ ျပည္သူ သို႔ ေျပာၾကား ခဲ့ သည္ ။ခဏ ခဏ သတိေပး ေနေပမဲ့ နားမဝင္ ၾကသူေတြ ရွိေနမွာက မထူးဆန္း ပါဘူး ။ ဒီလိုနား မဝင္သူေတြ ထဲ မွာ မေန႔ကေတာ့ ၊ Covid လူနာသစ္ (၂၃)ဦး ေတြ႕ရွိခဲ့တယ္ ဆိုတဲ့ သတင္း ကိုၾကားရၿပီး တုန္လႈပ္သြား သူေတြ ရွိေကာင္း ရွိပါ လိမ့္မယ္ ။

စိုးရိမ္ ေၾကာင့္ ၾကတာ မျဖစ္ ဘဲ အခ်ိ န္မီ သင္ခန္းစာ ယူ ခြင့္ရတယ္လို႔ သေဘာ ထားေစခ်င္ ပါတယ္ ” ဟု ၎က ဆိုသည္ ။ Covid ပထမလႈိင္း ကို က်န္းမာေရး ဝန္ႀကီးဌာန က ခ်မွတ္ ထားသည့္ စည္းကမ္း မ်ားအား ထိန္းသိမ္းထားႏိုင္ျခင္းႏွင့္ ကြၽန္မတို႔ေက်ာ္ျဖတ္ ခဲ့ေၾကာင္း၊ ပိုႀကီးမား သည့္ အခက္အခဲ မ်ား ကို ေက်ာ္လႊား ရန္ ျပင္ဆင္ရ မည္ျဖစ္ေၾကာင္း ၎က ေျပာသည္ ။ ဒါကြၽန္မရဲ႕ ေမြးေန႔ ဆုေတာင္း မဟုတ္ပါဘူး၊ ေန႔စဥ္ ဆုေတာင္းပါ ။

ဒီဆုေတာင္း ျပည့္ေစဖို႔ နည္းအမ်ိဳးမ်ိဳး နဲ႔ ကူညီပံ့ပိုးေနသူမ်ား ရဲ႕အသံ ေတြကိုေမြး ေန႔မွာ ၾကားခဲ့ ရတဲ့အတြက္ အားေတြျဖစ္ရပါတယ္။ ေက်းဇူးလည္း တင္ပါ တယ္ ။ ေက်းဇူးတင္ ရတဲ့ အေၾကာင္းေတြ ေျပာရရင္ မၿပီးႏိုင္စ တမ္းပါပဲ ” ဟု ၎က ဆက္လက္ ေျပာၾကားသည္။ ႏိုင္ငံအတြက္ အားလုံး အတူႀကိဳး စားၿပီး covid သာမက၊ အျခားႀကဳံေတြ႕ရမည့္ စိန္ေခၚမႈမွန္ သမွ် ကို ေက်ာ္လႊားႏိုင္ၾက ပါေစေၾကာင္း လည္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ဆုမြန္ ေကာင္း ေတာင္းခဲ့ သည္ ။

crd: The myanmar Time

UNICODE

ပြည်တော်ပြန်ထဲမှ ကိုဗစ်လူနာသစ် (၂၃)ဦး တွေရှိခြင်း ကို အချိန်မီ သင်ခန်းစာ ယူခွင့်ရသည် ဟု သဘောထား စေချင်ကြောင်း အတိုင်ပင်ခံ ပြော

”ယခု ရောဂါ ရှိလူနာ သစ်များ ဟာ နိုင်ငံရပ်ခြားမှ ပြန်လာပြီး၊ရောဂါ ကာကွယ်ရေး အတွက် လိုအပ်တဲ့ စည်းကမ်းများ အရ မနေခဲ့ကြ ရသူ တွေဖြစ်ပါတယ်။ ဘယ်သူ့ ကိုမှ အပြစ်မ ဖို့ပဲ၊ ကျွန်မတို့အတွက် သင် ယူနိုင်တဲ့ အခွင့်အရေး လို့ပဲ မှတ်သား စေချင် ပါတယ်။ ကျွန်မတို့ သတိလက်လွတ်လို့မဖြစ်ဖို့ လိုပါတယ်။ စည်းကမ်းမဲ့လို့ မရပါဘူး။ Covid ကိုအနိုင် မရသေးပါဘူး ။ Covid ကျွန်မ တို့ကို အနိုင် မယူနိုင် အောင် ကာစစ်ထိုးနေရဆဲ အချိန် ရှိပါသေးတယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည် ။

