(၂၀၂၁) မတိုင္မီ COVID-19 ကာကြယ္ေဆး သန္းႏွင့္ခ်ီထုတ္ရန္မည္ဟု ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO) ေျပာၿပီ

ကြၽန္မတို႔ ေတာ္ေတာ့္ကို ကံေကာင္းရင္ ဒီႏွစ္မကုန္မီ စမ္းသပ္မႈေအာင္ျမင္တဲ့ ကာကြယ္ ေဆးတစ္မ်ိဳး၊ ဒါမွမဟုတ္ ႏွစ္မ်ိဳး ေလာက္ ေတြ႕ လိမ့္မယ္’’ဟု ကမာၻ႔ က်န္းမာေရးအဖြဲ႕WHO ၏ သိပၸံအႀကီးအကဲ ဆြာရာမီနာသန္က ေျပာၾကားလိုက္သည္။ေဆးဘက္ဝန္ထမ္းႏွင့္ ရဲတပ္ ဖြဲ႕ဝင္မ်ားကဲ့သို႔ေသာ ေရွ႕တန္းမ်က္ႏွာစာတြင္ အလုပ္လုပ္ေနရသူမ်ားက ဗိုင္းရပ္စ္ႏွင့္ ထိ ေတြ႕ရႏိုင္ေျခ အျမင့္ဆုံးျဖစ္ေနသည္။

သက္ႀကီး႐ြယ္အိုမ်ားႏွင့္ ဆီးခ်ိဳ၊ေသြးခ်ိဳသမားမ်ား၊ ၿမိဳ႕ဆင္ေျခဖုံး ႏွင့္ ေဂဟာမ်ားတြင္ ေနထိုင္ရသူ မ်ားက ဗိုင္းရပ္စ္ကူးစက္ႏိုင္ေျခ အမ်ား ဆုံးျဖစ္သည္။သန္းေပါင္း ရာႏွင့္ခ်ီရွိေသာ COVID-19 ကာကြယ္ေဆး မ်ားကို ယခုႏွစ္မကုန္မီ ထုတ္လုပ္ ႏိုင္ေၾကာင္းႏွင့္ ဗိုင္းရပ္စ္ ထိေတြ႕ ႏိုင္ေျခအမ်ားဆုံး ရွိသူမ်ားသို႔ ပစ္မွတ္ထားႏိုင္ေၾကာင္း ကမာၻ႔ က်န္းမာေရးအဖြဲ႕အစည္း (WHO)က ေျပာသည္။

ကာကြယ္ေဆးရွာေဖြေတြ႕ရွိ ရန္ ေဆးဝါးကုမၸဏီမ်ား အသည္း အသန္ႀကိဳးပမ္းေနၾကစဥ္ ၂၀၂၁ မတိုင္မီ ႏွစ္ဘီလီယံအထိရွိေသာ ကာကြယ္ ေဆးမ်ား ထုတ္လုပ္ႏိုင္မည္ဆိုေသာ ေမွ်ာ္မွန္းခ်က္ျဖင့္ သုေတသီမ်ား လုပ္ကိုင္ေဆာင္ ႐ြက္ေနသည္ဟု WHO က ေျပာ သည္။ လူသား တြင္ စမ္းသပ္ေန ေသာ ကာကြယ္ေဆး ၁၀ မ်ိဳးအပါအဝင္ ကမာၻတစ္ဝန္း၌ ကာကြယ္ေဆးအမ်ိဳးအစား ၂၀၀ေက်ာ္ကို စမ္းသပ္ေနသည္။

REF: 7DAY DAILY

UNICODE

(၂၀၂၁) မတိုင်မီ COVID-19 ကာကွယ်ဆေး သန်းနှင့်ချီထုတ်ရန်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ပြောပြီ

ကျွန်မတို့ တော်တော့်ကို ကံကောင်းရင် ဒီနှစ်မကုန်မီ စမ်းသပ်မှုအောင်မြင်တဲ့ ကာကွယ် ဆေးတစ်မျိုး၊ ဒါမှမဟုတ် နှစ်မျိုး လောက် တွေ့ လိမ့်မယ်’’ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့WHO ၏ သိပ္ပံအကြီးအကဲ ဆွာရာမီနာသန်က ပြောကြားလိုက်သည်။ဆေးဘက်ဝန်ထမ်းနှင့် ရဲတပ် ဖွဲ့ဝင်များကဲ့သို့သော ရှေ့တန်းမျက်နှာစာတွင် အလုပ်လုပ်နေရသူများက ဗိုင်းရပ်စ်နှင့် ထိ တွေ့ရနိုင်ခြေ အမြင့်ဆုံးဖြစ်နေသည်။

သက်ကြီးရွယ်အိုများနှင့် ဆီးချို၊သွေးချိုသမားများ၊ မြို့ဆင်ခြေဖုံး နှင့် ဂေဟာများတွင် နေထိုင်ရသူ များက ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ အများ ဆုံးဖြစ်သည်။သန်းပေါင်း ရာနှင့်ချီရှိသော COVID-19 ကာကွယ်ဆေး များကို ယခုနှစ်မကုန်မီ ထုတ်လုပ် နိုင်ကြောင်းနှင့် ဗိုင်းရပ်စ် ထိတွေ့ နိုင်ခြေအများဆုံး ရှိသူများသို့ ပစ်မှတ်ထားနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း (WHO)က ပြောသည်။

ကာကွယ်ဆေးရှာဖွေတွေ့ရှိ ရန် ဆေးဝါးကုမ္ပဏီများ အသည်း အသန်ကြိုးပမ်းနေကြစဉ် ၂၀၂၁ မတိုင်မီ နှစ်ဘီလီယံအထိရှိသော ကာကွယ် ဆေးများ ထုတ်လုပ်နိုင်မည်ဆိုသော မျှော်မှန်းချက်ဖြင့် သုတေသီများ လုပ်ကိုင်ဆောင် ရွက်နေသည်ဟု WHO က ပြော သည်။ လူသား တွင် စမ်းသပ်နေ သော ကာကွယ်ဆေး ၁၀ မျိုးအပါအဝင် ကမ္ဘာတစ်ဝန်း၌ ကာကွယ်ဆေးအမျိုးအစား ၂၀၀ကျော်ကို စမ်းသပ်နေသည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *