႐ုရွားႏို င္ငံမွာ က်န္မာေ ရးဝန္ထမ္း (၅၀၀) နီး ပါး ကိုဗစ္ ကူးစက္ ခံရၿပီး ေသဆုံးသြားေၾကာင္း သိရ

႐ုရွားႏိုင္ငံမွာ လက္ရွိအခ်ိန္ထိ ကိုဗစ္-၁၉ ေၾကာင့္ ေသဆုံးသူဟာ ၇,၇၉၀ ဦးရွိေၾကာင္း နဲ႔ ဗိုင္းရပ္စ္ပိုးေတြ႕ရွိသူ စုစုေပါင္း ၅၆၁,၀၉၁ ဦး ရွိ ေၾကာင္းသိရပါတယ္။ ၂၄ နာရီအတြင္း ဗိုင္းရပ္စ္ပိုးေတြ႕ရွိသူဟာ ၇,၇၉၀ ဦးသာ ရွိတဲ့အတြက္ ဒီလအတြင္း ကူးစက္မႈ အနည္းဆုံးရက္ျဖစ္ ေၾကာင္း သိရပါတယ္႐ုရွႏိုင္ငံမွာ က်န္းမာေရးဝန္ထမ္းေတြရဲ႕ ေသဆုံးမႈ စာရင္းမွာ အင္တာနက္ကေန တဆင့္ရရွိတာျဖစ္ၿပီး၊ က်န္းမာေရး ဝန္ထမ္းေတြ ျပဳလုပ္ ထားေသာ လြတ္လပ္တဲ့သတင္းဝက္ဆိုဒ္မွာေဖာ္ျပထားပါတယ္။

က်န္းမာေရးဝန္ထမ္းေတြ တင္ျပထားခ်က္မွ သိရတာ ျဖစ္ေၾကာင္း ေစာင့္ၾကည့္ေရးအဖြဲ႕အ ႀကီးအကဲ အယ္လာစမိုလိုဗာ က ေျပာပါတယ္။ က်န္းမာေရးဝန္ထမ္းေတြ ေသဆုံးမႈကို ရပ္တန႔္ဖို႔ဆိုတာ ကာကြယ္ေရးဝတ္စုံအျပည့္အစုံျဖစ္ေရးဟာ အဓိကျဖစ္ေၾကာင္း စမိုလိုဗာက ဆက္ေျပာပါတယ္။ ႐ုရွားသမၼတ ပူတင္ကလည္း က်န္းမာေရးဝန္ထမ္းေတြအတြက္ ကာကြယ္ေရးဝတ္စုံလိုအပ္မႈကို သိထားၿပီးျဖစ္ ပါတယ္ ။႐ု ရွားႏိုင္ ငံက က်န္းမာေရးဝန္ထမ္း (၅၀၀) နီးပါးဟာ ကိုဗစ္-၁၉ ကူးစက္ခံရၿပီး ေသဆုံးေၾကာင္း ႐ုရွားအစိုးရရဲ႕ က်န္းမာေရးေစာင့္ၾကည့္ အဖြဲ႕က ဇြန္လ ၁၈ ရက္ ၾကာသပေတးေန႔မွာ ထုတ္ျပန္ေၾကညာပါတယ္။

လုပ္ေဖာ္ကိုင္ဖက္ က်န္းမာေရးဝန္ထမ္းေပါင္း ၄၈၉ ဦးရဲ႕ အသက္ဆုံးရႈံးခဲ့ေၾကာင္း ေစာင့္ၾကည့္ေရးအဖြဲ႕ အႀကီးအကဲ အယ္လာစမိုလိုဗာက က်န္းမာေရးဝန္ထမ္းမ်ားရဲ႕ လုံၿခဳံေရးအတြက္ အြန္လိုင္းေဆြးေႏြးပြဲမွာ ေျပာဆိုသြားတာျဖစ္ပါတယ္။ ေမလ ၂၆ ရက္ေန႔တုန္းက ႐ုရွားက်န္း မာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးကေတာ့ က်န္းမာေရး ဝန္ထမ္း ၁၀၁ ဦးေသဆုံးေၾကာင္း ေျပာပါတယ္။ ေမလ ၂၆ ကေန ဇြန္လ ၁၈ ရက္အတြင္း က်န္းမာေရးဝန္ထမ္း ၃၈၈ ဦး ထပ္မံေသဆုံးခဲ့တဲ့ သေဘာ ျဖစ္ပါတယ္။