သင်ယူလွယ် သူများ ရှိသ ကဲ့သို့ သင်ရခက် သည့်သူများ လည်း ရှိကြသည်မှာ ဘဝပေး အသိ သင်ခန်း စာဖြစ်ကြောင်း၊ ယမန် နေ့က (၇၅) နှစ်ပြည့် ခဲ့ပြီဖြစ်၍ ဘဝ အတွေ့အကြုံများ မှာ မနည်း တော့ကြောင်း၊ မည်သူမဆို ဆန္ဒရှိပါက မိမိ ကိုယ်ကိုယ် ပြုပြင် နိုင် ကြောင်း၊ကျွန်မ တို့၏ ပြည်သူများ သည် စံတင်လောက် သည့် စိတ်ဓာတ် အင်အား ပိုင်ဆိုင်သူများဖြစ်ရန် စွမ်းဆောင် စေချင်ကြောင်း ၎င်းက ပြောကြား သည် ။

ကိုဗစ် ရောဂါရှိ လူနာသစ် (၂၃ ) ဦး တွေ့ရှိခြင်း ကို အချိန်မီ သင်ခန်းစာ ယူခွင့် ရသည် ဟု သဘောထား စေချင်ကြောင်း နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ယနေ့ ဇွန် ( ၂၀ ) ရက် ညနေ ပိုင်း တွင် ၎င်း ၏ လူမှု ကွန်ရက် စာမျက်နှာ မှ တစ်ဆင့် ပြည်သူ သို့ ပြောကြား ခဲ့ သည် ။ခဏ ခဏ သတိပေး နေပေမဲ့ နားမဝင် ကြသူတွေ ရှိနေမှာက မထူးဆန်း ပါဘူး ။ ဒီလိုနား မဝင်သူတွေ ထဲ မှာ မနေ့ကတော့ ၊ Covid လူနာသစ် (၂၃)ဦး တွေ့ရှိခဲ့တယ် ဆိုတဲ့ သတင်း ကိုကြားရပြီး တုန်လှုပ်သွား သူတွေ ရှိကောင်း ရှိပါ လိမ့်မယ် ။

စိုးရိမ် ကြောင့် ကြတာ မဖြစ် ဘဲ အချိ န်မီ သင်ခန်းစာ ယူ ခွင့်ရတယ်လို့ သဘော ထားစေချင် ပါတယ် ” ဟု ၎င်းက ဆိုသည် ။ Covid ပထမလှိုင်း ကို ကျန်းမာရေး ဝန်ကြီးဌာန က ချမှတ် ထားသည့် စည်းကမ်း များအား ထိန်းသိမ်းထားနိုင်ခြင်းနှင့် ကျွန်မတို့ကျော်ဖြတ် ခဲ့ကြောင်း၊ ပိုကြီးမား သည့် အခက်အခဲ များ ကို ကျော်လွှား ရန် ပြင်ဆင်ရ မည်ဖြစ်ကြောင်း ၎င်းက ပြောသည် ။ ဒါကျွန်မရဲ့ မွေးနေ့ ဆုတောင်း မဟုတ်ပါဘူး၊ နေ့စဉ် ဆုတောင်းပါ ။

ဒီဆုတောင်း ပြည့်စေဖို့ နည်းအမျိုးမျိုး နဲ့ ကူညီပံ့ပိုးနေသူများ ရဲ့အသံ တွေကိုမွေး နေ့မှာ ကြားခဲ့ ရတဲ့အတွက် အားတွေဖြစ်ရပါတယ်။ ကျေးဇူးလည်း တင်ပါ တယ် ။ ကျေးဇူးတင် ရတဲ့ အကြောင်းတွေ ပြောရရင် မပြီးနိုင်စ တမ်းပါပဲ ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ နိုင်ငံအတွက် အားလုံး အတူကြိုး စားပြီး covid သာမက၊ အခြားကြုံတွေ့ရမည့် စိန်ခေါ်မှုမှန် သမျှ ကို ကျော်လွှားနိုင်ကြ ပါစေကြောင်း လည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဆုမွန် ကောင်း တောင်းခဲ့ သည် ။

crd:  The myanmar Time

Add a Comment

Your email address will not be published. Required fields are marked *