REF: SHWE WIKI

UNICODE

ရုရှားနို င်ငံမှာ ကျန်မာေ ရးဝန်ထမ်း (၅၀၀) နီး ပါး ကိုဗစ် ကူးစက် ခံရပြီး သေဆုံးသွားကြောင်း သိရ

ရုရှားနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဟာ ၇,၇၉၀ ဦးရှိကြောင်း နဲ့ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၅၆၁,၀၉၁ ဦး ရှိ ကြောင်းသိရပါတယ်။ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ ၇,၇၉၀ ဦးသာ ရှိတဲ့အတွက် ဒီလအတွင်း ကူးစက်မှု အနည်းဆုံးရက်ဖြစ် ကြောင်း သိရပါတယ်ရုရှနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ သေဆုံးမှု စာရင်းမှာ အင်တာနက်ကနေ တဆင့်ရရှိတာဖြစ်ပြီး၊ ကျန်းမာရေး ဝန်ထမ်းတွေ ပြုလုပ် ထားသော လွတ်လပ်တဲ့သတင်းဝက်ဆိုဒ်မှာဖော်ပြထားပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ တင်ပြထားချက်မှ သိရတာ ဖြစ်ကြောင်း စောင့်ကြည့်ရေးအဖွဲ့အ ကြီးအကဲ အယ်လာစမိုလိုဗာ က ပြောပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ သေဆုံးမှုကို ရပ်တန့်ဖို့ဆိုတာ ကာကွယ်ရေးဝတ်စုံအပြည့်အစုံဖြစ်ရေးဟာ အဓိကဖြစ်ကြောင်း စမိုလိုဗာက ဆက်ပြောပါတယ်။ ရုရှားသမ္မတ ပူတင်ကလည်း ကျန်းမာရေးဝန်ထမ်းတွေအတွက် ကာကွယ်ရေးဝတ်စုံလိုအပ်မှုကို သိထားပြီးဖြစ် ပါတယ် ။ရု ရှားနိုင် ငံက ကျန်းမာရေးဝန်ထမ်း (၅၀၀) နီးပါးဟာ ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးကြောင်း ရုရှားအစိုးရရဲ့ ကျန်းမာရေးစောင့်ကြည့် အဖွဲ့က ဇွန်လ ၁၈ ရက် ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

လုပ်ဖော်ကိုင်ဖက် ကျန်းမာရေးဝန်ထမ်းပေါင်း ၄၈၉ ဦးရဲ့ အသက်ဆုံးရှုံးခဲ့ကြောင်း စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ အယ်လာစမိုလိုဗာက ကျန်းမာရေးဝန်ထမ်းများရဲ့ လုံခြုံရေးအတွက် အွန်လိုင်းဆွေးနွေးပွဲမှာ ပြောဆိုသွားတာဖြစ်ပါတယ်။ မေလ ၂၆ ရက်နေ့တုန်းက ရုရှားကျန်း မာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကတော့ ကျန်းမာရေး ဝန်ထမ်း ၁၀၁ ဦးသေဆုံးကြောင်း ပြောပါတယ်။ မေလ ၂၆ ကနေ ဇွန်လ ၁၈ ရက်အတွင်း ကျန်းမာရေးဝန်ထမ်း ၃၈၈ ဦး ထပ်မံသေဆုံးခဲ့တဲ့ သဘော ဖြစ်ပါတယ်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *